Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးသီးမြို့နယ်၌ VDPစီမံကိန်းဖြင့် အဝီစိစက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုစစ်ဆေး

ကျေးသီးမြို့နယ်၌  VDPစီမံကိန်းဖြင့် အဝီစိစက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုစစ်ဆေး
 
ကျေးသီး  မတ်လ ၂၀ရက်
 
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ ကျေးသီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ‌ခုဘဏ္ဍာရေးနှစ်တွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် အဝီစိစက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ ဝမ်ဝပ်ကျေးရွာအုပ်စု၊ ဖာဆောင်ကျေးရွာ၌ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ 
 
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးအေးနိုင် နှင့် တာဝန်ရှိသူများသည် ဖာဆောင်ကျေးရွာတွင်   အကျယ် ၂လက်မ အနက် ပေ ၂၅၀ ရှိ စက်ရေတွင်းတူးဖော်ခြင်း နှင့် ဂါလံ(၅၀၀၀)ဆံ့ ရေစုကန် တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး  မြို့နယ်ဦးစီးမှူးက  အဆိုပါကျေးရွာရှိ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကော်မတီများ၊ ကျေးရွာသူ/သားများနှင့် တွေ့ဆုံကာ လုပ်ငန်းများ  အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးအလေးထား ဆောင်ရွက်သွားကြရန် နှင့် လုပ်ငန်းများရာနူန်းပြည့်ပြီးစီးပါက ကျေးရွာရေကော်မတီများဖွဲ့၍ သောက်သုံးရေအား စနစ်တကျ သုံးစွဲကြရန် ‌‌ဆွေးနွေးမှာကြားခဲ့သည်။
 
  
အဆိုပါအဝီစိစက်‌ရေတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများကို   ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ပံ့ပိုးရန်ပုံငွေကျပ်(၁၅၀)သိန်းကို အသုံးပြုကာ  မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် ကျေးရွာသူ/သားများပူးပေါင်း၍ ယခုနှစ် ဖေဖော်ဝါရီလ ဒုတိယ အပတ်က စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများအားလုံး၏ ၉၀ ရာခိုင်နူန်းခန့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း လုပ်ငန်းများ ရာနူန်းပြည့် ဆောင်ရွက်ပြီးစီးပါက အဆိုပါကျေးရွာရှိ ကျေးလက်နေပြည်သူများအတွက်  သန့်ရှင်းသော သောက်သုံးရေများ ရာသီမရွေး ရရှိမည် ဖြစ်ကြောင်း ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးအေးနိုင် ထံမှ သိရသည်။
 
ချိုသန်းညွန့် (ကျေးလက်)
ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm