Language : မြန်မာ | Eng
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရည်မှန်းချက်များ

(၁) ကျေးလက်ဒေသ အခြေခံအဆောက်အအုံများ တည်ဆောက်ပေးရန်နှင့် ကျေးလက်အသက် မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက် ပေးရန်၊
(၂) ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် စုပေါင်းဆောင်ရွက်နိုင်သည့် သမဝါယမလုပ်ငန်းများနှင့် သမဝါယမစနစ် အောင်မြင်စေရေးဆောင်ရွက်ရန်၊
(၃) ထုတ်ကုန်များကို သမဝါယမစနစ်ဖြင့် တိုက်ရိုက်ရောင်းချနိုင်ခြင်းဖြင့် ကုန်ထုတ်လုပ်သူများ အတွက် အကျိုးများစွာဖြစ်ထွန်းစေရေး ဆောင်ရွက်ရန်၊
(၄) အရည်အသွေးမီထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေးနှင့် ဈေးကွက်မြှင့်တင်ရေး အားပေး ဆောင်ရွက်ရန်၊
(၅) လိုအပ်သည့် နည်းပညာနှင့် ငွေကြေးအရင်းအနှီးများကို ပြည်တွင်းပြည်ပအဖွဲ့အစည်း များ၊ အလှူရှင်များနှင့် ချိတ်ဆက်ရယူပြီး ကျေးလက်ဖွံ့ဖြိုးရေးနှင့် သမဝါယမကဏ္ဍနှင့် ပြည်တွင်း ကုန်ကြမ်းအခြေခံတန်ဖိုးမြှင့် ကုန်ထုတ်လုပ်ငန်းများကို ပံ့ပိုးကူညီမြှင့်တင်ပေးရန်၊
(၆) သမဝါယမလုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ အသေးစားစက်မှု လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ၊ အရပ် ဖက်လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ INGO/NGO များ၊ ဒေသခံပြည်သူ များနှင့် ပူးပေါင်းဆောင်ရွက်ရန်၊
(၇) သုတေသနနှင့် ပညာပေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်။
ဆက်သွယ်ရန်

Dial these numbers and email in case of any emergency

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၉၅ - ၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm