Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုးမိတ်မြို့၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် တင်ရေး အခြေခံအင်္ဂလိပ်စကားပြောသင်တန်းဆင်း

မိုးမိတ်မြို့၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် တင်ရေး အခြေခံအင်္ဂလိပ်စကားပြောသင်တန်းဆင်း

===============================
မိုးမိတ် ဇွန် ၂၇ ရက်
 ====================
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မိုးမိတ်ခရိုင်ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကွပ်ကဲမှုအောက်ရှိ ခရိုင်၊မြို့နယ်များမှ ဝန်ထမ်းများ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အဆင် ပြေလွယ်ကူစေရန်နှင့်စွမ်းဆောင်ရည်မြင့်မားတိုးတက်လာစေရန်ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အခြေခံအင်္ဂလိပ်စကားပြော သင်တန်းဆင်းပွဲကို ယနေ့ နံနက်
ပိုင်းက အဆိုပါဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုခဲ့ကြောင်း သိရသည်။
 
ရှေးဦးစွာ မိုးမိတ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးဇော် ထွန်းက သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းတွင် ပို့ချခဲ့သည့် အခြေခံအင်္ဂလိပ်စကားပြောသင်ခန်းစာများကို စဉ်ဆက်မပြတ် ဆက်လက်လေ့လာပြီး ရုံးလုပ်ငန်းခွင်များဆောင်ရွက်ရာတွင် လက်တွေ့အသုံးချသွားကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
 
ထို့နောက် မိုးမိတ်ခရိုင်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှုးနှင့်တာဝန်ရှိသူများက သင်တန်းပြီးမြောက်အောင်တက်ရောက်ခဲ့ကြသည့် သင်တန်းသား၊သင်တန်းသူများအား သင်တန်းထူးချွန်ဆုနှင့်သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။
 
အဆိုပါသင်တန်းကို မိုးမိတ်ခရိုင်ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ခရိုင်၊မြို့နယ်များမှ သင်တန်းသား၊သင်တန်းသူ စုစုပေါင်း ၁၅ ဦး တက်ရောက်ကြပြီး သင်တန်းတွင် အင်္ဂလိပ်စာ အခြေခံအဆင့် 4 Skills Reading, Writing, Listening, Speaking သင်ခန်းစာများကို ကျွမ်းကျင်ဆရာများက တစ်လကြာ စာတွေ့၊လက်တွေ့ နှစ်မျိုးဖြင့် သင်ကြားပို့ချပေးခဲ့ကြောင်း မိုးမိတ်ခရိုင်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးဇော်ထွန်းက ပြောပြ၍ သိရသည်။
 
ဖြိုးထက်အောင်(ပျော်ဘွယ်)
 
 
 
ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm