Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမိုင်းကြောင်း

နောက်ခံသမိုင်းအကျဉ်းချုပ်

၁။           ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)အား (၇-၆-၂၀၁၂)ရက်နေ့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်၌ ဖွဲ့စည်းပုံခွင့်ပြုအင်အား အရာထမ်း(၁၀၅)နေရာ၊ အမှုထမ်း(၂၉၁)နေရာ၊ စုစုပေါင်း(၃၉၆)နေရာဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ (၁၁-၇-၂၀၁၃)ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂၂/၂၀၁၃) သဘောတူခွင့်ပြုချက် အရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)၊ တိုင်းဒေသကြီး/ ပြည်နယ် (၁၄)ရုံး၊ ခရိုင်(၆၀)ရုံး၊ မြို့နယ်(၂၈၃)ရုံး၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတို့ကို ဖွဲ့စည်းပုံ ခွင့်ပြု အင်အား အရာထမ်း(၁၀၄၇)နေရာ၊ အမှုထမ်း(၁၀၄၂၆)နေရာ၊ စုစုပေါင်း(၁၁၄၇၃)နေရာဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ (၉-၈-၂၀၁၃)ရက်နေ့တွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ကွပ်ကဲမှုအောက်သို့ ပြောင်းလဲဖွဲ့စည်းခဲ့ပြီး (၃၁-၃-၂၀၁၆)ရက်နေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကွပ်ကဲမှုအောက်သို့လည်းကောင်း၊ (၁၇-၆-၂၀၂၁)ရက်နေ့တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်သို့ လည်း ကောင်း ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။

၂။            ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁၃/၂၀၁၄) သဘောတူခွင့်ပြုချက် အရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)၊ ပြည်ထောင်စုနယ်မြေ၊နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် (၁၅)ရုံး၊ ခရိုင်(၆၂)ရုံး၊ မြို့နယ်(၂၉၁)ရုံး၊ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာတို့ကို ဖွဲ့စည်းပုံခွင့်ပြုအင်အား အရာထမ်း(၁၀၉၃)နေရာ၊ အမှုထမ်း (၁၀၈၀၅)နေရာ၊ စုစုပေါင်း (၁၁၈၉၈)နေရာဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ 

၃။           ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၉/၂၀၁၆)သဘောတူခွင့်ပြုချက်အရ ခရိုင်အဆင့်ရုံး(၆)ရုံးအား တိုးချဲ့ဖွဲ့စည်း၍ မိုင်းဖြတ်ခရိုင်ကျေးလက်အား ဖျက်သိမ်းခဲ့သဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)၊ တိုင်းဒေသကြီး/ပြည်နယ် (၁၅)ရုံး၊ ခရိုင် (၆၇)ရုံး၊ မြို့နယ်(၂၉၁)ရုံး၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတို့ကို ဖွဲ့စည်းပုံခွင့်ပြုအင်အားမှာ အရာထမ်း(၁၁၁၃)နေရာ၊ အမှုထမ်း (၁၀၉၁၀)နေရာ၊ စုစုပေါင်း (၁၂၀၂၃)နေရာ ဖြစ်ပါသည်။

၄။           ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၁၄/၂၀၁၇) သဘောတူခွင့်ပြုချက်ဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ခရိုင်အဆင့်ကျေးလက်ရုံး(၁)ရုံး တိုးချဲ့ဖွဲ့စည်းခဲ့ရာ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)၊ တိုင်းဒေသကြီး/ပြည်နယ် (၁၅)ရုံး၊ ခရိုင် (၆၈)ရုံး၊ မြို့နယ်(၂၉၁)ရုံး၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတို့၏ ဖွဲ့စည်းပုံခွင့်ပြုအင်အားမှာ အရာထမ်း (၁၁၁၇) နေရာ၊ အမှုထမ်း (၁၀၉၃၁) နေရာ၊ စုစုပေါင်း (၁၂၀၄၈)နေရာ ဖြစ်ပါသည်။

၅။           ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၆/၂၀၁၉) သဘောတူ ခွင့်ပြုချက်ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအား (ရုံးချုပ်)၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံး (၁၅)ရုံး ၊ ပြည်နယ်ရုံးခွဲ(၂)ရုံး၊ ခရိုင်ရုံး(၆၇)ရုံး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံး (၁)ရုံး၊ မြို့နယ်ရုံး (၂၉၁)ရုံး၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတို့ကို ဖွဲ့စည်းပုံခွင့်ပြုအင်အား အရာထမ်း(၁၁၁၇)နေရာ၊ အမှုထမ်း(၁၀၉၃၁) နေရာ၊ စုစုပေါင်း(၁၂၀၄၈)နေရာ ဖြစ်ပါသည်။

၆။           ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအား (ရုံးချုပ်)၊ တိုင်းဒေသကြီး/ပြည်နယ်ရုံး (၁၇)ရုံး၊ ခရိုင်ရုံး(၇၃)ရုံး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံး(၁)ရုံး၊ မြို့နယ်ရုံး (၂၉၁)ရုံး တို့ကို အိမ်စောင့်အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၁)မှ ဖွဲ့စည်းပုံခွင့်ပြုအင်အား အရာထမ်း (၁၃၇၉) နေရာ၊ အမှုထမ်း(၉၁၃၅) နေရာ၊ စုစုပေါင်း(၁၀၅၁၄)နေရာဖြင့် သဘောတူ ခွင့်ပြုထား ပါသည်။

၇။           ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)သည် နေပြည်တော်၊ ဥတ္တရသီရိ မြို့နယ်၊ ပဏ္ဏိတလမ်း၊ရုံးအမှတ်(၃၆)အနီးတွင်တည်ရှိပါသည်။

တာဝန်ထမ်းဆောင်ခဲ့သော ညွှန်ကြားရေးမှူးချုပ်များ

စဉ်       အမည်                                မှ                                 ထိ

၁          ဦးစိုးကိုကို                    ၁-၅-၂၀၁၂                    ၂၃-၂-၂၀၁၅

၂          ဦးခန့်ဇော်                    ၁၄-၅-၂၀၁၅                 ၂၀-၈-၂၀၂၁

၃          ဦးသိန်းလွင်                  ၃၀-၉-၂၀၂၁                 ယနေ့အထိ

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm