Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု စစ်ဆေး

လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု စစ်ဆေး

************************************************************************

လှိုင်းဘွဲ   မတ်   ၁၅

          ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီး ဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာနှစ် ပြည်နယ်အစိုးရ (ဖြည့်စွက်)ရန်ပုံငွေဖြင့် ကြာအင်းကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေ အနေများကို မတ်  ၁၄ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရ သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောကျော်နိုင်ထွန်းနှင့် အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာရေ ရရှိရေး ကော်မတီဝင်များနှင့်အတူ ကြာအင်းကျေးရွာ၌ အကျယ် လေးလက်မ၊ အနက်ပေ၂၀၀ရှိ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ဆောင်ရွက်ပြီးလုပ်ငန်းများအား အကျိုးရှိစွာ အသုံးချရန်နှင့် ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။

ကြာအင်းကျေးရွာ၌  အကျယ် လေးလက်မ၊ အနက်ပေ၂၀၀ရှိ စက်ရေတွင်းတူး‌ဖော်ခြင်း၊ ဂါလံ ၂၄၀၀ ဆံ့ ရေစင်တည်ဆောက်ခြင်းနှင့် ရေစင်အောက်ခန်းဖွဲ့ခြင်းလုပ်ငန်းများကို  ပြည်နယ်အစိုးရ (ဖြည့်စွက်)ရန်ပုံငွေကျပ် ၂၃သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ကော်မတီ စုဖွဲ့မှုဖြင့် ၂၀၂၄ခုနှစ် ဇန်နဝါရီ စတုတ္ထပတ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သောကြောင့် ကြာအင်းကျေးရွာရှိ အိမ်ခြေ ၅၂၀ အိမ်၊ လူဦးရေ ၃၁၅၀ ဦးတို့အတွက် သန့်ရှင်းသော သောက်သုံးရေကို အလွယ်တကူရရှိနေပြီဖြစ်ကြောင်း သိရ သည်။

ဆက်လူ

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm