Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမိုင်းကြောင်း

   သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့တွင်တည်ရှိသည်။ မန္တလေး၊ မုံရွာကားလမ်း အရှေ့ဘက်ရွာထောင်ရပ်ကွက် တွင်တည်ရှိသည်။ တက္ကသိုလ်မြေဧရိယာစုစုပေါင်း (၂၆.၀၄)ဧက ရှိပါသည်။ သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(စစ်ကိုင်း)သည် ယခင် ကချင်၊ ချင်းနှင့် စစ်ကိုင်း၊ ပြည်နယ်/တိုင်း သမဝါယမ သင်တန်း ကျောင်းမှတဆင့် သမဝါယမကောဒေသကောလိပ်အဆင့်သို့ (၁၇- ၉- ၁၉၉၆)နေ့တွင် လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ (၃၁- ၅- ၂၀၁၂) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အစည်းအဝေး အမှတ်စဉ် (၂၀/ ၂၀၁၂) ဖြင့် ဖွဲ့စည်းပုံကို အတည်ပြုခဲ့ပြီး သမဝါယမဝန်ကြီးဌာနမှ (၂၁- ၆- ၂၀၁၂)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၂၉/ ၂၀၁၂)ဖြင့် သမဝါယမ ကောလိပ် (စစ်ကိုင်း)အား တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ဖွင့်လှစ် ခွင့်ပြုခဲ့ပါသည်။ (၅- ၁၁- ၂၀၂၁) ရက်နေ့ တွင် သမယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) သို့ လည်းကောင်း အဆင့်ဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။

   သမဝါယမကောလိပ်ဖွင့်လှစ်ခဲ့သည့် ၁၉၉၆ - ၁၉၉၇ ပညာသင်နှစ်မှ ၁၉၉၈ - ၁၉၉၉ ပညာသင်နှစ်အထိ လက်မှတ်ရ၊ စာရင်းရေး၊ စာရင်းကိုင်သင်တန်း Certificate in Bookkeeping and Accountancy (CBA)သင်တန်းများကို ဖွင့်လှစ်နိုင်ခဲ့ပြီး ၁၉၉၈ - ၁၉၉၉ ပညာသင်နှစ်မှ ၂၀၁၁ - ၂၀၁၂ ပညာသင်နှစ်အထိ အောက်ပါဒီပလိုမာသင်တန်းများ ဖွင့်လှစ်သင်ကြား ပေးနိုင်ခဲ့ပါသည် -

  • စီးပွားရေးလုပ်ငန်းစာရင်းကိုင်ဒီပလိုမာ

                              Diploma in Business Accounting (Dip: B.Acct)

  • ရောင်းဝယ်ရေးစီမံခန့်ခွဲမှုဒီပလိုမာ

                              Diploma in Marketing Management (Dip: M.M)

  • စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုဒီပလိုမာ

                              Diploma in Business Management (Dip: B.M)

   ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစ၍ စီးပွား‌ရေးသိပ္ပံဘွဲ့အား စာရင်းကိုင်ပညာနှင့် ဘဏ္ဍာရေးပညာ၊ အသုံးချစာရင်းအင်းပညာ၊ စျေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာနှင့် လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာစသည့် အထူးပြု ဘာသာရပ်(၅)ခုဖြင့် သင်ကြားခဲ့ပြီး အထူးပြုဘာသာရပ်အလိုက် ဘွဲ့များကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အကုန် ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ အပ်နှင်းချီးမြှင့်လျက်ရှိပါသည်။ အထူးပြုဘာသာရပ်အလိုက် ဘွဲ့လွန်ဒီပလိုမာသင်တန်းများကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင် သင်ကြားခဲ့ပြီး ဘွဲ့လွန်ဒီပလိုမာများ ပေးအပ်လျက်ရှိပါသည်။ အထူးပြုဘာသာရပ်အလိုက် မဟာဘွဲ့သင်တန်းများကို ၂၀၁၅-၂၀၁၆ပညာသင်နှစ်မှ စတင်သင်ကြားခဲ့ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစ၍ မဟာဘွဲ့များ အပ်နှင်းချီးမြှင့်လျက်ရှိပါသည်။

   ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ(၅)ရက်‌နေ့တွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) အမည်သို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။

သမဝါယမကောလိပ်(စစ်ကိုင်း)တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ကျောင်းအုပ်ကြီးများ

အမည်စာရင်း

စဉ်

အမည်

ရာထူး

ကာလ

မှတ်ချက်

မှ

ထိ

ဦးချစ်ဆွေ

 ညွှန်ကြားရေးမှူး

(တိုင်းသမဝါယမဦးစီးဌာန)

၇-၆-၁၉၉၆

၇-၁-၁၉၉၉

ကျောင်းအုပ်ကြီး တာဝန်ပူးတွဲ ထမ်းဆောင်သည်။

ဦးကြည်ဝင်း

 ဒု-ညွှန်ကြားရေးမှူး)

(တိုင်းသမဝါယမဦးစီးဌာန)

၇-၁-၁၉၉၉

၁၇-၁-၂၀၀၀

ကျောင်းအုပ်ကြီး တာဝန်ပူးတွဲ ထမ်းဆောင်သည်။

ဦးကျော်မြင့်

 ညွှန်ကြားရေးမှူး

၁၇-၁-၂၀၀၀

၃၁-၇-၂၀၀၀

ညွှန်ချုပ်ရုံးတွဲဖက်

ဦးအောင်မင်း

 ညွှန်ကြားရေးမှူး

၁-၈-၂၀၀၀

၂၉-၁၀-၂၀၀၂

ချင်းပြည်နယ်ရုံး တွင်တွဲဖက်ထမ်းဆောင်သည်။

ဦးဟန်စိုး

 ဒု-ကျောင်းအုပ်ကြီး

၃၀-၁၀-၂၀၀၂

၆-၁၂-၂၀၀၂

ကျောင်းအုပ်ကြီး တာဝန်ထမ်းဆောင်သည်။

ဦးရဲမြင့်အောင်

 ကျောင်းအုပ်ကြီး

၇-၁၂-၂၀၀၂

၁၀-၂-၂၀၀၅

ကျောင်းအုပ်ကြီး တာဝန်ထမ်းဆောင်သည်။

ဦးဟန်စိုး

 ဒု-ကျောင်းအုပ်ကြီး

၁၁-၁၀-၂၀၀၅

၃၁-၅-၂၀၀၆

ကျောင်းအုပ်ကြီး တာဝန်ထမ်းဆောင်သည်။

ဦးဟန်စိုး

 ကျောင်းအုပ်ကြီး

၁-၉-၂၀၀၆

၈-၉-၂၀၀၉

ကျောင်းအုပ်ကြီး တာဝန်ထမ်းဆောင် သည်။

ဒေါ်တင့်ဆန်း

 ကျောင်းအုပ်ကြီး

၉-၉-၂၀၀၉

၅-၁-၂၀၁၂

ကျောင်းအုပ်ကြီး တာဝန်ထမ်းဆောင်သည်။

၁၀

ဦးအောင်သူရ

 ဒု-ကျောင်းအုပ်ကြီး

၅-၁-၂၀၁၂

၇-၂-၂၀၁၂

ကျောင်းအုပ်ကြီး တာဝန်ထမ်းဆောင်သည်။

၁၁

ဒေါက်တာရီရီဝင်း

 ခေတ္တကျောင်းအုပ်ကြီး

၈-၂-၂၀၁၂

၅-၄-၂၀၁၂

ကျောင်းအုပ်ကြီး တာဝန်ထမ်းဆောင်သည်။

၁၂

ဒေါက်တာရီရီဝင်း

 ကျောင်းအုပ်ကြီး

၆-၄-၂၀၁၂

၁၅-၁၀-၂၀၁၂

ကျောင်းအုပ်ကြီး တာဝန်ထမ်းဆောင်သည်။

သမဝါယမတက္ကသိုလ်(စစ်ကိုင်း)တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ပါမောက္ခချုပ်အမည်စာရင်း

စဉ်

အမည်

ရာထူး

ကာလ

မှတ်ချက်

မှ

ထိ

ဒေါက်တာရီရီဝင်း

ဒုတိယပါမောက္ခချုပ်

၁၆-၁၀-၂၀၁၂

၁၄-၁၁-၂၀၁၃

တာဝန်ခံပါမောက္ခချုပ် တာဝန်ထမ်းဆောင်သည်။

ဒေါက်တာရီရီဝင်း

ပါမောက္ခချုပ်

၁၅-၁၁-၂၀၁၃

၁၂-၂-၂၀၁၆

ပါမောက္ခချုပ်တာဝန် ထမ်းဆောင်သည်။

ဒေါက်တာဒေါ်ရီအေး

ခေတ္တပါမောက္ခချုပ်

၁၇-၂-၂၀၁၆

၂၅-၂-၂၀၁၆

ခေတ္တပါမောက္ခချုပ် တာဝန်ထမ်းဆောင်သည်။

ဒေါက်တာဒေါ်ရီအေး

ပါမောက္ခချုပ်

၂၆-၂-၂၀၁၆

၂၇-၆-၂၀၁၇

ပါမောက္ခချုပ်တာဝန် ထမ်းဆောင်သည်။ [Deferleave (၄)လအပါအဝင်]

ဒေါက်တာမို့မို့ရီ

ခေတ္တပါမောက္ခချုပ်

၁၄-၃-၂၀၁၇

၂၅-၉-၂၀၁၈

ခေတ္တပါမောက္ခချုပ် တာဝန်ထမ်းဆောင်သည်။

ဒေါက်တာမို့မို့ရီ

ပါမောက္ခချုပ်

၂၆-၉-၂၀၁၈

ယနေ့ထိ

ပါမောက္ခချုပ်တာဝန် ထမ်းဆောင်သည်။

 

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm