Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမိုင်းကြောင်း

(၁)        ကျေးလက်လမ်းများ ဖြစ်တည်ခဲ့မှုနောက်ခံသမိုင်းကို ပြန်ကြည့်မည်ဆိုလျှင် လွန်ခဲ့သောနှစ်ပေါင်း (၁၄၀)ခန့်မှစတင်၍

            မြူနီဆီပယ်အဖွဲ့များဖြင့် စတင်သန္ဓေတည်ခဲ့ခြင်းဖြစ်ပေသည်။

(၂)        နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ တာဝန်ယူသည့်ကာလ ၁၉၉၄ ခုနှစ် ဇန်နဝါရီလ (၃၀) ရက်နေ့တွင်

            စည်ပင်သာယာရေးဦးစီးဌာနကိုဖွဲ့စည်း၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတက်ရေးနှင့် စည်ပင်

             သာယာရေးဝန်ကြီးဌာန အောက်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များကို ကွပ်ကဲအုပ်ချုပ်‌စေခဲ့သည်။

(၃)        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တာဝန်ယူသည့်ကာလ ၂၀၁၁ ခုနှစ် ဧပြီလတွင် နယ်စပ်ဒေသနှင့်

           တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဌာနကို နယ်စပ်ရေးရာဝန်ကြီးဌာနအဖြစ်

            ပြင်ဆင်ဖွဲ့စည်း၍ ၂၀၁၂ ခုနှစ် ဇွန်လ (၇)ရက်နေ့တွင် စည်ပင်သာယာရေးဦးစီးဌာနကို ကျေးလက်ဒေသဖွံ့ဖြိုး

            တိုးတက်ရေးလုပ်ငန်းတစ်ခုတည်း ကိုသာ တစိုက်မတ်မတ် ပြောင်းလဲ လုပ်ဆောင်ခဲ့သည်။

(၄)        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တာဝန်ယူသည့်ကာလ ၂၀၁၃ ခုနှစ် မတ်လ (၉)ရက်နေ့တွင်ထုတ်ပြန်

           ကြေငြာခဲ့ပြီး မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီး ဌာနကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး

           ဝန်ကြီးဌာနအဖြစ် ပြောင်းလဲပြင်ဆင်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကိုလည်း အဆိုပါ

           မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်သို့ ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

(၅)       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တာဝန်ယူသည့်ကာလ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့တွင်

            ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၄/၂၀၁၇) အရ ကျေးလက်လမ်း

            ဖွံ့ဖြိုးရေးဦးစီးဌာနကို ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်တွင် တိုးချဲ့ဖွဲ့စည်း၍ ကျေးလက်ဒေသဖွံ့ဖြိုး

            တိုးတက်ရေးဦးစီးဌာနလက်အောက်ရှိ လမ်းနှင့် တံတားများကို ဆောက်လုပ်ရေဝန်ကြီးဌာန လက်အောက်သို့

            ပြောင်းလဲတာဝန်ယူဆောင်ရွက် စေခဲ့ပါသည်။

               (၆)        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူသည့်ကာလ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့တွင် ဆောက်လုပ်ရေး

                            ဝန်ကြီးဌာနအောက်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနကို သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန

                           ကြီးကြပ်မှု အောက်သို့ သွတ်သွင်းပြီးကျေးလက်လမ်း/တံတားလုပ်ငန်းများအရှိန်အဟုန်မပြက် တိုးတက်ကောင်းမွန်စေရေး

                           ယနေ့ချိန်အထိ ဆက်လက်ဆောင်ရွက်စေခဲ့ပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm