ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရည်မှန်းချက်

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရည်မှန်းချက်များမှာ-

(က) ကျေးလက်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးနှင့် ကျေးလက်အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေ ပြည်သူ များ ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန်၊
(ခ) ဌာနဝန်ထမ်းများနှင့် ကျေးလက်နေပြည်သူများ၏ စွမ်းဆောင်ရည်မြင့်မားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဆိုင်ရာသုတေသနလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ဖော်ဆောင်ရန်၊
(ဂ) ပြည်သူဗဟိုပြု ချဉ်းကပ်မှုနည်းလမ်းဖြင့် ကျေးလက်နေပြည်သူများမှ လူမှုစီးပွား ဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် ဝန်ဆောင်မှုများကို ရယူသုံးစွဲနိုင်စေရန် တို့ဖြစ်ပါသည်။
ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm