Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ကုန်ထုတ်လမ်းတံတား

ကျေးလက်ကုန်ထုတ်လမ်းတံတား

 

နိဒါန်း

              စိုက်ပျိုးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော တန်ဖိုးကွင်းဆက်များ ဖြစ်ပေါ်လာစေရေးသည် ထောက်ပံ့ပို့ဆောင်ရေး အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက် ရေးနှင့် ဈေးကွက်များအပေါ်တွင် များစွာမူတည်နေပါသည်။ ကျေးလက်ကုန်ထုန်ထုတ်လမ်း များသည် စိုက်ပျိုးမွေးမြူသူများနှင့် ဈေးကွက်ကိုချိတ်ဆက်ပေးသည့် ပထမဦးဆုံးသော အဆင့် ဖြစ်ပါသည်။ ကျေးလက်ကုန်ထုတ်လမ်းများတည်ဆောက်ခြင်းဖြင့် ကျေးရွာပြင်ပဝန်းကျင်ရှိ ကုန်စည်ဒိုင်များနှင့်ပိုမိုလက်လှမ်းမီချိတ်ဆက်နိုင်စေခြင်း၊ ပျက်ဆီးလွယ်သောကောက်ပဲသီးနှံ များသယ်ယူပို့ဆောင်ချိန်တွင် ပျက်ဆီးဆုံးရှုံးမှုလျော့နဲစေခြင်း၊ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင် ခြင်းနှင့် ကျေးလက်နေမိသားစုများ ပြောင်းရွှေ့သွားလာခြင်းများတွင် အချိန်ကုန်သက်သာ စေခြင်းစသောအထောက်အကူများစွာ ဖြစ်ထွန်းစေပါသည်။

 

ကုန်ထုတ်လမ်းများ ဖောက်လုပ်ခြင်း

              ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေး လုပ်ငန်းများ၏ ထုတ်ကုန်/ထွက်ကုန်များကို ကုန်ကျစရိတ်အနည်းဆုံးဖြင့် လျှင်မြန်စွာရောက်ရှိစေရန် သယ်ပို့ပေးနိုင်မည့် ကုန်ထုတ်လမ်းများအား အဓိကလျာထား ဆောင်ရွက်လျက်ရှိပေးလျက်ရှိပြီး ဆိပ်ခံသွားလမ်း အပါအဝင် အထောက်အကူပြုလမ်းများ၊ ခေတ်မီစက်မှုလယ်ယာအတွင်း လမ်းများ၊ ရေကျော်၊ မြောင်းကူးတံတားနှင့် ဆိပ်ခံတံတားငယ် စသည့် လုပ်ငန်းအမျိုးအစားများအား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။

             

ကုန်ထုတ်လမ်းရွေးချယ်မှု သတ်မှတ်ချက်များ

          မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပေါင်းစပ်၍မြို့နယ်တွင်းရှိ ဖြစ်နိုင်ချေရှိသော လမ်းများ၊ တံတားများ၏ အချက်အလက်များ ကောက်ယူရာတွင် အောက်ဖော်ပြပါ အချက် အလက်များအား အဓိကထားကောက်ယူစာရင်းပြုစု၍ လုပ်ငန်းတစ်ခု/ လမ်းတစ်ခုချင်း အလိုက် Feasibility survey Report တင်ပြလျာထား အကောင်အထည်ဖော် ဆောင်ရွက် ရမည် ဖြစ်ပါသည်-

(က)   အခြားဌာနများ၏ လုပ်ပိုင်ခွင့်ဖြစ်သောလမ်းစာရင်းတွင် ပါဝင်ခြင်းမရှိစေရ၊ သို့သော် လိုအပ်ချက်အရ ဆောင်ရွက်ရန်ဖြစ်ပါက သက်ဆိုင်ရာဌာနများ၏ (၅)နှစ်အတွင်း လျာထား Plan စာရင်းတွင်ပါဝင်မှုမရှိကြောင်း ၄င်းဌာနများ၏ သဘောထား မှတ်ချက်ပြန်ကြားစာ၊

(ခ )    အကျိုးပြုပမာဏ (စိုက်ပျိုးရေး၊ မွေးမြူရေး၊ လယ်ယာ၊ သားငါးထုတ်ကုန် ဧရိယာများ)၊

(ဂ )    အကျိုးပြုဦးရေ (ဖြတ်သန်းသွားလာသောလူ၊ စက်၊ ယာဉ်ယန္တရားနှင့် စိုက်ပျိုး/ မွေးမြူရေးဧက)၊

(ဃ)   စီးပွားရေးတွက်ချေကိုက်မှု (Transaction cost, Production cost, သွယ်ဝိုက် အကျိုးပြုမှု)၊

(င )    မြေပြင်ပထဝီဝင်အခြေအနေ (အကောင်အထည်ဖော်ရန်ခက်ခဲ၍ ရန်ပုံငွေပိုမို သုံးစွဲရနိုင်ခြင်းရှိ/မရှိ၊)၊

(စ )    မြေနေရာရရှိမှု (ရရှိမှသာဆောင်ရွက်ရန်ဖြစ်သည်)၊

(ဆ)   သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးနိုင်ခြေ၊

(ဇ )    လူမှုထိခိုက်နိုင်ခြေ၊

(စျ )   ပြင်ဆင်ထိန်းသိမ်းစရိတ်များကျခံနိုင်ခြင်း။

 

ဆောင်ရွက်သည့် လုပ်ငန်းစဉ်များ

ကုန်ထုတ်လမ်းတံတားလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အထောက်အကူပြုကော်မတီဖွဲ့စည်းခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်းနှင့် အစီရင်ခံတင်ပြခြင်း၊ အရည်အသွေးစစ်ဆေးခြင်း၊ လုပ်ငန်း ပြီးစီးခြင်းနှင့်လွှဲပြောင်း ပေးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းစဉ်အဆင့်များအား စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ပါ သည်။

အကောင်အထည်ဖော်ဆောင်ရွက်မှု        

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ၂၀၁၈ ခုနှစ် (၆လဘတ်ဂျက်)မှစ၍ ကျေးလက်ကုန်ထုတ်လမ်းတံတားလုပ်ငန်းများအား စတင်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ တိုင်းဒေသကြီး/ပြည်နယ် ၁၇ ခုရှိ ကျေးရွာ ၄၅၈၅ ရွာတွင် ကုန်ထုတ်လမ်း ၃၆၀၉/၀.၆ မိုင်နှင့် တံတား/ရေပြွန် ၅၄၅၂ စင်းအား အကောင် အထည်ဆောင်ရွက်နိုင်ခဲ့ပြီး စိုက်ပျိုးရေး/လယ်ယာ ဧက ၂.၃၅ သန်း၊ မွေးမြူရေးဧက ၀.၂၂ သန်းနှင့် လူဦးရေ ၄.၆ သန်းခန့်အား အကျိုးပြုနိုင်ခဲ့ပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်