Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လုပ်ငန်းတာဝန်များ

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များမှာ -
 
(က) ကျေးလက်ဒေသသောက်သုံးရေရရှိရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ခ) မဟာဓါတ်အားလိုင်းပြင်ပ ကျေးလက်ဒေသလျှပ်စစ်မီးရရှိရေးလုပ်ငန်းများ ဆောင် ရွက်ခြင်း၊
(ဂ) စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လမ်းများနှင့် တံတားများတည်ဆောက်ခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်း၊
(ဃ) ကျေးလက်ဒေသအိမ်ရာတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊
(င) ကျေးလက်ဒေသနေပြည်သူများ အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးလုပ်ငန်းများ ဖော်ထုတ်ဆောင်ရွက်နိုင်ရန် အရင်းမပျောက်မတည်ရန်ပုံငွေ ထူထောင်ပေးရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊
(စ) ကျေးလက်နေပြည်သူများ၏ လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရေး အတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းများဖွင့်လှစ်ပို့ချခြင်းနှင့် ဒေသထုတ်ကုန်များ ဈေးကွက်ရရှိရေး ချိတ်ဆက် ကူညီဆောင်ရွက်ပေးရန်၊
(ဆ) ကျေးလက်ပြည်သူများ ကိုယ်တိုင်ပါဝင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အသေးစားအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဝင်ငွေတိုးလုပ်ငန်း များနှင့် အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဖော်ဆောင်ပေးခြင်း၊
(ဇ) ကာကွယ်တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူမှုအဖွဲ့အစည်းများ ဖြစ်ပေါ်လာစေရေး ကူညီဆောင်ရွက်ခြင်း၊
(ဈ) ကျေးလက်ပြည်သူများ၏ ကျန်းမာရေး၊ပညာရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက် စေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
(ည) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်ချက်များကို စောင့်ကြည့် စစ်ဆေးခြင်း၊ အကဲဖြတ်သုံးသပ်ခြင်းနှင့် အစီရင်ခံစာပြုစုတင်ပြခြင်း၊
(ဋ)) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသနလုပ်ငန်း အရပ်ရပ်ကို ဆောင်ရွက်ခြင်း၊
(ဌ) ဝန်ကြီးဌာနကပေးအပ်သည့် အခြားလုပ်ငန်းတာဝန်များဆောင်ရွက်ခြင်း၊
ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm