Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မန္တလေးတိုင်းဒေသကြီးအတွင်း နို့စားနွားမွေးမြူရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


25 Jul,2024

နေပြည်တော် ဇူလိုင် ၂၅

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မိတ္ထီလာခရိုင်အတွင်း ဒေသနှင့် ကိုက်ညီ သည့် နို့စားနွားမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန် ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ခင်လူးကျေးရွာရှိ ရွှေညောင်ပင်နို့စားနွားမွေးမြူရေးသမဝါယမအသင်းသို့ သွားရောက်ပြီး နို့စားနွား မွေးမြူသူ အသင်းများနှင့်တွေ့ဆုံရာ သက်ဆိုင်ရာတာဝန်ရှိသူများက မိတ္ထီလာခရိုင်အတွင်း သမဝါယမအသင်းများမှ နို့စားနွားနှင့် ဒေသနွား မွေးမြူထားရှိမှု အခြေအနေများအားလည်းကောင်း၊ မျိုးကောင်းမျိုးသန့်၊ တိရစ္ဆာန်အစာနှင့် ခြံများတည်ဆောက်နိုင်ရေးအတွက် ထောက်ပံ့ပေးအပ်မည့် အစီအမံများအားလည်းကောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ ကျောက်ဆည်ခရိုင်၊ တံတားဦးခရိုင်တို့အတွင်း နို့စားနွားနှင့် ဒေသနွားမကောင်ရေ (၅၃၀)ကောင် တိုးချဲ့မွေးမြူနိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် မိတ္ထီလာမြို့နယ်အတွင်း  သမဝါယမအသင်း(၇)သင်းမှ နို့စားနွားကောင်ရေ(၄၁၂)ကောင်၊ ဒေသနွားမကောင်ရေ(၄၂၁)ကောင် တိုးချဲ့မွေးမြူမည့် အခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေပြည်သူများ၏ တစ်မိသားစုချင်း ဝင်ငွေတိုးပွားစေရေး၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ် လုပ်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်စေရေး နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ ဝန်ကြီးဌာနမှ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကျေးရွာ ကုန်ထုတ် လုပ်ငန်းများကိုအရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ တစ်ဧကလျှင် ငွေကျပ် ၂ သိန်းနှုန်းနှင့် ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ မွေးမြူရေး လုပ်ငန်းများအတွက် သမဝါယမအသင်းရန်ပုံငွေများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများဖြင့် လိုအပ်သည့် မျိုး၊ အစာနှင့် ခြံတည်ဆောက်ခြင်းများအတွက် ပံပိုးဆောင်ရွက် ပေးလျက်ရှိကြောင်း၊  တောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေး၊ ကျေးရွာများတွင် အမှန်တကယ်လုပ်ငန်းလုပ်ကိုင်လိုသူများ၊ လုပ်ငန်းအမျိုး အစားတူညီသူများ စိတ်တူကိုယ်တူ ဆန္ဒတူသူများကို စုပေါင်း၍ သမဝါယမအသင်းများ၊ ဖွဲ့စည်း ပေးပြီး အသင်းသား တောင်သူများ၏ အဓိကလိုအပ်သော မျိုးကောင်းမျိုးသန့် များရရှိရေး၊ သွင်းအားစုပံ့ပိုးပေးနိုင်ရေး ထွက်ရှိလာသော သီးနှံများကို ဈေးကွက် ခိုင်မာမှုရရှိရေး လုပ်ဆောင် ပေးလျက်ရှိပါကြောင်းပြောကြားပြီး  နို့စားနွားမွေးမြူသူအသင်းသားများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါ သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ရွှေညောင်ပင်နို့စားနွားမွေးမြူရေး သမဝါယမအသင်းမှ နို့စားနွားမွေးမြူသူ အသင်းသားများအား နို့စားနွားမွေးမြူရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် အစာစရိတ်နှင့် နွားခြံဆောက်လုပ်ရန် သမဝါယမအသင်းချေးငွေများ ပေးအပ်ပြီးနောက် နို့စားနွားမွေးမြူထားရှိမှု အခြေအနေများအားလည်းကောင်း၊ ခင်လူးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံ၍လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့နယ်၊ ကောင်းထက်စံ နို့စား နွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှု များအပေါ် ပြည်ထောင်စု ဝန်ကြီးက နို့နှင့် နို့ထွက်ပစ္စည်းများ တန်ဖိုးမြှင့် စားသောက်ကုန်အဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်နှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး သမဝါယမအသင်းစု အနေဖြင့် လိုအပ်အရင်းအနှီးများ ပံ့ပိုးဆောင်ရွက်ပေးသွားရန် ဆွေးနွေးမှာကြားပြီး အသင်းသား တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့နယ်၊ လိန်တောကျေးရွာသို့ သွားရောက်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ အမျိုးသမီးများအတွက် ဝင်ငွေတိုးရေးဆောင်ရွက်မည့် လုပ်ငန်းအဖြစ် သင်တန်းသူ (၁၆)ဦးဖြင့် ဖွင့်လှစ်ပို့ချလျက်ရှိသော စက်ချုပ်သင်တန်းမှ သင်တန်းသူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ သက်ဆိုင်ရာ တာဝန် ရှိသူများက သင်တန်းဖွင့်လှစ်ပို့ချနေမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။  ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန အနေဖြင့် အိုးမကွာ၊ အိမ်မကွာဖြင့် မိသားစုဝင်ငွေတိုးပွားရေး ဆောင်ရွက်လိုသော အမျိုးသမီးများ၊ ပညာရေးဆုံးခန်းတိုင်အောင် သင်ကြား နိုင်မှု မရှိခဲ့ သည့် လူငယ်လူရွယ်များကို အသက်မွေးဝမ်းကျောင်း ပညာရပ်များသင်ကြား တတ်မြောက်စေပြီး ကိုယ်ပိုင်လုပ်ငန်းများနှင့် ပုဂ္ဂလိကလုပ်ငန်းများတွင် အမှန်တကယ်ဝင်ရောက် လုပ်ကိုင်နိုင်ကာ ဝင်ငွေများ ရရှိစေရန် ရည်ရွယ်၍ အခြေခံစက်ချုပ်သင်တန်းများ အပါအဝင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း၊ သင်တန်းပြီးဆုံးပါက အမှန်တကယ် လုပ်ငန်းလုပ်ကိုင်လိုသူများကို လုပ်ငန်းသုံးပစ္စည်းများ မတည် ရင်းနှီးပေးမည်ဖြစ်ကြောင်း၊ ဒါ့အပြင် နိုင်ငံတော်အစိုးရမှ လူသားအရင်းအမြစ်များ မွေးထုတ် ပေးသည့်အနေဖြင့် ကျေးရွာများရှိ Grade-9 အောင်မြင်ပြီးသူများကို မန္တလေး၊ ပုသိမ်၊ မကွေး၊ မော်လမြိုင်၊ တောင်ကြီး စသည့် သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း များတွင် အခမဲ့တက်ရောက်နိုင်ကြောင်း၊ အဆိုပါ သင်တန်းကျောင်း တက်ရောက်ပြီးပါက ထူးချွန်သူများ အနေဖြင့် သမဝါယမကောလိပ်များ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် များသို့ ဆက်လက်ပေါင်းကူး တက်ရောက်နိုင်မှာဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများနှင့် သင်တန်းသူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီးနောက် လိန်တောကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်းခွဲရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့နယ်၊ တောမကျေးရွာသို့ရောက် ရှိပြီး ကျေးရွာရပ်မိရပ်ဖများ၊ ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံရာ မိတ္ထီလာခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာခရိုင် အတွင်း မိတ္ထီလာ၊  ဝမ်းတွင်း၊ သာစည်၊ မလှိုင် စသည့်မြို့နယ် (၄)မြို့နယ်ရှိ ကျေးရွာ (၁၅)ရွာ၌ နို့စားနွားကောင်ရေ (၂၃၆)ကောင်၊ ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၂၀)၌ နို့စားနွား ကောင်ရေ(၃၁၂)ကောင် တိုးချဲ့မွေးမြူနိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် တောမ ကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မျိုးကောင်းမျိုးသန့်ရရှိရေး၊ မျိုးစပ်နိုင်ရေးတို့အတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဝယ်ယူရေးကိစ္စရပ်များကို ပွင့်လင်း မြင်သာမှုရှိအောင် ကော်မတီစနစ်ဖြင့် ကြီးကြပ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဈေးကွက်ရရှိရေး ချိတ်ဆက်ပေးခြင်းတို့ကို သမဝါယမအသင်းများ၊ အစုအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ချိတ်ဆက်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ တိရစ္ဆာန်ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊  လက်ရှိမွေးမြူရေး လုပ်ငန်းဆောင်ရွက်နေသူ များ၏ လိုအပ်ချက်များကို ပံ့ပိုးပေးပြီး တိုးချဲ့မွေးမြူခြင်းကို ဦးစားပေး ဆောင်ရွက်ရန် လိုအပ် ကြောင်း၊ လက်ရှိမွေးမြူနေမှုများရဲ့ အောင်မြင်မှုများကို အခြေခံပြီး အသစ်ထပ်မံမွေးမြူမည့် သူများကို ပညာပေးစည်းရုံးပြီး တိုးချဲ့မွေးမြူရေး အဆင့်ဆင့်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အစာ အတွက် နေဗီယာမြက်များတိုးချဲ့စိုက်ပျိုးရန်လိုအပ်သည့် နေရာများတွင် မျိုးနှင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ မြက်ချဉ်ဖတ်ထုတ်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်နှင့် အခြား ပဲဖတ်၊ နှမ်းဖတ်များ အစာများရရှိရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် ချိတ်ဆက် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ကျေးရွာသူကျေးရွာသားများအနေဖြင့် မိမိကျေးရွာဖွံဖြိုး တိုးတက်ရေးအတွက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ စီမံကိန်း၏ သတ်မှတ်စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ကြရန်နှင့် သတ်မှတ်ကာလ အတွင်း အပြေအကြေ ပေးသွင်းကြရန် လိုအပ်ကြောင်းပြောကြားပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မိတ္ထီလာမြို့ရှိ သမဝါယမဦးစီးဌာနရုံး၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်း များအနေဖြင့် ဝန်ထမ်းကျင့်ဝတ် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ကြရန်၊ မိမိလုပ်ငန်းတာဝန်များကို စေတနာထားလုပ်ဆောင်ကြရန်၊ နိုင်ငံတော်အပေါ် သစ္စာရှိရန်နှင့် ပြည်သူ အကျိုးပြုလုပ်ငန်းများအား ဆောင်ရွက်ကြရန်ဆွေးနွေးမှာကြားပြီး ဝန်ထမ်းများ၏တင်ပြ ချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရမည်းသင်းမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကျေးရွာ ၅ ရွာ၊ အိမ်ခြေ ၇၇၉ အိမ် ၊ လူဦးရေ ၃၀၀၀ ဦးတို့ကို အကျိုးပြုပေးနိုင်မည့် အင်ကြင်းကန်-အုတ်ဖို-ကြံပင်-ထန်းတော ကျေးရွာချင်းဆက် လမ်းကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအားလည်းကောင်း၊ ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဇီးဖြူကုန်းကျေးရွာ ကုန်ထုတ်လမ်းဖောက်နေမှု အခြေအနေများအားလည်းကောင်း ရောက်ရှိကြည့်ရှု စစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအားကောင်း၊ ဇီးဖြူကုန်း ကျေးရွာ၌ ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း(Smart Village)ဖြင့် အဓိကကဏ္ဍကြီး (၆)ရပ်ဖြစ်သည့် ကျေးရွာအခြေခံအဆောက်အအုံဖွံ့ဖြိုးလုပ်ငန်းများ၊ သွင်းအားစုနှင့် ငွေကြေး ဝန်ဆောင်မှုကူညီထောက်ပံ့မှုလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းနှင့်ကျေးလက်စီးပွားမြင့်မားရေး လုပ်ငန်းများ၊ အသင်းအဖွဲ့ ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်း လုပ်ငန်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများ၊ ကျေးရွာကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြ ပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ ဆောလျင်စွာပြီးစီးရေး သတ်မှတ်စံချိန်စံညွှန်း အရည်အသွေး ပြည့်မီစေရေး အလေးထားကြပ်မတ်ဆောင်ရွက်ကြရန်နှင့် ကျေးရွာလမ်း ကော်မတီဝင်များနှင့် ဒေသခံပြည်သူအားလုံးမှ လမ်းရေရှည်ကောင်းမွန်စေရေး ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများအား ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်း ရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm