Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း

ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း

၁။      နိဒါန်း

  • ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် Covid -19 စီးပွားရေး ထိခိုက်မှု သက်သာစေရေးစီမံချက် (Covid-19 Economic Relief Plan )၏ ၂.၁.၇ (ခ) အရ ငွေကြေးထောက်ပံ့ခြင်း (Cash or lending Support)အစီအစဉ်အရ ကျေးလက်နေ လုပ်ကွက်ငယ် တောင်သူများ၊ စိုက်ပျိုးမွေးမြူထုတ်လုပ်ရောင်းချသူများ၊ အသေးစား စီးပွားရေး လုပ်ကိုင်နေသူများအနေဖြင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင် နိုင်ရန်နှင့် တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (Village Revolving Fund Project –VRFP) ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ (၁၇၁၀)ရွာ၌ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

၂။       စီမံကိန်း ရည်ရွယ်ချက်

  • နိုင်ငံတော်၏ Covid-19 စီးပွားရေးကုစားမှုအစီအစဉ်ကို အထောက်အကူပြုစေရန်၊
  • လုပ်ကွက်ငယ်တောင်သူများ၊ စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများနှင့် အသေးစား စီးပွားရေး လုပ်ကိုင်သူများအတွက် လိုအပ်သောငွေကြေးအရင်းအနှီးများ ရရှိနိုင် စေရန်၊
  • ရရှိသော ငွေကြေးအရင်းအနှီးဖြင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများကို ဆောင် ရွက်နိုင်စေရန်၊
  • တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာမှပိုင်ဆိုင်သော မတည်ရန်ပုံငွေ ထူထောင်၍ စဉ်ဆက်မပြတ် ငွေကြေးအရင်းအမြစ် ရရှိနိုင်စေရန်နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင် ရွက်နိုင်စေရန်။

၃။ စီမံကိန်း အကောင်အထည်ဖော်သည့် နည်းလမ်း

  • စီမံကိန်းဆောင်ရွက်မည့် ကျေးရွာတစ်ရွာချင်းအလိုက် မတည်ရန်ပုံငွေအား စီမံကိန်းမှ မတည်ထောက်ပံ့ပေးမည်ဖြစ်ပြီး ပြည်သူဗဟိုပြု ချဉ်းကပ်မှု နည်းလမ်း အတိုင်း မတည် ရန်ပုံငွေကို ကျေးရွာနေပြည်သူအများ၏ သဘောတူညီချက်ဖြင့် ကျေးရွာလူထု ကိုယ်တိုင်မှ စီမံခန့်ခွဲ အကောင်အထည်ဖော်ဆောင်ရွက်သည့် နည်းလမ်းကို အသုံးပြု မည်ဖြစ်ပါသည်။
  • စီမံကိန်းမတည်ရန်ပုံငွေ ခွဲဝေချထားရာတွင် ကျေးရွာရှိ အိမ်ခြေအရေအတွက် အပေါ် မူတည်၍ အောက်ပါအတိုင်း အမျိုးအစား (၃) မျိုးဖြင့် ခွဲဝေချထားပေးမည် ဖြစ်ပါသည်-

          (က) အိမ်ခြေ (၁၀၁) နှင့်အထက်     - ကျပ် (၃၀၀)သိန်း၊ 

( ခ) အိမ်ခြေ (၅၁) နှင့် (၁၀၀)ကြား  - ကျပ် (၂၀၀)သိန်း၊        

( ဂ) အိမ်ခြေ (၅၀) နှင့် အောက်       - ကျပ် (၁၀၀)သိန်း။

  • စီမံကိန်းစတင်ဆောင်ရွက်သည့် ပထမနှစ်တွင် အတိုးနှုန်းအား ငွေ(၁၀၀)ကျပ် အတွက် (၁)လ လျှင်ပြား(၅၀)နှုန်း သတ်မှတ်ရမည်ဖြစ်ပြီး ဒုတိယနှစ်မှ စတင်၍ အတိုးနှုန်းအား ငွေ(၁၀၀)ကျပ်အတွက် (၁)လလျှင် ပြား(၅၀)နှုန်းမှ (၁)ကျပ်ပြား (၅၀)နှုန်းအတွင်း ကျေးရွာ၏ အများသဘောတူညီချက်ဖြင့် သတ်မှတ်နိုင်ပါသည်။

၄။      စီမံကိန်းမြို့နယ်များ ရွေးချယ်ရာတွင် အခြေခံရမည့် စံနှုန်းများ

(က)    လူဦးရေစစ်တမ်းအပေါ်အခြေခံ၍ တွက်ချက်ထုတ်ပြန်ထားသော မြို့နယ် အလိုက် ချို့တဲ့မှုညွှန်းကိန်း (Multi-dimensional Disadvantanges index) အများဆုံး ရှိသည့် မြို့နယ်များ၊

          ( ခ)    ပြည်ပမှ ပြန်လည်ရောက်ရှိသည့် အလုပ်သမားများသောမြို့နယ်များ။

၅။      စီမံကိန်းကျေးရွာများ ရွေးချယ်ရာတွင် အခြေခံရမည့်စံနှုန်းများ

(က)   ၂၀၁၄ သန်းခေါင်စာရင်း အချက်အလက်များအရ  လုပ်ကွက်ငယ် တောင်သူ နှင့် အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကိုင်သူအများဆုံးရှိသည့် ကျေးရွာအုပ်စု (၅၀%) တွင် ပါဝင်သောကျေးရွာများ၊

( ခ)    ထုတ်ကုန်များဈေးကွက်သို့ပို့ဆောင်ရန် လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့  သည့် ကျေးရွာများ၊

( ဂ)    COVID-19 ဖြစ်ပွားမှုကြောင့် စိုက်ပျိုးရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှု အများဆုံးကြုံတွေ့ရသည့်ကျေးရွာများ၊

(ဃ)    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိ သော ကျေးရွာများ၊

( င)    လုံခြုံရေးကောင်းမွန်ပြီး နယ်မြေလုံခြုံအေးချမ်းသော ကျေးရွာများ၊

( စ)    စီမံကိန်းဆောင်ရွက်ရန် စိတ်အားထက်သန်သော ကျေးရွာများ။

၆။      အိမ်ထောင်စုများ ရွေးချယ်ရာတွင် အခြေခံရမည့်မူများ

-       ကျေးရွာမတည်ရန်ပုံငွေမှ ချေးငွေရယူလိုသည့် အိမ်ထောင်စုများ ရွေးချယ်ရာ တွင် လုပ်ကွက်ငယ် တောင်သူများ၊ လက်ရှိစီးပွားရေး ဆောင်ရွက်လျက်ရှိသော (သို့မဟုတ်) တိုးချဲ့ဆောင်ရွက်လိုသော အသေးစားစီးပွားရေး လုပ်ကိုင်သူများ ကိုသာ စိစစ်ရွေးချယ်ရမည်။ အထူးသဖြင့် အောက်ဖော်ပြပါ                အိမ်ထောင်စုများ အား ဦးစားပေးချေးငွေ ချထားပေးရမည်-

(က) COVID-19 ကူးစက်ရောဂါကြောင့် ထိခိုက်သွားသော အိမ်ထောင်စုများ၊

(ခ)   လုပ်ကွက်ငယ်တောင်သူများ၊ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့်အသေးစား စီးပွားရေးလုပ်ကိုင်လျက် ရှိသော အိမ်ထောင်စုများ၊

( ဂ) အမျိုးသမီးဦးဆောင်သော အိမ်ထောင်စုများ။

-       စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများစသည့် ဝင်ငွေတိုးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ပါသည်။ အစုအဖွဲ့ဖြင့်ဆောင်ရွက်သော လယ်ယာ၊ သားငါးစိုက်ပျိုး မွေးမြူမှုများ၊ ကုန်ထုတ်လုပ်ငန်းများ၊ ကျေးရွာတစ်ရွာ ထုတ်ကုန်          တစ်မျိုး ထုတ်လုပ် သည့် လုပ်ငန်းများ (One Community၊ One Product) ဆောင်ရွက်နိုင်ပါသည်။

-       ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုအဆင့်၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ် အဆင့်နှင့်ကျေးရွာအဆင့်တို့တွင် ကော်မတီအသီးသီးဖြင့်ဖွဲ့စည်းကြီးကြပ်ဆောင်ရွက် လျက်ရှိပါသည်။

၇။      စီမံကိန်းအကျိုးကျေးဇူးများ

-    စီမံကိန်းကျေးရွာများတွင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ (မတည်ရန်ပုံငွေထူထောင်၍ မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ရရှိလာမည့် အကျိုး ကျေးဇူးများ

     (က) နိုင်ငံတော်၏covid-19 စီးပွားရေးထိခိုက်မှု သက်သာစေရေးအစီအစဉ်ကို အထောက်အကူပြုနိုင်ခြင်း၊

     ( ခ)  ရရှိသောငွေကြေးဖြင့် စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်သဖြင့် လုပ်ငန်းများ ပြန်လည်လည်ပတ်လာနိုင်ခြင်း၊ တိုးချဲ့နိုင်ခြင်း၊

     ( ဂ)  အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် အခွင့်အလမ်း ပေါ်ပေါက်လာခြင်း

     (ဃ) ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် နည်းပညာများရရှိလာခြင်း၊  မိသားစုဝင်ငွေတိုးပွားလာခြင်း၊

     ( င)  စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာခြင်း၊

     ( စ)  ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုအလေ့အထများ ဖွံ့ဖြိုးလာခြင်း၊

     (ဆ) အမျိုးသမီးများ၏ ပူးပေါင်းဆောင်ရွက်မှု မြင့်မားလာခြင်း၊

     ( ဇ)  စွမ်းဆောင်ရည်မြင့်မားလာခြင်းနှင့် ဒီမိုကရေစီနည်းလမ်းကျကျ စုပေါင်း ညှိနှိုင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာခြင်း။

  • စီမံကိန်းမတည်ရန်ပုံငွေလည်ပတ်မှုအခြေအနေများနှင့်စီမံကိန်းလုပ်ငန်းဆောင်ရွက်မှု အခြေ အနေများကို စောင့်ကြည့်စစ်ဆေးရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)မှ ကောက်နုတ်စစ်ဆေးခြင်း၊ ပြည်နယ်/တိုင်းဒေသကြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၁၅%၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀%၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၁၀၀% ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။

http://www.drdmis.com/vrf/

 

စီမံကိန်းခေါင်းအမည်

ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း

(Village Revolving Fund Project)
ရည်ရွယ်ချက်

(က) နိုင်ငံတော်၏ Covid-19 စီးပွားရေးကုစားမှု အစီအစဉ်ကို အထောက်အကူပြုစေရန်၊

( ခ) လုပ်ကွက်ငယ်တောင်သူများ၊ စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများနှင့် အသေးစား စီးပွားရေး အရင်းအနှီးများရရှိနိုင်စေရန်၊

( ဂ) ရရှိသော  ငွေကြေးအရင်းအနှီးဖြင့် မိသားစု နိုင်စေရန်၊

(ဃ) တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာမှ ပိုင်ဆိုင်သော မတည်ရန်ပုံငွေ ထူထောင်၍ စဉ်ဆက်မပြတ် ငွေကြေးအရင်းအမြစ် ရရှိနိုင် စေရန်နှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် နိုင်စေရန်။

စီမံကိန်းကာလ -
ထောက်ပံ့ငွေ ပမာဏ

(၄၁.၅၀) ဘီလီယံ

(၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်)
စီမံကိန်းဒေသ

ပြည်နယ်/တိုင်းဒေသကြီး(၁၇)ခု

မြို့နယ်(၂၄၇)မြို့နယ်၊ ကျေးရွာ (၁၇၁၀)ရွာ
ထောက်ပံ့သည့် အဖွဲ့အစည်း နိုင်ငံတော်ရန်ပုံငွေ
ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်း -
ဆောင်ရွက်မည့် နည်းလမ်း/ ချဉ်းကပ်သည့်ပုံစံ စီမံကိန်း ဆောင်ရွက်မည့် ကျေးရွာတစ်ရွာချင်း အလိုက် မတည်ရန်ပုံငွေအား စီမံကိန်းမှ မတည် ထောက်ပံ့ပေးမည်ဖြစ်ပြီး ပြည်သူဗဟိုပြု ချဉ်းကပ်မှု နည်းလမ်းအတိုင်း မတည်ငွေအား ကျေးရွာနေ ပြည်သူအများ၏ သဘောတူညီချက်ဖြင့် ကျေးရွာ 

လူထုကိုယ်တိုင်မှ စီမံခန့်ခွဲအကောင်အထည်ဖော် ဆောင်ရွက်သည့်နည်းလမ်းကိုအသုံးပြုမည်ဖြစ်ပါသည်။

စီမံကိန်းမတည်ရန်ပုံငွေ ခွဲဝေချထားရာတွင် ကျေးရွာရှိ အိမ်ခြေအရေအတွက်အပေါ်မူတည်၍ အောက်ပါ အတိုင်းအမျိုးအစား(၃) မျိုးဖြင့် ခွဲဝေချထားပေး လျက်ရှိပါသည်-

 (က) အိမ်ခြေ(၁၀၁)နှင့်အထက် - ကျပ် (၃၀၀)သိန်း၊

 (ခ) အိမ်ခြေ (၅၁)နှင့်(၁၀၀)ကြား- ကျပ် (၂၀၀)သိန်း၊

 (ဂ) အိမ်ခြေ (၅၀) နှင့် အောက်- ကျပ် (၁၀၀)သိန်း။
လုပ်ဆောင်ချက်များ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊  ကုန်ထုတ် လုပ်ငန်း၊ အရောင်းအဝယ်၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများစသည့် ဝင်ငွေတိုးပွားရေးလုပ်ငန်းများ ကို ဆောင်ရွက်နိုင်ပါသည်။ အစုအဖွဲ့ဖြင့် ဆောင်ရွက် သော လယ်ယာ၊ သားငါးစိုက်ပျိုး မွေးမြူမှုများ၊ ကုန်ထုတ်လုပ်ငန်းများ၊ ကျေးရွာတစ်ရွာထုတ်ကုန် တစ်မျိုးထုတ်လုပ်သည့် လုပ်ငန်းများ (One Community၊ One Product) ဆောင်ရွက်နိုင်ပါသည်။
အကျိုးကျေးဇူး/ရလာဒ်

(က) နိုင်ငံတော်၏ covid-19 စီးပွားရေး ထိခိုက်မှု သက်သာစေရေး အစီအစဉ်ကို အထောက် အကူ ပြုနိုင်ခြင်း၊

( ခ)   ရရှိသောငွေကြေးဖြင့် စီးပွားရေးလုပ်ငန်းများ တွင် ရင်းနှီးမြှုပ်နှံနိုင်သဖြင့် လုပ်ငန်းများ ပြန်လည်လည်ပတ်လာနိုင်ခြင်း၊ တိုးချဲ့နိုင် ခြင်း၊

(ဂ) အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် အခွင့်အလမ်းပေါ်ပေါက်လာခြင်း၊

(ဃ) ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း နှင့် နည်းပညာများရရှိလာခြင်း၊ မိသားစု ဝင်ငွေ တိုးပွားလာခြင်း၊

(င) စိုက်ပျိုးရေး၊မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်း များ တိုးတက်လာခြင်း၊

(စ)   ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုအလေ့အထ များ ဖွံ့ဖြိုးလာခြင်း၊

(ဆ) အမျိုးသမီးများ၏ ပူးပေါင်းဆောင်ရွက်မှု မြင့်မားလာခြင်း၊

(ဇ)  စွမ်းဆောင်ရည် မြင့်မားလာခြင်းနှင့် ဒီမိုကရေစီ နည်းလမ်းကျကျ စုပေါင်းညှိနှိုင်း ဆောင်ရွက် တတ်သည့်အလေ့အကျင့်ကောင်းများရရှိလာ ခြင်း။

ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများ၏ လိပ်စာ -
ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm