Language : မြန်မာ | Eng
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမိုင်းကြောင်း

နောက်ခံသမိုင်းအကျဉ်းချုပ်

 

၁၉၄၇ ခုနှစ်တွင် စက်မှုလက်မှုညွှန်ကြားရေးဌာနအဖြစ်သို့တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ၁၉၅၂ ခုနှစ် တွင် စက်မှုလက်မှုညွှန်ကြားရေးဌာနသည် ပုဂ္ဂလိကစက်မှုလုပ်ငန်းတိုးတက် ဖွံ့ဖြိုးရေး အတွက် လွှဲပြောင်းတာဝန်ယူခဲ့သည်။

၁၉၇၂ ခုနှစ်တွင် စက်မှုဝန်ကြီးဌာနလက်အောက် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်ပိုရေး ရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

၂၁.၂.၁၉၇၄ ခုနှစ်တွင် သမဝါယမဝန်ကြီးဌာနလက်အောက်သို့ ထပ်မံပြောင်းရွှေ့ခဲ့ပြီး ၃၀.၃.၁၉၇၆ ခုနှစ်တွင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့ စည်းသည်။

၁၉၈၂ ခုနှစ်တွင် ရက်ကန်းကျောင်း (၁၄) ကျောင်းကို ပညာရေးဝန်ကြီးဌာန၊ စက်မှု စိုက်ပျိုးရေး နှင့်သက်မွေးပညာဦးစီးဌာနလက်‌အောက်မှ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်အောက် သို့ လွှဲပြောင်းခဲ့သည်။

၁၉၉၇ ခုနှစ်တွင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကို ဦးစီးဌာနအဆင့် (၃) မှ ဦးစီးဌာန အဆင့် (၁)သို့ တိုးမြှင့် ဖွဲ့စည်းခဲ့ပါသည်။

၂၀၁၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အဖြစ် အမည်ပြောင်းလဲခဲ့ပါသည်။

၁.၁.၂၀၁၅ ရက်နေ့တွင် တိုင်းဒေသကြီး/ ပြည်နယ်များတွင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံး (၁၅)ရုံးကို တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ ဆောင်းဒါးရက်ကန်းကျောင်းအား ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံအဖြစ်လည်းကောင်း၊ ရက်ကန်းကျောင်းများအား ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းများအဖြစ်လည်းကောင်း အဆင့်မြှင့်တင်ခဲ့ပါသည်။

၂၀၁၆ ခုနှစ်တွင် သမဝါယမဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအောက်သို့ ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၁၇.၆.၂၀၂၁ ခုနှစ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သမဝါယမ နှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်သို့ ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်

၃၀.၁၂.၂၀၂၁ ရက်နေ့တွင် ရုံးချုပ်ကို ဌာနခွဲ (၆)ခုမှ ဌာနခွဲ(၇)ခုဖြင့်လည်းကောင်း၊ စက်မှု လက်မှု အလုပ်ရုံ၊ မြန်မာ့လက်မှုအနုပညာစင်တာ(ရန်ကုန်/မန္တလေး)၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး(၄၀)ရုံးကိုလည်းကောင်းတိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ တိုင်းဒေသကြီး/ ပြည်နယ်များအသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး (၁၅)ရုံး၊ ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံနှင့် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတို့အား ဖွဲ့စည်းပုံအင်အား ပြင်ဆင်၍ အဆင့်မြှင့်တင်ဖွဲ့စည်းခဲ့ပါသည်။

ဆက်သွယ်ရန်

Dial these numbers and email in case of any emergency

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၉၅ - ၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm