မျှော်မှန်းချက်
မဟာဗျူဟာ၏ မျှော်မှန်းချက်ပန်းတိုင်များမှာ တန်းတူညီမျှရှိသော၊ ထိရောက် အကျိုးရှိသော သောက်သုံးရေရရှိရေး၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ ဝန်ဆောင်မှုများကို ဖော်ထုတ်ချမှတ် ဆောင်ရွက်ခြင်းဖြင့် ၂၀၃၀ ခုနှစ်တွင် ကျေးလက်နေ ပြည်သူများအားလုံး၏ လူမှု စီးပွားဘဝ ပိုမိုတိုးတက်လာစေရန် ဖြစ်ပါသည်။
ကျေးလက်ရေရှိရေး ဆောင်ရွက်ချက်များ
၂၀၀၀ ပြည့်နှစ်မှ ၂၀၁၁ ခုနှစ်အထိ
ကျေးလက်ရေရရှိရေးလုပ်ငန်းများအား စည်ပင်သာယာရေးဦးစီးဌာန လက်ထက် ၁၉၉၉-၂၀၀၀ ခုနှစ်မှ စတင်၍ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်အထိ ကျေးလက်ရေရရှိရေး (၁၀)နှစ် စီမံကိန်းဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ကျေးလက်ရေရရှိရေး ကျေးရွာပေါင်း (၂၇၄၂၄)ရွာတွင် လုပ်ငန်းပေါင်း(၃၈၅၇၉)ခု ဆောင်ရွက်ပေးခဲ့ပါသဖြင့် ကျေးလက်ဒေသရှိ ရေရှားပါးသော ကျေးရွာများ အား အကျိုးဖြစ်ထွန်းခဲ့ပါသည်။
၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ
၂၀၁၂ ခုနှစ် ဇွန်လတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအဖြစ် ဖွဲ့စည်း၍ ကျေးလက် ရေရရှိရေးလုပ်ငန်းများကို ပင်မဌာနအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ကျေးလက်ဒေသများ၌ သန့်ရှင်းသော သောက်သုံးရေရရှိမှုမှာ (၆၁%)ရှိခဲ့ပြီး ၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ (၅)နှစ်တာ ကာလအတွင်း ကျေးရွာပေါင်း (၄၀၀၂၉)ရွာတွင် ကျေးလက်ရေရရှိရေးလုပ်ငန်းပါင်း (၄၇၈၅၉) ခု ဆောင်ရွက်ပေးခဲ့သဖြင့် ကျေးလက်ဒေသရှိ ရေရှားပါးသော ကျေးရွာများအား ရေဖူလုံမှုရရှိအောင် ဆောင်ရွက်ပေးသည့်အပြင် ပိုမိုကောင်းမွန်သော ရေပေးရေးဝန်ဆောင်မှုများ အထူးသဖြင့် ရေမီတာ တပ်အိမ်တိုင်ရာရောက် ပိုက်လိုင်း စနစ်နှင့် ရေသန့်စင်စနစ်များ အသုံးပြုနိုင်ခဲ့ပါသည်။
၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ
၂၀၁၅ခုနှစ်၊ မေလ မှစတင်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ အခြားဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ယူနီဆက်အပါအဝင် အခြားဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များပါဝင်သော လုပ်ငန်းအဖွဲ့ (Task Force) ဖွဲ့စည်း၍ ကျေးလက် ရေရရှိရေး မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များကို ရေးဆွဲပြုစုခဲ့ပြီး တနိုင်ငံလုံး လူထု ဆွေးနွေးပွဲများ ကျင်းပ၍ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျေးလက်ရေရရှိရေး၊ မိလ္လာစနစ်နှင့် ပတ်၀န်းကျင်သန့်ရှင်းမှု အတွက် ပထမအကြိမ် အမျိုးသားအဆင့် မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်(၂၀၁၆-၂၀၃၀)ကိုအရေးပါသောမှတ်တိုင်တစ်ခုအဖြစ် စတင်မိတ်ဆက် ဆောင်ရွက်ခဲ့ပါသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ရေရရှိရေး မဟာဗျူဟာနှင့် အညီ အရှိန်အဟုန်မြင့် ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအချက်အလက်များ အရ ပိုက်လိုင်းစနစ်(၁၈%)၊ ရေတွင်း နှင့် အကာအရံရှိလက်တူးတွင်းမှ ရေရယူမှု(၄၇%)၊ ရေသန့်စင် စနစ် (၈%)နှင့် မိုးရေလှောင်ကန်နှင့် စိမ့်စမ်းများအပါအဝင် ကျေးလက်ဒေသများတွင် ကောင်းမွန်ပြီး အကာအကွယ်ရှိ ရေပေးရေးစနစ်များမှ ရေရရှိရေးလွှမ်းခြုံမှု(၇၇%)ထိ တိုးတက်ဆောင်ရွက်နိုင်ခဲ့ပါ သည်။
၂၀၁၉ ခုနှစ်မှ ယခုအထိ
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ မှ ၂ဝ၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ် အထိ (၅)နှစ်တာကာလအတွင်း ကျေးရွာပေါင်း (၁၃၉၃၁)ရွာတွင် ကျေးလက်ရေရရှိရေး လုပ်ငန်းပေါင်း (၁၅၁၃၁)ခုကို မူလခွင့်ပြုရန်ပုံငွေ၊ မွမ်းမံရန်ပုံငွေ၊ နိုင်ငံတော်ထောက်ပံ့ ရန်ပုံငွေ(ယူနီဆက်ပူးပေါင်း)နှင့် အပူပိုင်းဇုံရေရရှိရေးစီမံကိန်း၊ တိုင်းဒေသကြီး/ ပြည်နယ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့ ပါသည်။
၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုလျာထားရန်ပုံငွေနှင့် တိုင်းဒေသကြီး/ပြည်နယ် လျာထားရန်ပုံငွေဖြင့် အောက်ပါအတိုင်း ဆောင်ရွက်မည် ဖြစ်ပါသည်-
၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုလျာထားရန်ပုံငွေဖြင့် ဆောင်ရွက်ရန် လျာထားသည့် ကျေးလက်ရေရရှိရေးလုပ်ငန်းစာရင်း
တိုင်းဒေသကြီး/ ပြည်နယ် |
မြို့နယ်ပေါင်း |
ကျေး ရွာ ပေါင်း |
အိမ် ခြေ |
လူဦး ရေ |
ဆောင်ရွက်မည့်လုပ်ငန်း |
မှတ် ချက် |
|||||||||||
တွင်းတိမ် |
တွင်းနက် |
လက်တူးတွင်း |
မြေသားရေကန် |
စိမ့်စမ်း |
ရေစု ကန် |
အိမ်သွယ်ရေတိုင် |
ရေသန့်စင်စနစ် |
ရေစင်တည်ဆောက်ခြင်း |
ပိုက်လိုင်းသွယ်တန်းခြင်း |
အ ခြား |
လုပ်ငန်းပေါင်း |
||||||
တိုင်းဒေသကြီးနှင့် ပြည်နယ်((၁၇)ခု |
၁၄၉ |
၄၃၀ |
၈၃၈၈၁ |
၃၈၆၄၃၆ |
၄၀ |
၁၁၆ |
၁၈ |
၇၂ |
၃၉ |
၁၂ |
၄၁ |
၃၆ |
၈ |
၂၃ |
၇၄ |
၄၇၉ |
|
၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး/ပြည်နယ်လျာထားရန်ပုံငွေဖြင့် ဆောင်ရွက်ရန် လျာထားသည့် ကျေးလက်ရေရရှိရေးလုပ်ငန်းစာရင်း
တိုင်းဒေသကြီး/ ပြည်နယ် |
မြို့နယ်ပေါင်း |
ကျေးရွာ ပေါင်း |
အိမ်ခြေ |
လူဦး ရေ |
ဆောင်ရွက်မည့်လုပ်ငန်း |
မှတ် ချက် |
|||||||||||
တွင်းတိမ် |
တွင်းနက် |
လက်တူးတွင်း |
မြေသားရေကန် |
စိမ့်စမ်း |
ရေစု ကန် |
အိမ်သွယ်ရေတိုင် |
ရေသန့်စင်စနစ် |
ရေစင်တည်ဆောက်ခြင်း |
ပိုက်လိုင်းသွယ်တန်းခြင်း |
အ ခြား |
လုပ်ငန်း ပေါင်း |
||||||
တိုင်းဒေသကြီးနှင့် ပြည်နယ်((၁၇)ခု |
၁၃၇ |
၃၈၀ |
|
|
၄၆ |
၂၈ |
၁၅ |
၉၈ |
၆၃ |
၈ |
၂၀ |
၂၁ |
၁၁ |
၁၄ |
၉၅ |
၄၁၉ |
|
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် သန့်ရှင်းသော သောက်သုံးရေ ပိုမိုတိုးတက်ရရှိရေး ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်သည့်အပြင် ၂၀၃၀ ပြည့်နှစ်တွင် ကျေးလက်နေ ပြည်သူများ အားလုံး ကောင်းမွန်၍ ဘေးကင်းသော သောက်သုံးရေ ဝန်ဆောင်မှုများ ရရှိသုံးစွဲနိုင်ရန် ရည်မှန်းချက်အား ပြည့်မီနိုင်ရေး သက်ဆိုင်သူများ၊ ဌာနဆိုင်ရာများ နှင့် အတူလက်တွဲ၍ ကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။
အိမ်သွယ်ရေတိုင်စနစ်
သန့်ရှင်း၍ဘေးကင်းသော သောက်သုံးရေ ၀န်ဆောင်မှု ဆိုသည်မှာ ကောင်းမွန်သော ရေအရင်း အမြစ်များမှ သောက်သုံးရေ ရရှိသောက်သုံးခြင်းဖြစ်ပြီး ထိုရေအရင်းအမြစ်များသည် မိမိအိမ်၀င်းအတွင်း တည်ရှိပြီး လိုအပ်သည့်အချိန်တိုင်း ရေရရှိသည့်အပြင် အီးကိုလိုင်းပိုးမွား ကင်းစင်ရမည် ဖြစ်ပါသည်။ အိမ်သွယ်ရေတိုင်စနစ်သည် ရေလေလွင့်မှုများ လျော့ချရန်နှင့် ကောင်းမွန်သော ရေစီမံခန့်ခွဲမှုဖြစ်စေရေး၊ ကုန်ကျစရိတ် ကာမိသော ရေခွန်ရေခကောက်ယူပြီး လိုအပ်သော ပြင်ဆင်ထိန်းသိမ်းရေး ဆောင်ရွက်ရန် အတွက် ရေမီတာစနစ်ဖြင့် ရေပေးဝေခြင်း နည်းလမ်းဖြစ်ပါသည်။ နိုင်ငံတော်ဘဏ္ဍာငွေတစ်ခုတည်း မဟုတ်ဘဲ ပြည်သူထည့်ဝင်ငွေ အချိုးကျ ပါဝင်ပြီး ပြည်သူကိုယ်တိုင် စီမံခန့်ခွဲရသော စနစ်တစ်ခု ဖြစ်ပါ သည်။
ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် အိမ်သွယ်ရေတိုင်စနစ်ကို အခြားအဖွဲ့အစည်း များ(ဥပမာ-ယူနီဆက်)တို့ အကူအညီကို ရယူ၍ ပြည်သူလူထုကိုယ်တိုင် ဦးဆောင်အကောင်အထည် ဖော်ဆောင်ရွက်ခြင်းနှင့် မိမိအိမ်ခြံဝင်းအတွင်းသို့ ရေမီတာတပ်ဆင်ရန်နှင့် ပိုက်လိုင်းသွယ်တန်း၍ ရေရရှိစေရေးအတွက် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကျေးလက်ရေရှိရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါ သည်။ ထိုသို့ ဆောင်ရွက်ခဲ့မှုအပေါ် အကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ ပြည်နယ်နဲ့တိုင်းဒေသကြီး (၁၇)ခု၊ မြို့နယ်ပေါင်း (၂၄၇)မြို့နယ်၊ ကျေးရွာပေါင်း (၄၅၇၉)ရွာ၊ အိမ်ခြေ (၇၇၆၆၈၆)အိမ်နှင့် လူဦးရေ (၃၈၁၃၁၀၀)ဦးတို့အတွက် အိမ်တိုင်ရေသွယ်စနစ်ကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။
ရေသန့်စင်စနစ်
သန့်ရှင်းပြီး အရည်အသွေးပြည့်ဝသည့်ရေနှင့် မိလ္လာစနစ်ကို မရရှိခြင်းသည် မြို့ပြဒေသ များထက် ဆင်းရဲနွမ်းပါးမှု မြင့်မားနေသည့် ကျေးလက်ဒေသများတွင် ပိုမိုများပြားလာပါသည်။ ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများအတွက် သန့်ရှင်း၍ ဘေးကင်းသော သောက်သုံးရေရရှိရေး စီမံချက်ရေးဆွဲပြီး ရေသန့်စင်စနစ်ကို အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ မသန့်ရှင်းသော မြေပေါ်ရေအရင်းအမြစ်များကို မှီခိုနေရသော ကျေးလက်နေပြည်သူများအတွက် ခေတ်မှီနည်းစနစ်များ အသုံးပြုပြီး ပြည်သူကိုယ်တိုင်စီမံခန့်ခွဲနိုင် သော ကုန်ကျစရိတ် ကာမိသည့် ရေသန့်စင်စနစ် ဆောင်ရွက်ပြီး ရေကော်မတီသို့ လွှဲပြောင်းကာ ရေဘိုး/ရေခ ကောက်ခံ၍ လည်ပတ် ထိန်းသိမ်းနိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ခဲ့ခြင်းအပေါ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ၂၀၁၇-၂၀၁၈ မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ ပြည်နယ်နဲ့တိုင်းဒေသကြီး (၁၆) ခု၊ ကျေးရွာပေါင်း (၁၀၀၄) ရွာ၊ အိမ်ခြေ (၁၅၈၆၃၅) အိမ်နှင့် လူဦးရေ (၇၀၇၄၄၉) ဦးတို့အတွက် ရေသန့်စင်စနစ် ကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။
ကျေးရွာစုပေါင်းရေပေးရေးစနစ်
ကောင်းမွန်သော ရေအရင်းအမြစ်မရရှိခြင်း၊ သောက်သုံးရန် မသင့်တော်ခြင်း၊ နွေရာသီ ရေရှားပါး ခြင်း စသည့်အကြောင်းအရင်းများကြောင့် သောက်သုံးရေ ရှားပါးနေသော ကျေးရွာများအား သန့်ရှင်း သော သောက်သုံးရေရှိစေရေးအတွက် ရေအရင်းအမြစ်ရရှိသော နေရာများမှ ရေအား ပိုက်လိုင်းစနစ်ဖြင့် အထက်ပါကျေးရွာများသို့ ပေးဝေသည့် စုပေါင်းရေပေးရေးစနစ်ကို စတင် အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ပါသည်။ ကျေးလက်ဖွံ့ဖြိုးတက်ရေးဦးစီးဌာနမှ ရေအလေအလွင့် ဆုံးရှုံးမှု လျော့နည်းစေရန်၊ လျှပ်စစ်ဓါတ်အားသုံးစွဲမှု ကုန်ကျစရိတ်နှင့် ရေမီတာ အခွန်အခ ကောက်ခံ ရရှိမှု ကာမိစေရန်နှင့် ကျေးရွာများ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး ရည်ရွယ်ချက်များဖြင့် ကျေးရွာစုပေါင်းရေပေးရေး စနစ်ကို နှစ်စဉ် ဆောင်ရွက်ပေးလျက်ရှိရာ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်(တ+မ+ရ) နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် စုပေါင်းရေပေးရေးစနစ်(၅၇)ခုဖြင့် ကျေးရွာပေါင်း (၃၃၅)ရွာ၊ အိမ်ခြေ (၄၈၇၂၀)အိမ်နှင့် (၂၄၆၀၃၀)ဦးတို့၏ လူမှုစီးပွားဘဝ အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက် ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။
ဆိုလာရေတင်စနစ်
ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေပေးရေးစနစ်အမျိုးမျိုး၌ ရေတင်ပန့်များ၊ ရေတွန်းပန့်များအား လျှပ်စစ်မီး၊ ဒီဇယ်ဆီသုံးအင်ဂျင်နှင့် မောင်းနှင်သည့် မီးစက်များကို အဓိကထား၍ အသုံးပြုကြ၍ ရေတင်ပေးရပါသည်။ ထိုသို့ ရေတင်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် မီးအားပြည့်မီအောင် စောင့်ဆိုင်းရခြင်း၊ မီးပြတ်တောက်မှုကြောင့် ရေတင်မရခြင်း၊ ဒီဇယ်ဆီ ဈေးနှုန်းမြှင့်တက်မှုကြောင့် ကုန်ကျစရိတ်များပြားခြင်း၊ အင်ဂျင်နှင့် မီးစက်များ ထိန်းသိမ်းပြုပြင်နေရသဖြင့် ရေတင်မရခြင်းများ လျော့နည်းစေရန်အတွက် ထိန်းသိမ်း မောင်းနှင်ရ လွယ်ကူပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာရေတင်စနစ်ကို ပြောင်းလဲအသုံးပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျေးလက်ဖွံ့ဖြိုးတက်ရေးဦးစီးဌာနမှ စတင်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
၂၀၁၂-၂၀၁၃ ခု၊ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်အထိ ဆိုလာစနစ်သုံး သောက်သုံးရေရရှိရေးလုပ်ငန်းပေါင်း ၄၇၇ ခုအား ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်တွင် နေပြည်တော်၊ ကချင်၊ ကရင်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်း(တ+ရ) နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆိုလာစနစ်သုံးသောက်သုံးရေရရှိရေးလုပ်ငန်းပေါင်း ၅၄ ခုအား ဆောင်ရွက်ပေးလျက် ရှိပါသည်။
မြေအောက်ရေပြန်လည်ဖြည့်တင်းဖို့ Check Dam များကို ဆောင်ရွက်ကြပါစို့
သက်ရှိများအတွက် ရေဟာ အသက်တမျှတန်ဖိုးရှိလှပါတယ်။ ရေလို့ပြောလိုက်တဲ့နေရာမှာ ကမ္ဘာပေါ်မှာ ရေချိုနဲ့ ရေငံ ရှိပါတယ်။ ရေငံကိုတော့ လူတွေအတွက် အနည်းငယ်သာ အသုံးချနိုင် တယ် ဆိုသော်လည်း စီးပွားရေးအဖြစ် ကုန်စည်များ သယ်ပို့ရာမှာတော့ ရေဟာ အသုံးဝင်နေတာ တွေ့ရပါတယ်။ ကမ္ဘာ့ရေထုရဲ့ ၉၇ % ဟာ ရေငံတွေလို့မှတ်သားရပါတယ်။ ရေချိုအနေနဲ့ ၃% ခန့်သာရှိကြောင်း လေ့လာခဲ့ဖူးပါတယ်။ ဒီရေချိုပမာဏထဲမှာ ၁.၉၇% ဟာ ရေခဲတောင်တွေ၊ ရေခဲမြစ်တွေရဲ့ ပမာဏဖြစ်ပြီး ၀.၅% ကတော့ မြေအောက်ရေနဲ့ ၀.၃% ကျော်ကတော့ မြစ်ချောင်း၊ အင်းအိုင်များ၊ ရေကန်များမှာရှိတဲ့ ရေပမာဏဘဲ ဖြစ်တယ်လို့မှတ်သားခဲ့ဖူပါတယ်။
သက်ရှိများနေ့စဉ်အသုံးပြုနေတဲ့ ရေဟာ ရေချိုတွေသာ ဖြစ်ကြပါတယ်။ အလွန်နည်းပါးတဲ့ ရေချိုတွေကို လူသားတွေအနေနဲ့ မရှိမဖြစ် အသုံးပြုနေကြ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ လူဦးရေ တိုးပွားလာတဲ့အမျှ အလွန်နည်းပါးလှတဲ့ ရေချိုကို ထုတ်ယူသုံးစွဲနေကြတာကို လေ့လာကြည့်ရင် နောင်တချိန်မှာ ရေချိုပြဿနာဟာ ပိုမိုကြီးထွားလာမှာ ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေ တိုးတက်လာ တဲ့အတွက် ရေလိုအပ်မှုဟာလဲ တဖြည်းဖြည်း မြင့်တက်လာမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ်ရဲ့ လေ့လာဆန်းစစ်ချက်များအရ ၂၀၃၀ ပြည့်နှစ် ရောက်ရင် ကမ္ဘာ့လူဦးရေရဲ့ သန်း ၁၀၀၀ ကျော်ဟာ သောက်သုံးရေမရရှိမှုနဲ့ သန်း ၃၄၀၀ ခန့် ဟာ ရေချိုရရှိမှု မပြည့်ဝမှုတွေနဲ့ ခြိမ်းခြောက်ခံ ရနိုင်တယ်လို့ ဖော်ပြခဲ့တာကို လေ့လာမှတ်သားခဲ့ ဖူးပါတယ်။
ကမ္ဘာ့ရေထုပမာဏရဲ့ ၃% ခန့်သာရှိသော ရေချိုတွေကို ထုတ်ယူသုံးစွဲနေကြတာဖြစ်လို့ ရေချိုသယံဇာတကို မဖြုန်းတီးဘဲ ထိန်းသိမ်းကာကွယ်သင့်ပါတယ်။ ထုထည်ကြီးမားလှတဲ့ ရေငံ တွေဟာ ပင်လယ်သမုဒ္ဒရာကြီးဘဲ ဖြစ်ပါတယ်။ ဒီရေငံထုကြီးဟာလဲ သက်ရှိတွေ သောက်သုံးရန် အတွက် တိုက်ရိုက်အသုံးဝင်တာ နည်းပါးပေမယ့် ရေချိုသယံဇာတကို ပြန်လည်ဖြည့်တင်းဖို့ အတွက်တော့ အကျိုးရှိပါတယ်။ ပင်လယ်သမုဒ္ဒရာကြီးထဲက ရေတွေ ရေငွေ့ပျံခြင်းဟာ သက်ရှိတွေ အတွက် လိုအပ်တဲ့ ရေချိုပမာဏကို အဓိကဖြစ်ပေါ်စေပါတယ်။ ပင်လယ်သမုဒ္ဒရာကြီးထဲက ရေတွေ ဟာ ရေငွေ့ပျံပြီး မိုးရွာချတဲ့အခါမှာ ၈၀% ခန့်ကတော့ ကျယ်ပြောလှတဲ့ သမုဒ္ဒရာထဲကိုဘဲ မိုးရွာချပြီး ကျန်တဲ့ ၂၀% ခန့်ကတော့ ကုန်းမြေပေါ်မှာ မိုးအဖြစ်ရွာချတယ်လို့ ဆိုကြပါတယ်။ ကုန်းမြေပေါ်မှာ ရွာချလိုက်တဲ့ မိုးရေများဟာ ရေချိုသယံဇာတကို ပြန်လည်ရရှိစေတာ ဖြစ်ပါတယ်။ ဒီရေချိုတွေ ဟာလဲ ပင်လယ်ထဲကို ပြန်လည်စီးဝင်တာရှိသလို မြေအောက်ရေအဖြစ် မြေကြီးထဲစိမ့်ဝင်သွားတာ တွေလဲ ရှိပါတယ်။ ဒီမြေအောက်ရေကိုလည်း ပြန်လည်ထုတ်ယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
မြေအောက်ရေကို ဆင်ခြင်တုံတရားမဲ့စွာ ထုတ်ယူသုံးစွဲနေမယ်ဆိုရင် မြေအောက်ရေ သယံဇာတဆုံးရှုံးကာ တဖြည်းဖြည်းနဲ့ မြေအောက်ရေလွှာဟာ ခမ်းခြောက်သွားနိုင်ပါတယ်။ ဒီအတွက် ရေအရင်းအမြစ်ထိန်းသိမ်းဖို့ အရေးကြီးသလို ရေချိုသုံးစွဲမှုကိုလည်း လိုအပ်တာထက် ပိုထုတ်မသုံးဖို့ အရေးကြီးလှပါတယ်။
မြေအောက်ရေပြန်လည်ဖြည့်တင်းဖို့အတွက် ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံလေးတစ်ခုကို တင်ပြလိုပါတယ်။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်တဲ့ လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းတွေကို ကွင်းဆင်း ဆောင်ရွက်ခဲ့ပါတယ်။ ပေါင်မြို့နယ်၊ ကျုံကကျေးရွာအုပ်စုအတွင်း လူထုဗဟိုပြုစီမံကိန်း (CDD Project) လုပ်ငန်းတွေ ကြည့်ရှုရင်းနဲ့ ှ တာဝန်ရှိသူတွေနဲ့ ကရင်စုကျေးရွာကော်မတီဝင်တွေနဲ့ တွေ့ဆုံပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ ကျေးရွာဖွံ့ဖြိုးရေးနဲ့ ပြည်သူလူထုစီးပွားရေးဝင်ငွေတိုးလုပ်ငန်းကိစ္စတွေ အဓိကထား ဆွေးနွေးကြပါတယ်။ အားလုံးစုဖွဲ့ ဆွေးနွေးနေစဉ်မှာဘဲ ကော်မတီဝင်မဟုတ်တဲ့ အသက် ၅၀ ခန့်ရှိ ကျေးရွာသား ၁ ဦးက ကျေးရွာ အနေနဲ့ မိုးရာသီကုန်ရင် ဒီဇင်ဘာလခန့်ကစပြီး သောက်သုံးရေခက်ခဲကြောင်း၊ သောက်သုံးရေ အတွက် ကျေးလက်မှ ဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးပါတော့တယ်။ ဒါနဲ့ မြို့နယ် ကျေးလက်ဦးစီးမှူးကို လှမ်းကြည့်ပြီး ဆွေးနွေးဖို့ ပြောတဲ့အခါမှာ ကျေးလက်ဦးစီးမှူးက ကျုံက ချောင်းအနီးရှိ ကရင်စုကျေးရွာပိုင် စမ်းတွင်း ၁ တွင်း ရှိကြောင်း၊ နွေရာသီတွင် ပေါင်မြို့နယ်အတွင်း ကျေးရွာတွေ ရေရှားပါးတဲ့အခါ အဆိုပါစမ်းတွင်းမှ ရေကိုရယူပြီး ကျန်တဲ့ကျေးရွာတွေကို မော်တော် ယာဉ်ဖြင့် ရေပေးဝေလျက်ရှိကြောင်း၊ ဒီရွာအနေနဲ့ ရေမရှားပါကြောင်း ဆွေးနွေးခဲ့ပါတယ်။
မြို့နယ်ကျေးလက်ဦးစီးမှူး ဆွေးနွေးပြီးတဲ့အခါမှာတော့ ရေခက်ခဲကြောင်းပြောကြားတဲ့ ကျေးရွာပြည်သူက ဆက်လက်ဆွေးနွေးခဲ့ပါတယ်။ ကရင်စုကျေးရွာအနေနဲ့ အိမ်ခြေ (၂၀၀) ခန့်ရှိ ကြောင်း အများစုမှာ ကိုယ်ပိုင်နဲ့ မိသားစုပိုင် လက်တူးတွင်းများကို အသုံးပြုကြကြောင်း၊ တွင်းတိမ် ၂ တွင်းနဲ့ လက်တူးတွင်း ၁၀၀ ကျော်ရှိကြောင်း၊ နွေရာသီရောက်ရင် လက်တူးတွင်းများ ရေခမ်းခြောက်ကြောင်း ထက်ဝက်ကျော်မှာ ရေလုံးဝမထွက်တော့ဘဲ အချို့လက်တူးတွင်းသာ ရေ ခပ်ယူနိုင်ကြောင်း၊ ကျေးရွာမိသားစုများ မျှယူသုံးစွဲကြကြောင်း ပြောကြားပါတယ်။ ဆက်လက်ပြီး ပြောကြားတာကတော့ ရွာထိပ်ရှိ မော်လမြိုင်- သထုံ မော်တော်ကား လမ်းမကြီးပေါ်တွင် တံတား ၁ စင်းရှိကြောင်း၊ အဆိုပါတံတားမှာ ကျုံကချောင်းပေါ်က တံတားဖြစ်ကြောင်း၊ ကျုံကချောင်းဟာ တောင်ပေါ်ရှိ သပိတ်အိုင်ဆရာတော် တရားကျင့်ခဲ့တဲ့ တောရကျောင်းအနီးမှစတင်ကြောင်း၊ မိုးရာသီ ဆိုလျှင် ချောင်းရေဟာ မပြတ်စီးဆင်းကြောင်း၊ နွေအခါမှာတော့ ချောင်းထဲမှာ ရေမရှိတော့ကြောင်း ဒါကြောင့် မိုးရာသီနောက်ပိုင်းကျရင် ကျေးရွာအနေနဲ့ တံတားထိပ်နားမှာ မြေသားတမံ ပြုလုပ်ကာ ရေကာထားကြောင်း အဲ့ဒီရေတားတမံထဲ ရေရှိနေရင် ကျေးရွာက လက်တူးတွင်းတွေ ရေမခမ်း ကြောင်း၊ ဒါကြောင့် ယခင်ကတော့ နှစ်စဉ်ဆောင်ရွက်ကြကြောင်း၊ မိုးဦးကျရင်တော့ မြေသား ရေတားတမံလေးဟာ ရေစီးနဲ့ ပါသွားကြောင်း၊ အခုတော့ ချောင်းက ကျယ်လာသလို ဘက်ဖိုးငှား လုပ်ရတော့ ကုန်ကျစရိတ်တွေကလည်း ရှိလာတော့ ကျေးရွာအနေနဲ့ ရေတားတမံမလုပ်နိုင် ကြကြောင်း၊ အဲ့ဒီတမံ မလုပ်နိုင်တော့တဲ့ အခု ၃ နှစ်အတွင်းမှာ နွေအခါ ရေခက်ခဲလို့ တင်ပြ ဆွေးနွေးရခြင်းဖြစ်ပါကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားလာပါတယ်။
အဲ့ဒီနေ့မှာဘဲ လူထုဗဟိုပြုစီမံကိန်းကော်မတီဝင်များ၊ တင်ပြသူကျေးရွာသားနှင့်အတူ ယခင်က ကျေးရွာက ဆောင်ရွက်ခဲ့တဲ့ မြေသားတမံမြေနေရာကို ကွင်းဆင်းကြည့်ရင်း ချောင်းရေ စီးဆင်းရာ အနီးအနားမှာ ကျောက်ထုတ်နေတဲ့ လုပ်ကွက် ၂ ကွက်ရယ် တောင်ပေါ်ရှိ သပိတ်အိုင် တောရကျောင်းနဲ့ အေးရိပ်သာ တောရကျောင်းတို့အထိ မြေပြင်အခြေအနေကို ကွင်းဆင်းလေ့လာခဲ့ပါတယ်။ တောတောင်တလျောက် သဘာဝကျောက်တုံးတွေ တွေ့ရှိရပြီး ဒီကျောက်တုံးတွေနဲ့ ရေတားတမံလုပ်ရင်ကောင်းမှာဘဲလို့ အတွေးဝင်လာခဲ့ပါတယ်။
မွန်ပြည်နယ်မှာတော့ နှစ်စဉ် မိုးရေချိန် လက်မ (၂၀၀) ခန့်အထိ မိုးရွာ သွန်းလေ့ရှိပါတယ်။ မိုးတွင်းကာလမှာတော့ မိုးရေများနဲ့အတူ တူးဖော်ထားတဲ့ စက်ရေတွင်းများနှင့် လက်တူးတွင်းများ ဟာ ရေထိပ်နီးကြပါတယ်။ စက်ရေတွင်းတွေရဲ့ အနက်ပေဟာ ၁၀၀-၁၂၀ ခန့် တူးဖော်ထားပြီး မော်တာနှင့် ကွန်ပရက်ဆာ တပ်ဆင်အသုံးပြုကြကာ ရေထိပ်အနေနဲ့ ၁၀' ခန့် ရှိကြပါတယ်။ လက်တူးတွင်းတွေကတော့ မြေပေါ်ကနေ ၃' ခန့်အထိ ရေများပြည့်နေတာကို တွေ့ရပါတယ်။ ဒါပေမယ့် မိုးရာသီကာလကုန် ဒီဇင်ဘာလနောက်ပိုင်းဆိုရင် စက်ရေတွင်းများရဲ့ ရေထိပ်ဟာ ၆၀' ခန့်အထိ ကျဆင်းသွားပြီး တွင်းအနက်ပေ ၁၀၀ ခန့်သာ တူးဖော်ထားတဲ့ တွင်းတွေဆိုရင် လေမှုတ်စက်ကနေ ရေတင်ရာမှာ ရေထွက်နှုန်းနည်းသွားတာကို တွေ့ရပါတယ်။ လက်တူးတွင်းတွေ ဟာလည်း ပေ ၂၀ တူးထားတဲ့ လက်တူးတွင်းတွေဆို လုံးဝရေမထွက်ဘဲ ခမ်းခြောက်သွားတတ်ပါ တယ်။ လေမှုတ်စက်နဲ့ ရေတင်ရာမှာ လေပိုက် ရေထဲမှာ နစ်မြှုပ်ရမဲ့ အချိုး(submergence ratio) မကိုက်တော့လို့ ရေမထွက်တာ၊ ရေထွက်နည်းတာတွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတောင်ပိုင်းမှာရှိတဲ့ မွန်၊ ကရင်၊ တနင်္သာရီဒေသတွေဟာ မြန်မာနိုင်ငံမြောက်ပိုင်း မှာရှိတဲ့ ဒေသတွေနဲ့ နှိုင်းယှဉ်ရင် မုတ်သုန်လေ စောစောဝင်ရောက်တတ်ပြီး မုတ်သုန်လေအထွက်မှာ နောက်ကျတတ်တာမို့ မိုးရာသီကာလဟာ ပိုကြာတာတွေ့ရပါတယ်။ တွင်းတိမ်နဲ့ လက်တူးတွင်းတွေ မြေသားရေကန်တွေ အဓိကထားရေရယူနေကြလို့ မိုးရာသီနဲ့ဆောင်းရာသီကာလတွေမှာ သောက်သုံး ရေ မခက်ခဲပေမဲ့ နွေရာသီကာလရောက်ရင် သောက်သုံးရေ အခက်အခဲတွေ ဖြစ်လာတာတွေ့ရ ပါတယ်။ နွေရာသီကာလသောက်သုံးရေခက်ခဲတဲ့ ကျေးရွာတွေကို လေ့လာချက်အရ တွင်းနက် အသုံးပြုနေတဲ့ကျေးရွာတွေထက် တွင်းတိမ်၊ လက်တူးတွင်း၊ စိမ့်စမ်းနဲ့ မြေသားရေကန် အသုံးပြု သောကျေးရွာတွေဟာ ရေခက်ခဲမှုကို ရင်ဆိုင်ရတာ လေ့လာတွေ့ရှိရပါတယ်။
၂၀၂၀ ခုနှစ်တွင် Covid -19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံရှိ ပြည်သူများ ကပ်ရောဂါနှင့် ရင်ဆိုင်နေရသလို အလုပ်အကိုင်များ မရှိတာကြောင့် ပြည်သူအများ စားဝတ်နေရေး အခက်အခဲ ဖြစ်ပေါ်နေတဲ့ကာလဖြစ်ပါတယ်။ နောက် (၂) လခန့်အကြာမှာတော့ Covid ရောဂါကြောင့် စားဝတ် နေရေးခက်ခဲနေသည့် ကျေးလက်နေပြည်သူများအား အထောက်အကူဖြစ်စေရန်အတွက် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဟာ Cash For Work စီမံကိန်းကို အကောင်အထည်ဖော်ဖို့ Pilot အနေနဲ့ စတင်လာခဲ့ပါတယ်။
Cash For Work ရဲ့ Pilot လုပ်ငန်းကို စီမံကိန်းလမ်းညွှန်ချက်နှင့်အညီ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ကျေးရွာတွေကို လေ့လာရပါတယ်။ ယခင် မတ်လထဲက ကွင်းဆင်း ရောက်ခဲ့တဲ့ ကရင်စုကျေးရွာ ရေခက်ခဲမှုကို ပြန်သတိရရင်း စမ်းချောင်းတလျောက်အနီးမှာရှိတဲ့ ကျောက်တုံးတွေကို လူလုပ်အားနဲ့ ကောက်ယူကာ Check Dam လုပ်ပါက ကျေးရွာရှိ လက်တူး တွင်းတွေ၊ တွင်းတိမ်တွေအတွက် အကျိုးရှိနိုင်တယ်လို့ မြင်ယောင်လာမိပါတယ်။
၂၀၂၀ ခုနှစ်၊ ဇွန်လ (၈) ရက်နေ့မှာတော့ ကရင်စုကျေးရွာအနီး စီးဆင်းနေတဲ့ ကျုံက စမ်းချောင်းကို အသေးစိတ်သွားရောက်လေ့လာပြီး ကျေးရွာတာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ Cash For Work စီမံကိန်းအကြောင်းနဲ့ Check Dam ဆောင်ရွက်မဲ့ လုပ်ငန်းတာဝန်တွေကို အသေးစိတ် ဆွေးနွေးခဲ့ပါတယ်။ ကရင်စုကျေးရွာမှာ ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်နေပြီး Covid -19 ကပ်ရောဂါကြောင့် နေရပ်ပြန်လာသူ (၁၅) ဦးရှိပြီး အိမ်ထောင်စုရဲ့ ၃ ပုံ ၂ ပုံခန့်ဟာ နေ့စားလုပ်သား များဖြစ်ကြောင်း သိခဲ့ရပါတယ်။ ဒီစီမံကိန်းသာ ဆောင်ရွက်ခွင့်ရမည်ဆိုပါက စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေသော နေ့စားလုပ်သားများအတွက် များစွာအထောက်အကူဖြစ်မည်မှာ ကျေးရွာသူ/ ကျေးရွာသားများရဲ့ စကားသံများက သက်သေထူလျက်ရှိပါတယ်။
မိုးရွာသွန်းခြင်း (သို့) စိမ့်တွင်းများမှ စီးဆင်းလာသော ရေများသည် ရေမြောင်းများ၊ ချောင်း ငယ်များ၊ စမ်းချောင်းများအသွင် စီးဆင်းကာ ကန်၊ မြစ်၊ ပင်လယ်အတွင်း စီးဆင်းလေ့ရှိကြပါတယ်။ ထိုသို့စီးဆင်းရာတွင် ရေ၏အလျင်ကြောင့် အရှိန်ဖြင့် စီးဆင်းလေ့ရှိပြီး မိုးရွာသွန်းပြီး ခဏအကြာ တွင် အဆိုပါ ရေမြောင်း၊ ချောင်းငယ်များတွင် ရေအနည်းငယ်သာ ကျန်ရှိပြီး အချို့မှာမူ ရေလုံးဝ မကျန်အောင် စီးဆင်းသွားကြတာကို မြင်တွေ့ရပါတယ်။ Check Dam ဆိုသည်မှာ ရေမြောင်းများ၊ ချောင်းငယ်များ၊ စမ်းချောင်းများအတွင်း စီးဆင်းနေသော ရေ၏အလျင်ကို လျော့နည်းသွားစေရန် အကာအရံအတားအဆီး ပြုလုပ်ခြင်းဖြစ်ပါတယ်။ Check Dam ကို ကျောက်တုံးများ၊ သဲ (သို့) သဲအိတ်များ၊ သစ်လုံးများ စသည်တို့ဖြင့် ဆောင်ရွက်နိုင်ပါတယ်။ Check Dam ဆောင်ရွက်ခြင်း ကြောင့် နှုံးအနယ်များ ထိုင်စေပါတယ်။
ကျေးရွာသူ/ သားများရဲ့ စိတ်အားထက်သန်မှုနဲ့အတူ မိုးကာလရေပေါများပြီး နွေကာလမှာ ရေခက်ခဲကြတဲ့ မွန်ပြည်နယ်အတွင်း နေထိုင်ကြတဲ့ ပြည်သူတွေအတွက် မြေအောက်ရေပြန် ဖြည့်တင်းတဲ့ Check Dam လုပ်ငန်းကို Pilot အဖြစ် Cash For Work စီမံကိန်းရဲ့ Pilot ကျေးရွာ အဖြစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။
Check Dam ကို အကောင်အထည်ဖော်ဆောင်ရွက်လိုသော်လည်း နိုင်ငံတော်မှ ချမှတ်ပေး ထားသော Cash For Work စီမံကိန်းဖြစ်လို့ ရေရှည်တည်တံစေရေးကိုလည်း အလေးထား ဆောင်ရွက်ခဲ့ပါတယ်။ ကျောက်တုံးများနဲ့ Check Dam ဆောင်ရွက်ဖို့ ချောင်းနဘေးရှိ ဝါးတွေနဲ့ တုတ်ရိုက်ခြင်း၊ ကျောက်တုံးများစီချစေရန် ဝါးဖြင့် ပုံဖော်ခြင်း၊ ကျောက်တုံးများ ရေစီးတွင် မပါသွား စေရန် ဝါးခတ်များဖြင့် ကာရံခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)သို့ ဆောင်ရွက်မည့် Design ပေးပို့ကာ ရုံးချုပ်မှ အကြံပြုချက်များနှင့်အတူ Check Dam ကို ဆောင်ရွက်ခဲ့ပါတယ်။
Cash For Work စီမံကိန်းညွှန်ကြားချက်နှင့်အညီ ချောင်းပတ်ဝန်းကျင်ရှိ ကျောက်တုံးများကို လူအားဖြင့် ကောက်ယူခြင်း၊ သယ်ယူခြင်း၊ Check Dam ပြုလုပ်ခြင်းတို့ကို ကျေးရွာလူထု လုပ်အားဖြင့် ဆောင်ရွက်ခဲ့ကြပါတယ်။ လုပ်အားခကိုလည်း ၁ ဦး/ ၁ ရက်လုပ်အားခ ၄၈၀၀ ကျပ် နှုန်းဖြင့် ကျေးရွာပြည်သူလူထု သဘောတူညီချက်ဖြင့် ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။ အများအကျိုး အတွက် ဆောင်ရွက်ရာမှာ စိတ်စေတနာအကျိုးပေးတယ်ဆိုရမလားဘဲ ချောင်းအနီး ပတ်ဝန်းကျင် မှာရှိတဲ့ ကျောက်ထုတ်လုပ်ငန်းလုပ်ကိုင်နေတဲ့ လုပ်ကွက်ငယ် ၂ ခုကလဲ ချောင်းနဘေး ပတ်ဝန်းကျင် ရှိ ကျောက်များကို လုပ်အားဖြင့် ကောက်ယူသယ်ပို့နေတာတွေ့တော့ သူတို့လုပ်ကွက်ရှိ ကျောက်ခွဲ စက်မှ ကျောက်များကို အခကြေးငွေမယူဘဲ ထော်လာဂျီယာဉ်ငယ်များဖြင့် လုပ်ငန်းဆောင်ရွက်မည့် Check Dam နေရာသို့ အရောက်ပေးပို့ ကူညီတာကို ယနေ့တိုင်တွေးမိရင် ဝမ်းသာပီတိ ဖြစ်ရ ပါတယ်။
စီမံကိန်းခွင့်ပြုငွေကျပ် သိန်း (၁၀၀) ဖြင့် မူလက Check Dam (၅) ခုသာ ဆောင်ရွက်ရန် လျထားတွက်ချက်ခဲ့သော်လည်း Check Dam အတွက် ကျောက်တုံးများ ဆိုဒ်အရောက် ပို့ဆောင် ကူညီပေးခဲ့လို့ Check Dam ၁၂ ခုအထိ ဆောင်ရွက်နိုင်ပီး Cash For Work စီမံကိန်းရဲ့ ရည်ရွယ်ချက်အတိုင်း လုပ်အားခကို ၉၀% အထိ ပေးချေကာ ပစ္စည်းဝယ်ယူခြင်းနှင့် အထွေထွေ အသုံးစရိတ်အတွက် ၁၀% သုံးစွဲနိုင်ခဲ့ပါတယ်။ လုပ်အားခနှင့် ပစ္စည်းအချိုးသည် ၉၀:၁၀ အထိ Cash For Work ရဲ့ Pilot စီမံကိန်းကို အောင်မြင်ထိရောက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
အကျိုးကျေးဇူးအနေဖြင့် ပေါင်မြို့နယ်၊ ကျုံကကျေးရွာအုပ်စု၊ ကရင်စုကျေးရွာတွင် အိမ်ခြေ (၂၀၀) ကျော်၊ လူဦးရေး(၁၃၀၀)ကျော် နေထိုင်လျက်ရှိရာ ကျောက်စီရေတားတမံ Check Dam မဆောင်ရွက်မီက နွေအခါတွင် ကျေးရွာရှိ လက်တူးတွင်းများ ရေခမ်းခြောက်ကာ ရေရှားပါးမှုဒဏ်ကို နှစ်စဉ်ခံစားခဲ့ရသော်လည်း Check Dam ဆောင်ရွက်ပြီးနောက်ပိုင်း နွေရာသီရေရှားပါးမှုဒဏ် မခံစားရတော့ပဲ ကျေးရွာရှိ လက်တူးတွင်းများနှင့် ဘေးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ လက်တူးတွင်း များလည်း ရေခမ်းခြောက်မှုမရှိကြောင်း စသည့်အကျိုးကျေးဇူးများကို ခံစားနေကြရပြီဖြစ်ပါတယ်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် (၆) (SDG Goals 6) နှင့်အညီ ၂၀၃၀ ခုနှစ်တွင် လူသားအားလုံး သန့်ရှင်း၍ ဘေးကင်းသော သောက်သုံးရေ လုံလောက်မျှတစွာရရှိရေး မျှော်မှန်းချက်နှင့်အညီ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှ စတင်ကာ ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်အထိ တွင်းတိမ် (၆၆၉၆) တွင်း၊ တွင်းနက်(၈၉၁၁) တွင်း၊ လက်တူး တွင်း(၄၂၆၁) တွင်း၊ မြေသားရေကန် (၅၃၉၈) ကန်၊ စိမ့်စမ်းရေသွယ်လုပ်ငန်း(၅၁၉၄) ခုနှင့် အခြားဆက်စပ်လုပ်ငန်း (၁၂၈၉၀) ခုတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
ကျေးလက်ဒေသရေရရှိရေးလုပ်ငန်းများကို ကျေးလက်ဦးစီးဌာနအပြင် အခြားဆက်စပ်ဌာန များမှလည်း ရေရရှိရေးကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါ့အပြင်ကျေးရွာအတွင်း ပုဂ္ဂလိကပိုင် တွင်းတိမ်များ၊ လက်တူးတွင်းများ တူးဖော်ခြင်းဖြင့်လည်း မြေအောက်ရေကို ရယူသုံးစွဲလျက်ရှိ ကြပါတယ်။ အလွန်နည်းတဲ့ ရေချိုတွေကို လူသားတွေအနေနဲ့ မြေအောက်ရေကနေ မရှိမဖြစ် ထုတ်ယူသုံးစွဲခြင်း၊ လူဦးရေတိုးပွားလာခြင်းနှင့် ရာသီဥတုဖောက်ပြန်ခြင်းတို့ကြောင့် မြေအောက်ရေ သယံဇာတဆုံးရှုံးကာ တဖြည်းဖြည်းနဲ့ မြေအောက်ရေလွှာဟာ ခမ်းခြောက်သွားနိုင်ပါတယ်။ မြေအောက်ရေလွှာများ ခမ်းခြောက်မှုလျော့နည်းစေရေးအတွက် မိုးကာလ မိုးရေများစီးဆင်းခြင်း၊ စိမ့်ထွက်များ၊ ချောင်းငယ်၊ မြောင်းငယ်များမှ ရေများစီးဆင်းသည့်နေရာများတွင် ကုန်ကျစရိတ် သက်သာသော Check Dam များ ပြုလုပ်သင့်ပါတယ်။
၂၂.၃.၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့ရေနေ့ (၂၀၂၄) အခမ်းအနားတွင် နေပြည်တော် (MICC 2) ခန်းမ၌ ဝန်ကြီးဌာနများ၏ ပြခန်းများပြသထားမှုကို နိုင်ငံတော် အကြီးအကဲမှ လိုက်လံကြည့်ရှုရာတွင် ရေရရှိရေးလုပ်ငန်းဆောင်ရွက်ရာတွင် တွင်းတိမ်/ တွင်းနက်မှ ရေထုတ်ယူသုံးစွဲ နေခြင်းကြောင့် မြေအောက်ရေ ပြန်လည်ဖြည့်တင်းရေးလုပ်ငန်းများ ဆောင်ရွက် ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါတယ်။
၅.၆.၂၀၂၄ ရက်နေ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင်လည်း နေပြည်တော် (MICC 2) ၌ ဝန်ကြီးဌာနပြခန်းများ ပြသထားရာ Check Dam အား ကျောက်စီ တမံဖြင့် ပြုလုပ်ခြင်း၊ သစ်၊ ဝါးများဖြင့် တမံပြုလုပ်ခြင်း၊ သစ်ကိုင်းသစ်ခက်များဖြင့် တမံပြုလုပ်ခြင်း စသည်တို့ဖြင့် မြေဆီလွှာထိန်းသိမ်းရေးအတွက် နှုန်းထိန်းတမံငယ်များ တည်ဆောက်ထားသည် ကိုလည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြခန်းတွင် လေ့လာခဲ့ရ ပါတယ်။
ကျေးလက်ဒေသသောက်သုံးရေရရှိရေးအတွက် တွင်းတိမ်၊ လက်တူးတွင်း၊ စိမ့်စမ်းနဲ့ မြေသားရေကန် အသုံးပြုနေတဲ့ ကျေးလက်ဒေသတွေအနေနဲ့ Check Dam များပြုလုပ်ခြင်းဖြင့် ရေစီးဆင်းမှုကို နှေးကွေးကာ မြေကြီးထဲသို့ ရေများ စိမ့်ဝင်စေရန် အချိန်ပိုမိုရရှိခြင်းကြောင့် မြေအောက်ရေ ပြန်လည်ဖြည့်တင်းရာတွင် ထိရောက်မှုရှိလှပါတယ်။ ဒါကြောင့် ရေစီးဆင်းနေသော မြောင်းငယ်၊ ချောင်းငယ်များတွင် Check Dam များ ပြုလုပ်ခြင်းဖြင့် မြေဆီလွှာထိန်းသိမ်းခြင်း၊ ပတ်ဝန်းကျင်တွင် ရေများ စိမ့်ဝင်နိုင်ပြီး မြေအောက်ရေ ပြန်လည်ဖြည့်တင်ခြင်း၊ သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေခြင်း၊ စိမ့်ထွက်များ ရေထွက်နှုန်း မလျော့စေရေး ပြန်လည်ဖြည့်တင်း ခြင်း လက်တူးတွင်းများ ရေခမ်းခြောက်မှု သက်သာစေခြင်းတို့ကြောင့် ယခုနှစ် မိုးရာသီမှ အစပြုကာ Check Dam ငယ်များကို မြန်မာနိုင်ငံအနှံအပြား တပိုင်တနိုင် ဆောင်ရွက်ကြပါလို့ တိုက်တွန်းရင်း နွေရာသီကာလသောက်သုံးရေခက်ခဲမှုများ ဖြေရှင်းနိုင်ကြပါ စေလို့ ဆုတောင်းပေးလိုက်ပါတယ်။
စိုးမောင်(စက်မှုတက္ကသိုလ်)
မြေအောက်ရေပြန်လည်ဖြည့်တင်းဖို့ Check Dam များကို ဆောင်ရွက်ကြပါစို့
သက်ရှိများအတွက် ရေဟာ အသက်တမျှတန်ဖိုးရှိလှပါတယ်။ ရေလို့ပြောလိုက်တဲ့နေရာမှာ ကမ္ဘာပေါ်မှာ ရေချိုနဲ့ ရေငံ ရှိပါသည်။ ရေငံကိုတော့ လူတွေအတွက် အနည်းငယ်သာ အသုံးချနိုင် တယ် ဆိုသော်လည်း စီးပွားရေးအဖြစ် ကုန်စည်များ သယ်ပို့ရာမှာတော့ ရေဟာ အသုံးဝင်နေတာ တွေ့ရပါသည်။ ကမ္ဘာ့ရေထုရဲ့ ၉၇ % ဟာ ရေငံတွေလို့မှတ်သားရပါသည်။ ရေချိုအနေနဲ့ ၃% ခန့်သာရှိကြောင်း လေ့လာခဲ့ဖူးပါသည်။ ဒီရေချိုပမာဏထဲမှာ ၁.၉၇% ဟာ ရေခဲတောင်တွေ၊ ရေခဲမြစ်တွေရဲ့ ပမာဏဖြစ်ပြီး ၀.၅% ကတော့ မြေအောက်ရေနဲ့ ၀.၃% ကျော်ကတော့ မြစ်ချောင်း၊ အင်းအိုင်များ၊ ရေကန်များမှာရှိတဲ့ ရေပမာဏဘဲ ဖြစ်တယ်လို့မှတ်သားခဲ့ဖူးပါသည်။
သက်ရှိများနေ့စဉ်အသုံးပြုနေတဲ့ ရေဟာ ရေချိုတွေသာ ဖြစ်ကြပါသည်။ အလွန်နည်းပါးတဲ့ ရေချိုတွေကို လူသားတွေအနေနဲ့ မရှိမဖြစ် အသုံးပြုနေကြခြင်း ဖြစ်ပါသည်။ ကမ္ဘာပေါ်မှာ လူဦးရေ တိုးပွားလာတဲ့အမျှ အလွန်နည်းပါးလှတဲ့ ရေချိုကို ထုတ်ယူသုံးစွဲနေကြတာကို လေ့လာကြည့်ရင် နောင်တချိန်မှာ ရေချိုပြဿနာဟာ ပိုမိုကြီးထွားလာမှာ ဖြစ်ပါသည်။ ကမ္ဘာ့လူဦးရေ တိုးတက်လာ တဲ့အတွက် ရေလိုအပ်မှုဟာလဲ တဖြည်းဖြည်း မြင့်တက်လာမှာ ဖြစ်ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ်ရဲ့ လေ့လာဆန်းစစ်ချက်များအရ ၂၀၃၀ ပြည့်နှစ် ရောက်ရင် ကမ္ဘာ့လူဦးရေရဲ့ သန်း ၁၀၀၀ ကျော်ဟာ သောက်သုံးရေမရရှိမှုနဲ့ သန်း ၃၄၀၀ ခန့် ဟာ ရေချိုရရှိမှု မပြည့်ဝမှုတွေနဲ့ ခြိမ်းခြောက်ခံ ရနိုင်တယ်လို့ ဖော်ပြခဲ့တာကို လေ့လာမှတ်သားခဲ့ ဖူးပါသည်။
ကမ္ဘာ့ရေထုပမာဏရဲ့ ၃% ခန့်သာရှိသော ရေချိုတွေကို ထုတ်ယူသုံးစွဲနေကြတာဖြစ်လို့ ရေချိုသယံဇာတကို မဖြုန်းတီးဘဲ ထိန်းသိမ်းကာကွယ်သင့်ပါသည်။ ထုထည်ကြီးမားလှတဲ့ ရေငံ တွေဟာ ပင်လယ်သမုဒ္ဒရာကြီးဘဲ ဖြစ်ပါသည်။ ဒီရေငံထုကြီးဟာလဲ သက်ရှိတွေ သောက်သုံးရန် အတွက် တိုက်ရိုက်အသုံးဝင်တာ နည်းပါးပေမယ့် ရေချိုသယံဇာတကို ပြန်လည်ဖြည့်တင်းဖို့ အတွက်တော့ အကျိုးရှိပါသည်။ ပင်လယ်သမုဒ္ဒရာကြီးထဲက ရေတွေ ရေငွေ့ပျံခြင်းဟာ သက်ရှိတွေ အတွက် လိုအပ်တဲ့ ရေချိုပမာဏကို အဓိကဖြစ်ပေါ်စေပါသည်။ ပင်လယ်သမုဒ္ဒရာကြီးထဲက ရေတွေ ဟာ ရေငွေ့ပျံပြီး မိုးရွာချတဲ့အခါမှာ ၈၀% ခန့်ကတော့ ကျယ်ပြောလှတဲ့ သမုဒ္ဒရာထဲကိုဘဲ မိုးရွာချပြီး ကျန်တဲ့ ၂၀% ခန့်ကတော့ ကုန်းမြေပေါ်မှာ မိုးအဖြစ်ရွာချတယ်လို့ ဆိုကြပါသည်။ ကုန်းမြေပေါ်မှာ ရွာချလိုက်တဲ့ မိုးရေများဟာ ရေချိုသယံဇာတကို ပြန်လည်ရရှိစေတာ ဖြစ်ပါသည်။ ဒီရေချိုတွေ ဟာလဲ ပင်လယ်ထဲကို ပြန်လည်စီးဝင်တာရှိသလို မြေအောက်ရေအဖြစ် မြေကြီးထဲစိမ့်ဝင်သွားတာ တွေလဲ ရှိပါသည်။ ဒီမြေအောက်ရေကိုလည်း ပြန်လည်ထုတ်ယူအသုံးပြုနိုင်မှာ ဖြစ်ပါသည်။
မြေအောက်ရေကို ဆင်ခြင်တုံတရားမဲ့စွာ ထုတ်ယူသုံးစွဲနေမယ်ဆိုရင် မြေအောက်ရေ သယံဇာတဆုံးရှုံးကာ တဖြည်းဖြည်းနဲ့ မြေအောက်ရေလွှာဟာ ခမ်းခြောက်သွားနိုင်ပါသည်။ ဒီအတွက် ရေအရင်းအမြစ်ထိန်းသိမ်းဖို့ အရေးကြီးသလို ရေချိုသုံးစွဲမှုကိုလည်း လိုအပ်တာထက် ပိုထုတ်မသုံးဖို့ အရေးကြီးလှပါသည်။
မြေအောက်ရေပြန်လည်ဖြည့်တင်းဖို့အတွက် ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံလေးတစ်ခုကို တင်ပြလိုပါသည်။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်တဲ့ လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းတွေကို ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။ ပေါင်မြို့နယ်၊ ကျုံကကျေးရွာအုပ်စုအတွင်း လူထုဗဟိုပြုစီမံကိန်း (CDD Project) လုပ်ငန်းတွေ ကြည့်ရှုရင်းနဲ့ တာဝန်ရှိသူတွေနဲ့ ကရင်စုကျေးရွာကော်မတီဝင်တွေနဲ့ တွေ့ဆုံပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ ကျေးရွာဖွံ့ဖြိုးရေးနဲ့ ပြည်သူလူထုစီးပွားရေးဝင်ငွေတိုးလုပ်ငန်းကိစ္စတွေ အဓိကထား ဆွေးနွေးကြပါတယ်။ အားလုံးစုဖွဲ့ ဆွေးနွေးနေစဉ်မှာဘဲ ကော်မတီဝင်မဟုတ်တဲ့ အသက် ၅၀ ခန့်ရှိ ကျေးရွာသား ၁ ဦးက ကျေးရွာ အနေနဲ့ မိုးရာသီကုန်ရင် ဒီဇင်ဘာလခန့်ကစပြီး သောက်သုံးရေခက်ခဲကြောင်း၊ သောက်သုံးရေ အတွက် ကျေးလက်မှ ဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးပါတော့သည်။ ဒါနဲ့ မြို့နယ် ကျေးလက်ဦးစီးမှူးကို လှမ်းကြည့်ပြီး ဆွေးနွေးဖို့ ပြောတဲ့အခါမှာ ကျေးလက်ဦးစီးမှူးက ကျုံက ချောင်းအနီးရှိ ကရင်စုကျေးရွာပိုင် စမ်းတွင်း ၁ တွင်း ရှိကြောင်း၊ နွေရာသီတွင် ပေါင်မြို့နယ်အတွင်း ကျေးရွာတွေ ရေရှားပါးတဲ့အခါ အဆိုပါစမ်းတွင်းမှ ရေကိုရယူပြီး ကျန်တဲ့ကျေးရွာတွေကို မော်တော် ယာဉ်ဖြင့် ရေပေးဝေလျက်ရှိကြောင်း၊ ဒီရွာအနေနဲ့ ရေမရှားပါကြောင်း ဆွေးနွေးခဲ့ပါသည်။
မြို့နယ်ကျေးလက်ဦးစီးမှူး ဆွေးနွေးပြီးတဲ့အခါမှာတော့ ရေခက်ခဲကြောင်းပြောကြားတဲ့ ကျေးရွာပြည်သူက ဆက်လက်ဆွေးနွေးခဲ့ပါသည်။ ကရင်စုကျေးရွာအနေနဲ့ အိမ်ခြေ (၂၀၀) ခန့်ရှိ ကြောင်း အများစုမှာ ကိုယ်ပိုင်နဲ့ မိသားစုပိုင် လက်တူးတွင်းများကို အသုံးပြုကြကြောင်း၊ တွင်းတိမ် ၂ တွင်းနဲ့ လက်တူးတွင်း ၁၀၀ ကျော်ရှိကြောင်း၊ နွေရာသီရောက်ရင် လက်တူးတွင်းများ ရေခမ်းခြောက်ကြောင်း ထက်ဝက်ကျော်မှာ ရေလုံးဝမထွက်တော့ဘဲ အချို့လက်တူးတွင်းသာ ရေ ခပ်ယူနိုင်ကြောင်း၊ ကျေးရွာမိသားစုများ မျှယူသုံးစွဲကြကြောင်း ပြောကြားပါသည်။ ဆက်လက်ပြီး ပြောကြားတာကတော့ ရွာထိပ်ရှိ မော်လမြိုင်- သထုံ မော်တော်ကား လမ်းမကြီးပေါ်တွင် တံတား ၁ စင်းရှိကြောင်း၊ အဆိုပါတံတားမှာ ကျုံကချောင်းပေါ်က တံတားဖြစ်ကြောင်း၊ ကျုံကချောင်းဟာ တောင်ပေါ်ရှိ သပိတ်အိုင်ဆရာတော် တရားကျင့်ခဲ့တဲ့ တောရကျောင်းအနီးမှစတင်ကြောင်း၊ မိုးရာသီ ဆိုလျှင် ချောင်းရေဟာ မပြတ်စီးဆင်းကြောင်း၊ နွေအခါမှာတော့ ချောင်းထဲမှာ ရေမရှိတော့ကြောင်း ဒါကြောင့် မိုးရာသီနောက်ပိုင်းကျရင် ကျေးရွာအနေနဲ့ တံတားထိပ်နားမှာ မြေသားတမံ ပြုလုပ်ကာ ရေကာထားကြောင်း အဲ့ဒီရေတားတမံထဲ ရေရှိနေရင် ကျေးရွာက လက်တူးတွင်းတွေ ရေမခမ်း ကြောင်း၊ ဒါကြောင့် ယခင်ကတော့ နှစ်စဉ်ဆောင်ရွက်ကြကြောင်း၊ မိုးဦးကျရင်တော့ မြေသား ရေတားတမံလေးဟာ ရေစီးနဲ့ ပါသွားကြောင်း၊ အခုတော့ ချောင်းက ကျယ်လာသလို ဘက်ဖိုးငှား လုပ်ရတော့ ကုန်ကျစရိတ်တွေကလည်း ရှိလာတော့ ကျေးရွာအနေနဲ့ ရေတားတမံမလုပ်နိုင် ကြကြောင်း၊ အဲ့ဒီတမံ မလုပ်နိုင်တော့တဲ့ အခု ၃ နှစ်အတွင်းမှာ နွေအခါ ရေခက်ခဲလို့ တင်ပြ ဆွေးနွေးရခြင်းဖြစ်ပါကြောင်း ပြောကြားလာပါသည်။
အဲ့ဒီနေ့မှာဘဲ လူထုဗဟိုပြုစီမံကိန်းကော်မတီဝင်များ၊ တင်ပြသူကျေးရွာသားနှင့်အတူ ယခင်က ကျေးရွာက ဆောင်ရွက်ခဲ့တဲ့ မြေသားတမံမြေနေရာကို ကွင်းဆင်းကြည့်ရင်း အနီးအနားမှာ ကျောက်ထုတ်နေတဲ့ လုပ်ကွက် ၂ ကွက်ရယ် တောင်ပေါ်ရှိ သပိတ်အိုင်တောရကျောင်းနဲ့ အေးရိပ်သာ တောရကျောင်းတို့အထိ မြေပြင်အခြေအနေကို ကွင်းဆင်းလေ့လာခဲ့ပါသည်။ တောင်တလျောက် သဘာဝကျောက်တုံးတွေ တွေ့ရှိရပြီး ဒီကျောက်တုံးတွေနဲ့ ရေတားတမံလုပ်ရင်ကောင်းမှာဘဲလို့ အတွေးဝင်လာခဲ့ပါသည်။ မွန်ပြည်နယ်မှာတော့ နှစ်စဉ် မိုးရေချိန် လက်မ (၂၀၀) ခန့်အထိ မိုးရွာ သွန်းလေ့ရှိပါသည်။ မိုးတွင်းကာလမှာတော့ မိုးရေများနဲ့အတူ တူးဖော်ထားတဲ့ စက်ရေတွင်းများနှင့် လက်တူးတွင်းများဟာ ရေထိပ်နီးကြပါသည်။ စက်ရေတွင်းတွေရဲ့ အနက်ပေဟာ ၁၀၀-၁၂၀ ခန့် တူးဖော်ထားပြီး မော်တာနှင့် ကွန်ပရက်ဆာ တပ်ဆင်အသုံးပြုကြကာ ရေထိပ်အနေနဲ့ ၁၀' ခန့် ရှိကြပါသည်။ လက်တူးတွင်းတွေကတော့ မြေပေါ်ကနေ ၃' ခန့်အထိ ရေများပြည့်နေတာကို တွေ့ရပါသည်။ ဒါပေမယ့် မိုးရာသီကာလကုန် ဒီဇင်ဘာလလောက်ဆိုရင် စက်ရေတွင်းများရဲ့ ရေထိပ်ဟာ ၆၀' ခန့် အထိ ကျဆင်းသွားပြီး တွင်းအနက်ပေ ၁၀၀ ခန့်သာ တူးဖော်ထားတဲ့ တွင်း တွေဆိုရင် လေမှုတ်စက်ကနေ ရေတင်ရာမှာ ရေထွက်နှုန်းနည်းသွားတာကို တွေ့ရပါသည်။ လက်တူးတွင်းတွေဟာလည်း ပေ ၂၀ တူးထားတဲ့ လက်တူးတွင်းတွေဆို လုံးဝရေမထွက်ဘဲ ခမ်းခြောက်သွားတတ်ပါသည်။
မြန်မာနိုင်ငံတောင်ပိုင်းမှာရှိတဲ့ မွန်၊ ကရင်၊ တနင်္သာရီဒေသတွေဟာ မြန်မာနိုင်ငံမြောက်ပိုင်း မှာရှိတဲ့ ဒေသတွေနဲ့ နှိုင်းယှဉ်ရင် မုတ်သုန်လေ စောစောဝင်ရောက်တတ်ပြီး မုတ်သုန်လေအထွက်မှာ နောက်ကျတတ်တာမို့ မိုးရာသီကာလဟာ ပိုကြာတာတွေ့ရပါသည်။ ၂၀၂၀ ခုနှစ်တွင် Covid -19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံရှိ ပြည်သူများ ကပ်ရောဂါနှင့် ရင်ဆိုင်နေရသလို အလုပ်အကိုင်များ မရှိတာကြောင့် ပြည်သူအများ စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေတဲ့ကာလဖြစ်ပါသည်။ နောက် (၂) လခန့်အကြာမှာတော့ Covid ရောဂါကြောင့် စားဝတ်နေရေးခက်ခဲနေသည့် ကျေးလက်နေ ပြည်သူများအား အထောက်အကူဖြစ်စေရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဟာ Cash For Work စီမံကိန်းကို အကောင်အထည်ဖော်ဖို့ Pilot အနေနဲ့ စတင်လာခဲ့ပါသည်။
Cash For Work ရဲ့ Pilot လုပ်ငန်းကို စီမံကိန်းလမ်းညွှန်ချက်နှင့်အညီ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ကျေးရွာတွေကို လေ့လာရပါသည်။ ယခင် မတ်လထဲက ကွင်းဆင်း ရောက်ခဲ့တဲ့ ကရင်စုကျေးရွာ ရေခက်ခဲမှုကို ပြန်သတိရရင်း စမ်းချောင်းတလျောက်အနီးမှာရှိတဲ့ ကျောက်တုံးတွေကို လူလုပ်အားနဲ့ ကောက်ယူကာ Check Dam လုပ်ပါက ကျေးရွာရှိ လက်တူး တွင်းတွေ၊ တွင်းတိမ်တွေအတွက် အကျိုးရှိနိုင်တယ်လို့ မြင်ယောင်လာမိပါသည်။
၂၀၂၀ ခုနှစ်၊ ဇွန်လ (၈) ရက်နေ့မှာတော့ ကရင်စုကျေးရွာအနီး စီးဆင်းနေတဲ့ ကျုံက စမ်းချောင်းကို အသေးစိတ်သွားရောက်လေ့လာပြီး ကျေးရွာတာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ Cash For Work စီမံကိန်းအကြောင်းနဲ့ Check Dam ဆောင်ရွက်မဲ့ လုပ်ငန်းတာဝန်တွေကို အသေးစိတ် ဆွေးနွေးခဲ့ပါသည်။ ကရင်စုကျေးရွာမှာ ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်နေပြီး Covid -19 ကပ်ရောဂါကြောင့် နေရပ်ပြန်လာသူ (၁၅) ဦးရှိပြီး အိမ်ထောင်စုရဲ့ ၃ ပုံ ၂ ပုံခန့်ဟာ နေ့စားလုပ်သား များဖြစ်ကြောင်း သိခဲ့ရပါသည်။ ဒီစီမံကိန်းသာ ဆောင်ရွက်ခွင့်ရမည်ဆိုပါက စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေသော နေ့စားလုပ်သားများအတွက် များစွာအထောက်အကူဖြစ်မည်မှာ ကျေးရွာသူ/ ကျေးရွာသားများရဲ့ စကားသံများက သက်သေထူလျက်ရှိပါသည်။
မိုးရွာသွန်းခြင်း (သို့) စိမ့်တွင်းများမှ စီးဆင်းလာသော ရေများသည် ရေမြောင်းများ၊ ချောင်း ငယ်များ၊ စမ်းချောင်းများအသွင် စီးဆင်းကာ ကန်၊ မြစ်၊ ပင်လယ်အတွင်း စီးဆင်းလေ့ရှိကြပါသည်။ ထိုသို့စီးဆင်းရာတွင် ရေ၏အလျင်ကြောင့် အရှိန်ဖြင့် စီးဆင်းလေ့ရှိပြီး မိုးရွာသွန်းပြီး ခဏအကြာ တွင် အဆိုပါ ရေမြောင်း၊ ချောင်းငယ်များတွင် ရေအနည်းငယ်သာ ကျန်ရှိပြီး အချို့မှာမူ ရေလုံးဝ မကျန်အောင် စီးဆင်းသွားကြတာကို မြင်တွေ့ရပါသည်။ Check Dam ဆိုသည်မှာ ရေမြောင်းများ၊ ချောင်းငယ်များ၊ စမ်းချောင်းများအတွင်း စီးဆင်းနေသော ရေ၏အလျင်ကို လျော့နည်းသွားစေရန် အကာအရံအတားအဆီး ပြုလုပ်ခြင်းဖြစ်ပါသည်။ Check Dam ကို ကျောက်တုံးများ၊ သဲ (သို့) သဲအိတ်များ၊ သစ်လုံးများ စသည်တို့ဖြင့် ဆောင်ရွက်နိုင်ပါသည်။ Check Dam ဆောင်ရွက်ခြင်း ကြောင့် နှုံးအနယ်များ ထိုင်စေပါသည်။
ကျေးရွာသူ/ သားများရဲ့ စိတ်အားထက်သန်မှုနဲ့အတူ မိုးကာလရေပေါများပြီး နွေကာလမှာ ရေခက်ခဲကြတဲ့ မွန်ပြည်နယ်အတွင်း နေထိုင်ကြတဲ့ ပြည်သူတွေအတွက် မြေအောက်ရေပြန် ဖြည့်တင်းတဲ့ Check Dam လုပ်ငန်းကို Pilot အဖြစ် Cash For Work စီမံကိန်းရဲ့ Pilot ကျေးရွာ အဖြစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။
Check Dam ကို အကောင်အထည်ဖော်ဆောင်ရွက်လိုသော်လည်း နိုင်ငံတော်မှ ချမှတ်ပေး ထားသော Cash For Work စီမံကိန်းဖြစ်လို့ ရေရှည်တည်တံစေရေးကိုလည်း အလေးထား ဆောင်ရွက်ခဲ့ပါသည်။ ကျောက်တုံးများနဲ့ Check Dam ဆောင်ရွက်ဖို့ ချောင်းနဘေးရှိ ဝါးတွေနဲ့ တုတ်ရိုက်ခြင်း၊ ကျောက်တုံးများစီချစေရန် ဝါးဖြင့် ပုံဖော်ခြင်း၊ ကျောက်တုံးများ ရေစီးတွင် မပါသွား စေရန် ဝါးခတ်များဖြင့် ကာရံခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)သို့ ဆောင်ရွက်မည့် Design ပေးပို့ကာ ရုံးချုပ်မှ အကြံပြုချက်များနှင့်အတူ Check Dam ကို ဆောင်ရွက်ခဲ့ပါသည်။
Cash For Work စီမံကိန်းညွှန်ကြားချက်နှင့်အညီ ချောင်းပတ်ဝန်းကျင်ရှိ ကျောက်တုံးများကို လူအားဖြင့် ကောက်ယူခြင်း၊ သယ်ယူခြင်း၊ Check Dam ပြုလုပ်ခြင်းတို့ကို ကျေးရွာလူထု လုပ်အားဖြင့် ဆောင်ရွက်ခဲ့ကြပါသည်။ လုပ်အားခကိုလည်း ၁ ဦး/ ၁ ရက်လုပ်အားခ ၄၈၀၀ ကျပ် နှုန်းဖြင့် ကျေးရွာပြည်သူလူထု သဘောတူညီချက်ဖြင့် ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ အများအကျိုး အတွက် ဆောင်ရွက်ရာမှာ စိတ်စေတနာအကျိုးပေးတယ်ဆိုရမလားဘဲ ချောင်းအနီး ပတ်ဝန်းကျင် မှာရှိတဲ့ ကျောက်ထုတ်လုပ်ငန်းလုပ်ကိုင်နေတဲ့ လုပ်ကွက်ငယ် ၂ ခုကလဲ ချောင်းနဘေး ပတ်ဝန်းကျင် ရှိ ကျောက်များ၊ လုပ်အားဖြင့် ကောက်ယူသယ်ပို့နေတာတွေ့တော့ သူတို့လုပ်ကွက်ရှိ ကျောက်ခွဲ စက်မှ ကျောက်များကို အခကြေးငွေမယူဘဲ ထော်လာဂျီယာဉ်ငယ်များဖြင့် လုပ်ငန်းဆောင်ရွက်မည့် Check Dam နေရာသို့ အရောက်ပေးပို့ ကူညီတာကို ယနေ့တိုင်တွေးမိရင် ဝမ်းသာပီတိ ဖြစ်ရ ပါသည်။
စီမံကိန်းခွင့်ပြုငွေကျပ် သိန်း (၁၀၀) ဖြင့် မူလက Check Dam (၅) ခုသာ ဆောင်ရွက်ရန် လျထားတွက်ချက်ခဲ့သော်လည်း Check Dam အတွက် ကျောက်တုံးများ ဆိုဒ်အရောက် ပို့ဆောင် ကူညီပေးခဲ့လို့ Check Dam ၁၂ ခုအထိ ဆောင်ရွက်နိုင်ပီး Cash For Work စီမံကိန်းရဲ့ ရည်ရွယ်ချက်အတိုင်း လုပ်အားခကို ၉၀% အထိ ပေးချေကာ ပစ္စည်းဝယ်ယူခြင်းနှင့် အထွေထွေ အသုံးစရိတ်အတွက် ၁၀% သုံးစွဲနိုင်ခဲ့ပါသည်။ လုပ်အားခနှင့် ပစ္စည်းအချိုးသည် ၉၀:၁၀ အထိ Cash For Work ရဲ့ Pilot စီမံကိန်းကို အောင်မြင်ထိရောက်အောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။
အကျိုးကျေးဇူးအနေဖြင့် ပေါင်မြို့နယ်၊ ကျုံကကျေးရွာအုပ်စု၊ ကရင်စုကျေးရွာတွင် အိမ်ခြေ (၂၀၀) ကျော်၊ လူဦးရေး(၁၃၀၀)ကျော် နေထိုင်လျက်ရှိရာ ကျောက်စီရေတားတမံ Check Dam မဆောင်ရွက်မီက နွေအခါတွင် ကျေးရွာရှိ လက်တူးတွင်းများ ရေခမ်းခြောက်ကာ ရေရှားပါးမှုဒဏ်ကို နှစ်စဉ်ခံစားခဲ့ရသော်လည်း Check Dam ဆောင်ရွက်ပြီးနောက်ပိုင်း နွေရာသီရေရှားပါးမှုဒဏ် မခံစားရတော့ပဲ ကျေးရွာရှိ လက်တူးတွင်းများနှင့် ဘေးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ လက်တူးတွင်း များလည်း ရေခမ်းခြောက်မှုမရှိကြောင်း စသည့်အကျိုးကျေးဇူးများကို ခံစားနေကြရပြီဖြစ်ပါသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် (၆) (SDG Goals 6) နှင့်အညီ ၂၀၃၀ ခုနှစ်တွင် လူသားအားလုံး သန့်ရှင်း၍ ဘေးကင်းသော သောက်သုံးရေ လုံလောက်မျှတစွာရရှိရေး မျှော်မှန်းချက်နှင့်အညီ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှ စတင်ကာ ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်အထိ တွင်းတိမ် (၆၆၉၆) တွင်း၊ တွင်းနက်(၈၉၁၁) တွင်း၊ လက်တူး တွင်း(၄၂၆၁) တွင်း၊ မြေသားရေကန် (၅၃၉၈) ကန်၊ စိမ့်စမ်းရေသွယ်လုပ်ငန်း(၅၁၉၄) ခုနှင့် အခြားဆက်စပ်လုပ်ငန်း (၁၂၈၉၀) ခုတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
ကျေးလက်ဒေသရေရရှိရေးလုပ်ငန်းများကို ကျေးလက်ဦးစီးဌာနအပြင် အခြားဆက်စပ်ဌာန များမှလည်း ရေရရှိရေးကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဒါ့အပြင်ကျေးရွာအတွင်း ပုဂ္ဂလိကပိုင် တွင်းတိမ်များ၊ လက်တူးတွင်းများ တူးဖော်ခြင်းဖြင့်လည်း မြေအောက်ရေကို ရယူသုံးစွဲလျက်ရှိ ကြပါတယ်။ အလွန်နည်းတဲ့ ရေချိုတွေကို လူသားတွေအနေနဲ့ မြေအောက်ရေကနေ မရှိမဖြစ် ထုတ်ယူသုံးစွဲခြင်း၊ လူဦးရေတိုးပွားလာခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်းတို့ကြောင့် မြေအောက်ရေ သယံဇာတဆုံးရှုံးကာ တဖြည်းဖြည်းနဲ့ မြေအောက်ရေလွှာဟာ ခမ်းခြောက်သွားနိုင်ပါသည်။ မြေအောက်ရေလွှာများ ခမ်းခြောက်မှုလျော့နည်းစေရေးအတွက် မိုးကာလ မိုးရေများစီးဆင်းခြင်း၊ စိမ့်ထွက်များ၊ ချောင်းငယ်၊ မြောင်းငယ်များမှ ရေများစီးဆင်းသည့်နေရာများတွင် ကုန်ကျစရိတ် သက်သာသော Check Dam များ ပြုလုပ်သင့်ပါသည်။
၂၂.၃.၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့ရေနေ့ (၂၀၂၄) အခမ်းအနားတွင် နေပြည်တော် (MICC 2) ခန်းမ၌ ဝန်ကြီးဌာနများ၏ ပြခန်းများပြသထားမှုကို နိုင်ငံတော် အကြီးအကဲမှ လိုက်လံကြည့်ရှုရာတွင် ရေရရှိရေးလုပ်ငန်းဆောင်ရွက်ရာတွင် တွင်းတိမ်/ တွင်းနက်မှ ရေထုတ်ယူသုံးစွဲ နေခြင်းကြောင့် မြေအောက်ရေ ပြန်လည်ဖြည့်တင်းရေးလုပ်ငန်းများ ဆောင်ရွက် ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။
၅.၆.၂၀၂၄ ရက်နေ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင်လည်း နေပြည်တော် (MICC 2) ၌ ဝန်ကြီးဌာနပြခန်းများ ပြသထားရာ Check Dam အား ကျောက်စီ တမံဖြင့် ပြုလုပ်ခြင်း၊ သစ်၊ ဝါးများဖြင့် တမံပြုလုပ်ခြင်း၊ သစ်ကိုင်းသစ်ခက်များဖြင့် တမံပြုလုပ်ခြင်း စသည်တို့ဖြင့် မြေဆီလွှာထိန်းသိမ်းရေးအတွက် နှုန်းထိန်းတမံငယ်များ တည်ဆောက်ထားသည် ကိုလည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြခန်းတွင် လေ့လာခဲ့ရ ပါတယ်။
ဒါကြောင့် ရေစီးဆင်းနေသော မြောင်းငယ်၊ ချောင်းငယ်များတွင် Check Dam များ ပြုလုပ်ခြင်းဖြင့် မြေဆီလွှာထိန်းသိမ်းခြင်း၊ ပတ်ဝန်းကျင်တွင် ရေများ စိမ့်ဝင်နိုင်ပြီး မြေအောက်ရေ ပြန်လည်ဖြည့်တင်ခြင်း၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေခြင်း၊ စိမ့်ထွက်များ ရေထွက်နှုန်း မလျော့စေရေး ပြန်လည်ဖြည့်တင်းခြင်း လက်တူးတွင်းများ ရေခမ်းခြောက်မှု သက်သာစေခြင်း တို့ကြောင့် ယခုနှစ် မိုးရာသီမှ အစပြုကာ Check Dam ငယ်များကို တပိုင်တနိုင် ဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။
၁၄.၇.၂၀၂၂ ရက်နေ့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတွင် ကျင်းပသော UNICEF မှ ပေးပို့လာသော Humanitarian Workplansနှင့် စပ်လျဉ်းသည့်
လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆွေးနွေးချက်များ
၁။ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ ဆွေးနွေး သည်မှာ UNICEF သည် ယခင်က အစိုးရဌာနမှတဆင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၂၂ခုနှစ်အတွင်း မြန်မာနိုင်ငံတွင်ဆောင်ရွက်ရန် တင်ပြလာသော Humanitarian Workplans သည် Direct Implementation ပုံစံဖြင့် ဆောင်ရွက်ရန်တင်ပြလာပြီး၊ အမေရိကန်ဒေါ်လာ ၁၉၁ သန်းခန့်ဖြစ်ပါ ကြောင်း၊ အဆိုပါ Workplans အပေါ် သဘောတူ/ မတူ ဆွေးနွေး စေလိုပါကြောင်း၊ (သို့မဟုတ်) သက်ဆိုင်ရာ တိုင်း/ ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်မည်လား ဆွေးနွေးစေ လိုကြောင်း ပြောကြားခဲ့ပါသည်။
၂။ တက်ရောက်လာကြသော ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန စသည့် ဝန်ကြီးဌာန ၁၂ခုမှ ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးရာတွင် ယခုကဲ့သို့ ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုမှ ပူးပေါင်းဆောင်ရွက်လာတာကောင်းပါကြောင်း၊ ပူးပေါင်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ဆွေးနွေးသောဌာနများရှိသကဲ့သို့ Workplans တွင် လုပ်ငန်းဇယားကို တစ်ဖက်သက်ရေးဆွဲထားပါကြောင်း၊ Sensitive issue များပါဝင်နေပါကြောင်း ဆွေးနွေးသောဌာန များလည်းရှိပါသည်။
၃။ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ဆွေးနွေးခဲ့သည်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် UNICEF နှင့် ကာလရှည်ကြာ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ စည်ပင်သာယာရေးလက်ထက်ကတည်းမှ ဆောင်ရွက်ခဲ့ပါကြောင်း၊ UNICEF ၏ ချဉ်းကပ်မှုပုံစံများ အပေါ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် အောင်မြင်အောင် ကြီးကြပ်အကောင် အထည်ဖော် ဆောင်ရွက်နိုင်ပါကြောင်းနှင့် ကျေးရွာဒေသများ အကျိုးရှိအောင် ဆောင်ရွက်နိုင်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။
၄။ သက်ဆိုင်ရာ တိုင်း/ ပြည်နယ်ကိုယ်စားလှယ်များမှ ဆွေးနွေးသည်မှာ ဗဟိုမှ ကြီးကြပ် ဆောင်ရွက်စေလိုကြောင်း ဆွေးနွေးသူများရှိသကဲ့သို့ တိုင်းဒေသကြီး၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက် သင့်ကြောင်း ဆွေးနွေးသူများလည်းရှိပါသည်။
၅။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဆွေးနွေးသည်မှာ ကျေးလက်ရေပေးရေးလုပ်ငန်းများကဲ့သို့ Sensitivity နည်းသော ကိစ္စများအားဆောင်ရွက်သင့်သော်လည်း Sector တစ်ခုလုံးအနေဖြင့် ပြန်လည်ညှိနှိုင်းသင့်ပါကြောင်း ယခုတင်ပြလာသော Workplans အတိုင်းဆောင်ရွက်မည်၊ (သို့မဟုတ်) Workplans တစ်ခုလုံးမဆောင်ရွက်ပဲ Sector အလိုက် ကဏ္ဍခွဲ၍ ဆောင်ရွက်ရန် စဉ်းစားသင့်ပါကြောင်း၊ ပြည်ထောင်စုနှင့် တိုင်း/ပြည်နယ် ညှိနှိုင်းပူးပေါင်းကွပ်ကဲ ဆောင်ရွက်သင့် ပါကြောင်းနှင့် အကောင်အထည်ဖော်ရေး အဖွဲ့အစည်း (CSO/ NGO) ကို နိုင်ငံတော်အစိုးရနှင့် UNICEF တို့က ပူးပေါင်းရွေးချယ်သင့်ပါကြောင်း အကြံပြုဆွေးနွေးခဲ့ပါသည်။
၆။ ဒုတိယဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင်
(က) Sensitivity အလိုက် ဆောင်ရွက်၍ ရခြင်း/မရခြင်းအား ပြန်လည်စဉ်းစားသင့်ပါကြောင်း၊
( ခ) Sensitivity အရ မည်သို့ဆောင်ရွက်မည်ကို ၂၂.၇.၂၀၂၂ ရက်နေ့တွင် သဘောထား မှတ်ချက်တောင်းခံသွားမည်ဖြစ်ကြောင်း၊
(ဂ) သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် မူဝါဒပိုင်း ဆိုင်ရာအား ပြည်ထောင်စုမှာ ဆွေးနွေးညှိနှိုင်းအတည်ပြုရန်နှင့် တိုင်း/ ပြည်နယ် များအား လုပ်ငန်းအသေးစိတ်ရွေးချယ်၍ အကောင်အထည်ဖော်ဆောင်ရွက်ရန် ဖြစ် ပါကြောင်း ဆွေးနွေးခဲ့ပါသည်။
တို့ရေ တို့အနာဂတ် (အပိုင်း၁)
ရေသည် သဘာဝကပေးထားသော လက်ဆောင်မဟုတ်၊ သဘာဝ၏ပစ္စည်း (Property) ဖြစ်၏။ “ရေပြည့်သောအိုးကို မြင်ကာမျှနှင့် လက်အုပ်ချီမိသည်’’ ဆိုသော စာသားသည် ရေ၏ တန်ဖိုးကို ဖော်ညွှန်းနေ၏။ရေသည် သတ္တလောက၊ လူနှင့် တိရစ္ဆာန်များအားလုံးနှင့် သန့်ရှင်းသော ပတ်ဝန်းကျင်အတွက် အရေးအကြီးဆုံးသော မရှိမဖြစ် အခြေခံလိုအပ်ချက်ဖြစ်ပါသည်။ ရေသည် အေးမြ၏။ သန့်စင်၏။ အသက်ဆက် ပေးနိုင်သည်။ လူ့ခန္ဓာကိုယ်သည် ရေဓာတ်အများဆုံးနှင့် ဖွဲ့စည်းထား၏။ (၇၀) ရာခိုင်နှုန်းသည် ရေသာဖြစ်သည်။ မြန်မာနိုင်ငံ တစ်နံတစ်လျားရှိ မြစ်ချောင်း အင်းအိုင် ကန်မြောင်းစသည့် မြေပေါ်ရေနှင့် မြေအောက်ရေတို့သည် နိုင်ငံသူနိုင်ငံသားများ၏ စက်ရုံ/အလုပ်ရုံ သုံးရေ၊ စိုက်ပျိုးရေးသုံးရေ၊ သောက်ရေသုံးရေများဖြစ်၏။ ဤရေသည် ငါတို့ရေ ဖြစ်သည်။
ရေတန်ဖိုးသိနားလည်အောင်ရေရှားပါးသောနိုင်ငံများ၊ စင်ကာပူနိုင်ငံ၊ အစ္စရေးနိုင်ငံ စသည် တို့ကို နမူနာယူရမည်။ ရေစီမံခန့်ခွဲပုံ၊ အသုံးပြုပုံကိုအတုယူရမည်။ ရေကိုတန်ဖိုးထားတတ်အောင် လေ့ကျင့်ပျိုးထောင် လုပ်ဆောင်ရသည်။ မြို့နေလူတန်းစားများသည် ရေမလာသည့်အခါရေကို တမ်းတသည်။ သိုသော်ရေမရတော့မှာကို မစိုးရိမ်ကြပေ။ အဘယ်ကြောင့်ဆိုသော် ရေတွင်း၊ ရေကန်၊ ချောင်း၊ မြောင်း၊ မြို့ရေပေးဝေသည့်ရေပိုက်လိုင်းများရှိနေသည်ဟု ယူဆထားကြသောကြောင့် ဖြစ်သည်။ ဤသည်မှာ ရေ၏အဓိပ္ပါယ်ရေတန်ဖိုး သိနားလည်မှု နည်းသောကြောင့် ဖြစ်၏။ ရေနှင့်ပတ်သက်သည့် အနာဂတ်ကိုလေ့လာသူ၊ သိသူပို၍နည်းနေသေး၏။ သိစေလို၍ ပညာရှင်များ၊ အစိုးရအဖွဲ့အုပ်ချုပ်သူများ ဦးဆောင်မှုဖြင့် ပြည်သူအများသိနားလည်အောင်၊ တန်ဖိုးထားလာ အောင် ပူးပေါင်းဆောင်ရွက်လာအောင် အားသွန်ခွန်စိုက် လုပ်ဆောင်ရပေမည်။
သို့သော်ယနေ့အထိ ထိရောက်သောဆောင်ရွက်မှုများ နည်းနေသေးသည်။ မြန်မာတစ် နိုင်ငံလုံးရှိ လူဦးရေသည်(၅၄)သန်းကျော် ရှိနေသည်။ မြို့ပြနေလူဦးရေသည် သန်း (၂၀) ကျော်နှင့် ကျေးလက်ဒေသနေ လူဦးရေသည် (၃၅) သန်းကျော်ရှိနေသည်။ ယနေ့မြန်မာပြည်သူများသည် ရေကိုမည်သည် ကဏ္ဍတွင်မဆို ပေါပေါများများဖောဖောသီသီ သုံးစွဲနေကြသည်။ တစ်နိုင်ငံလုံး လူဦးရေ၏ (၈၆) ရာခိုင်နှုန်းသည် သန့်စင်သော သောက်သုံးရေကို ရနေကြသည်။ သို့သော် ရေကို စနစ်တကျအသုံးပြုမှု နည်းနေသေးသည်။
“ရေမကြွယ်၊မီး (ထင်း) မကြွယ်တဲ့” အညာဒေသရှိရှေးလူကြီးစကားမှန်၏။
ဤစကားကိုကျွန်တော်ငယ်ငယ်၊ ၁၉၆၀ ပြည့်နှစ်ဝန်းကျင်ကမိတ္ထီလာမြို့ပဌမလမ်းမတော် မင်းရပ် မှာနေစဉ်က ကြားသိခဲ့သောစကား ဖြစ်သည်။ ကျွန်တော်၏အဘွား ဒေါ်ထွန်းမေနှင့် အိမ်ဘေးက အဘွားဒေါ်ရွတို့ အိမ်ဘေးချင်းကပ်နေထိုင်ရာ မင်းရပ်ပဌမလမ်းမတော်ကို မိတ္ထီလာ အနီးအနားကရွာ တွေကထင်းလှည်း၊ မီးသွေးလှည်းတွေ နွေရာသီမှာ လာရောင်းကြသည်။ အဲဒီလို လာပြီဆိုရင်- “မထွန်း ရေ “ရေမကြွယ်၊မီး (ထင်း) မကြွယ်တဲ့ - ထင်းလှည်း၊ မီးသွေးလှည်းလာ တုန်း တစ်မိုးစာဝယ် ထားလိုက်ကြစို့၊ ရေကကန်ရေခပ်ခိုင်းလို့ရတယ်” ဟုပြောနေကြတဲ့စကား၊ ကန်ရေလည်း အဲဒီခေတ်ကအထမ်းသမားခေါ်ပြီး ရေထည့်ခိုင်းရသည်။ တစ်ထမ်းကို ဆယ်ပြားပေးရ သည်။၊ မိုးတွင်းဆိုရင် အထမ်းသမားက ရေမထမ်းကြဘူး။ ယနေ့အထိမမေ့။ အဲဒီတော့ အိမ်တိုင်း လိုလို မိုးရေလှောင် သုံးကြသည်။ ဘာလို့ရှေးလူကြီးတွေဒီစကားပြောရတာလဲ။ ရေကိုလိုအပ်သည့် အချိန်မှာလိုသလောက်သုံး၍ ရအောင်စုဆောင်းပြီး ထိန်းထိန်းသိမ်းသိမ်း ရှိနေစေရေးဖြစ်သည်။ ဒါမှတစ်မိုးတွင်း၊ တစ်ဆောင်းတွင်းလုံး လုံလောက်အောင် သုံးနိုင်ကြမည် ဖြစ်သည်။ ရေကို ချွေတာ စုဆောင်းသည့် အလေ့အကျင့်ရှိနေသည်ကိုပြသည့် သမိုင်းဖြစ်သည်။ ဆင်းရဲချမ်းသာမရွေး၊ သောက်သုံးရေမရှိဘဲ နေလို့မရပါ။
မြန်မာနိုင်ငံမြို့ပြနေလူများ၏ တစ်နေ့ပျမ်းမျှ သောက်သုံးရေ သုံးစွဲမှုသည်(၂၅)ဂါလန်ဖြစ် သည်ဟု ထားပါမည်။ ကျေးလက်ဒေသနေသူများ၏ သုံးစွဲနှုန်းသည် ထိုတစ်ဝက်ခန့် (၁၄) ဂါလံ ရှိမည်။ လက်ရှိ မြို့ပြနေသူများ၏ရေသုံးစွဲမှုကို ခန့်မှန်းတွက်ချက်ကြည့်ပါက တစ်နေ့ရေဂါလန် သန်း (၅၀၀) ဖြစ်နေသည်။ လူတစ်ယောက်ရေချိုးသည့်အခါထိုသုံးစွဲနေသည့် ရေပမာဏထဲကရေ (၁) ဂါလန် လျော့ချိုးခြင်း၊ နံနက်ခင်းမျက်နှာသစ်၊ သွားတိုက်ပြုလုပ်သည့်အခါ ဘုံဘိုင်ရေကို တိုက်ရိုက် ဖွင့်မချဘဲ ရေခွက်ကိုအသုံးပြုခြင်းသည် ရေတစ်ဂါလန် ချွေတာနိုင်သည်။ မီးဖိုချောင်တွင် ချက်ပြုတ်၊ ဆေးကြောရာ၌ သုံးစွဲသည့်ရေကို ဘုံဘိုင်ကဖွင့်သုံးသော်လည်း တိုက်ရိုက်သွန်မပစ်ဘဲ ခွက်၊ ဇလုံများ ခံ၍ အကြမ်းဆေးကြောရာ၌ ပြန်လည်အသုံးပြုခြင်းဖြင့်ရေ (၄) ဂါလန်ချွေတာနိုင်မည်။ စုစုပေါင်း လူတစ်ယောက် တစ်နေ့ရေ (၃) ဂါလန်ချွေတာနိုင်မည်။ လူ (၅) ယောက်ရှိသည့်အိမ်တွင်တစ်နေ့ရေ (၁၅) ဂါလန် ချွေတာနိုင်လာမည်။ အလေ့အကျင့်သည် ပြုလုပ်ယူ၍ရ၏။ တစ်ဦးချင်း၊ တစ်ယောက် ချင်းမှသည် တစ်ရပ်ကွက်လုံး၊ တစ်မြို့နယ်လုံး၊ တစ်တိုင်းတစ်ပြည်လုံး အထိ လေ့ကျင့်ယူခြင်းဖြင့် ရနိုင်ပါသည်။ အောင်မြင်နိုင်ပါသည်။
အထက်ဖေါ်ပြပါရေချွေတာရေးအစီအမံကို အသုံးချမည်ဆိုပါက တစ်နိုင်ငံလုံးအတိုင်းအတာ မြို့နေလူဦးရေ သန်း၂၀ ကို အခြေခံတွက်ကြည့်လျှင် တစ်နေ့ရေဂါလန်သန်း(၆၀) ချွေတာနိုင်မည် ဖြစ်သည်။ ထိုအတိုင်း တစ်ပတ်ဆယ်ရက်ချွေတာပါက ထိုရက်များအတွင်း စုဆောင်းရသည့် ရေပမာဏသည် နောက်တစ်နေ့အတွက် လုံလောက်စေမည်။ ထိုရေဂါလန်သန်း (၆၀)သည် မြို့နေ ပြည်သူများနေ့စဉ်သုံးစွဲနေသည့်အထဲက စုဆောင်းနိုင်မည့် ရေပမာဏဖြစ်မည်။ တစ်လလျှင် ရေဂါလန်သန်း(၁၈၀၀) စုဆောင်းနိုင်၏။ ရေကို တစ်ဦးတစ်ယောက်ချင်း ချွေတာသကဲ့သို့ စက်ရုံ အလုပ်ရုံများကလည်း မိမိစက်ရုံနေ့စဉ်သုံးစွဲနေသည့်ရေပမာဏ၏ ၅ ရာခိုင်နှုန်း ချွေတာသင့်သည်။ (ဥပမာ- ရန်ကုန်မြို့တော်၊ မင်္ဂလာဒုံမြို့နယ် အတွင်းရှိ မြန်မာဘီယာချက်ရုံကို နမူနာထား တွက်ချက် ကြည့်ပါစို့)။ စာရေးသူသည် ၂၀၀၀ ခုနှစ်ကမြန်မာဘီယာချက်စက်ရုံရေရရှိရေး ရှစ်လက်မ စက်ရေတွင်း များတူးပေးပြီး ရေပေးရေးလုပ်ငန်းကိုအကြံပေးခဲ့သည့် အတွေ့အကြုံ ရှိခဲ့သည်။ မြန်မာဘီယာ စက်ရုံသည် တစ်နေ့ရေဂါလန် ၄၀,၀၀၀ အနည်းဆုံးသုံးနေ၏။ ထိုအထဲက တစ်နေ့ရေ ဂါလန် (၂၅၀၀)ကို ချွေတာကြည့်ပါကတစ်လလျှင် ရေဂါလန်(၇၅,၀၀၀)ချွေတာနိုင်မည်။ ထိုစက်ရုံမျိုး ရန်ကုန်တိုင်းအတွင်းအနည်းဆုံးစက်ရုံ ၁၀၀ ဖြင့်တွက်ကြည့်ပါကတစ်လရေဂါလန် (၇.၅) သန်း စုနိုင်မည်။ မြန်မာနိုင်ငံရှိတိုင်းအသီးသီးရှိစက်ရုံအလုပ်ရုံများ (စက်ရုံအလုပ်ရုံပေါင်း - ၅၀၀၀) ကို အခြေခံတွက်ကြည့်ပါက ရေဂါလန်သန်းပေါင်း (၃၇၅၀၀) စုနိုင်မည်။
ထို့ပြင်စက်ရုံအလုပ်ရုံများ၏ ရေသုံးစွဲမှုပမာဏကိုလည်း သုံးစွဲမှုပမာဏ အနည်းအများ သတ် မှတ်ပြီး ထိုသတ်မှတ်ထားသည့် ပမာဏအဆင့်အလိုက် တန်ဖိုးအသီးသီး သတ်မှတ်၍ ထိန်းချုပ်သင့် သည်။
ဦးမြင့်သိန်း(မောင်ကျေးရေ)
-တို့ရေ တို့အနာဂတ် အပိုင်း(၂) ကို ဆက်လက်ဖော်ပြပါမည်။
တို့ရေတို့အနာဂတ် (အပိုင်း-၂)
အာဏာပိုင်အဖွဲ့အစည်းများနှင့် ပညာရှင်များ ပူးပေါင်းဆောင်ရွက်ပါကရနိုင်သည်။ သို့သော် အာဏာရှင်က ရှေ့ကနေပြီး ပညာရှင်ကနောက်ရောက်နေ (သို့) ဘေးရောက်နေရင်လည်း မဖြစ်နိုင် ပေ။ ပညာရှင်၊ ပညာတန်ဖိုး ကိုသိရမည်။ ပညာလည်းတကယ်တတ်၊ တကယ်နားလည်သူဖြစ်ရမည်။ စိုက်ပျိုးရေးကဏ္ဍတွင်လည်း ရေသုံးစွဲမှုကို ထိုသို့ ဆောင်ရွက်ရမည်။ အထူးသဖြင့်စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ အရာတော်မြို့နယ်တို့တွင် ရေလျှံတွင်းများ (အထူးသဖြင့် တောင်သူပိုင် ရေလျှံတွင်းများက ထွက်သည့်ရေများ)အထိန်းအသိမ်းမရှိ၊ စိုက်ပျိုးရေအတွက်မလိုသည့် အချိန်များ တွင် လည်းရေများလျှံကျ၍အဟောသိကံ ဖြစ်နေခြင်းများကိုထိန်းချုပ်ရမည်။ ထိုဒေသ၏ မြေ အောက်ရေ ဆိုင်ရာမှတ်တမ်းစာရင်းဇယား (လွန်ခဲ့သောငါးနှစ်ကျော်က) အရ ရေလျှံတွင်း ပေါင်း(၁၂၀၀) ရှိနေသည်။ လက်ရှိအခြေအနေတွင် ထိုဒေသရှိ မြေအောက်ရေဌာနနှင့် အဖွဲ့အစည်း များက တောင်သူများကိုစည်းရုံးကာ (ဥပမာ) ရေလျှံတွင်း (၃၅) တွင်းက ရေလျှံခြင်းကို ထိန်းသိမ်း ကြည့်ကြပါက၊ တစ်နေ့ရေဂါလန်(၆.၅) သန်းချွေတာနိုင်မည်။ အဘယ်ကြောင့်ဆိုသော် ထိုတွင်း များမှ တစ်တွင်းလျှင်တစ်နေ့ရေဂါလန် တစ်သောင်းကျော်ထွက်နေသည်။ လယ်ထဲရေသွင်းချိန်က သုံးလေးနာရီသာကြာသည်။ ကျန်သည့်အချိန် ဘားပိတ်မထားသောကြောင့် နာရီနှစ်ဆယ်လောက် လျှံကျနေ၏။ တစ်နေ့ရေတွင်းပေါင်း (၁၂၀၀) က ပိုလျှံကျလာသော ရေကိုထိန်းသိမ်းနိုင်ပါက ရေဂါလံ (၂၄) သန်းကျော်ထိန်းသိမ်းနိုင်မည်။ တစ်လလျှင်ရေဂါလန် သန်း (၇၂၀) ကျော် ချွေတာ နိုင်မည်။ ထိုစဉ်မှ ယနေ့အခြေအနေအထိ တောင်သူများ ရေတွင်း တူးဖေါ်ခြင်းသည် မိမိသဘော အတိုင်းဖြစ်နေသည်။ နေ့စဉ်အဟောသိကံဖြစ်နေခြင်းကို စာရေးသူသုတေသနပြုထားသော အောက် ပါပုံပြမျဉ်းက သက်သေပြနေ၏။
ဤသို့မဖြစ်အောင်အာဏာပိုင်အဖွဲ့အစည်းကထိန်းချုပ်နိုင်ရမည်။ နိုင်ငံတကာရေအဖွဲ့အစည်း များ နှင့် ပြည်တွင်းရေသုံးစွဲသည့်ဌာနများ၏ သတင်းအချက်အလက်များအရ မြန်မာနိုင်ငံ၏ ယနေ့ ရေသုံးစွဲမှုသည် အောက်ပါပုံပြဂရပ်အတိုင်းရှိနေနိုင်မည်။
ယခုကာလမှနောက်နှစ်ပေါင်းများစွာအထိသန့်စင်သောရေသောက်သုံးနိုင်ရန်အတွက်ယနေ့ အချိန်သည် အထက်ဖော်ပြပါအတိုင်းစည်းကမ်းတကျထိမ်းသိမ်းရန် အရေးကြီးဆုံးအချိန်ဖြစ်နေပြီ။ အနည်းငယ်နောက်ကျကောင်းနောက်ကျစပြုနေပြီး ယခုကစ၍ စီမံကိန်းချ ဆောင်ရွက်သင့်နေပြီ။ ဒီနေ့၊ ဒီလ၊ဒီနှစ်ရေရှိရုံနှင့်မပြီးတော့။ အနာဂတ်အတွက်ရေရှိနေဖို့လည်းအရေးကြီးလာပြီ။မြန်မာ နိုင်ငံသည် လူဦးရေနှင့် သောက်သုံးရေအချိုးကို တွက်ကြည့်ပါကသောက်သုံးရေသည် အဆပေါင်း များစွာပိုနေ၏။ သို့သော်အိမ်နားနီးချင်းနိင်ငံများကမိမိတို့နိုင်ငံပိုင်ရေကို မည်မျှရယူသုံးစွဲနေသည်ကို သိထားရမည့်ကာလဖြစ်သည်။ သို့မဟုတ်ပါကပြန်လည်တွက်ချက်ရမည့်ကာလဖြစ်နေပြီ။ လက်ရှိ သောက်သုံး၍ရနိုင်သောရေကို ရေအရည်အသွေးမပျက်သန့်ရှင်းကောင်းမွန်သောရေပမာဏ လျော့ နည်းသွားပါကလူနှင့် တိရစ္ဆာန်များအားလုံးနှင့် သန့်ရှင်းသော ပတ်ဝန်းကျင်သည် တစ်စတစ်စ ပျက်စီးလာပေမည်။ ရေကိုစနစ်တကျချွေချွေတာတာသုံးစွဲခြင်း၊ ရေနှင့်ပတ်ဝန်းကျင် မညစ်နွမ်း အောင် ထိန်းသိမ်းစောင့်ရှောက်ရမည့်တာဝန်သည်လူတို့၏တာဝန်ဖြစ်သည်။
သို့မှသာလူနှင့်ပတ်ဝန်းကျင်ကိုများစွာတိုးတက်ပြောင်းလဲလာစေမည်။ သို့မဟုတ်ပါက ၂၀၃၀ ခုနှစ်နှောင်းပိုင်းတွင်လူနှင့်ရေဆက်နွှယ်မှုများပိုမိုခက်ခဲလာမည်။ယနေ့ကာလသည်ပင်ရေရှားပါးစပြုလာပြီ။ မိမိလုပ်ငန်းအတွက်၊ သောက်သုံးရေအတွက်လိုသောရေရဖို့ တစ်ယောက်နှင့်တစ်ယောက် အချေအတင်ပြောဆို လုပ်ကိုင်မှုများပို၍ များလာမည်။ ရေနှင့်ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ပိုမို များပြားလာမည်။ (၂၁) ရာစုအတွင်းနှင့်နှောင်းပိုင်းကာလများတွင် ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှု နှင့် အတူကမ္ဘာကြီးပိုမိုပူနွေးလာမှုကြောင့်လည်း ရေအရင်းအမြစ်များကိုများစွာ ထိခိုက်ပျက်စီး စေမည်ဖြစ်သည်။ ထိုအခါနေရာအနှံ့အပြားတွင်ရေကိုတန်ဖိုးထားပြီး ငွေကြေးနှင့် တန်ဖိုးဖြတ်ရယူ အသုံးပြုသည့်အခြေအနေဖြစ်လာမည်။မြန်မာနိုင်ငံတွင် သောက်သုံးရေအလွန်ရှားပါးသောနေရာ ဒေသများတွင်ရေကို၀ယ်ယူအသုံးပြုခဲ့ကြရသည်။ယနေ့လည်းအသုံးပြုနေဆဲဖြစ်သည်။ နောင်တစ်ချိန်၌ ထိုဒေသများသည်ပိုမိုဆိုးရွားသည့်အခြေအနေကိုရင်ဆိုင်ရဖွယ်ရှိသည်။
ဦးမြင့်သိန်း(မောင်ကျေးရေ)
တို့ရေ တို့အနာဂတ် အပိုင်း - ၃ ကိုဆက်လက်ဖော်ပြပါမည်။
တို့ရေ တို့အနာဂတ်(အပိုင်း-၃)
မြန်မာနိုင်ငံသည်လွတ်လပ်ရေးရသည့် အချိန်ကာလကစ၍ ယနေ့အထိ ရေကို အလျှံပယ် သုံးစွဲနေကြသည်။ နှစ် (၇၀) ကျော်လွန်ခဲ့ပြီ။ လူဦးရေလည်းနှစ်ဆမက တိုးလာခဲ့သည်။ ခုအချိန် သည် ရေကို စည်းစနစ်တကျအုပ်ချုပ်ရေးဥပဒေ၊ ပညာရပ်ဆိုင်ရာဥပဒေများ၏ ထိန်းကွပ်မှုဖြင့် သုံးစွဲ ရမည့်ကာလဖြစ်နေပြီ။ နှစ်ရှည်စီမံကိန်းအစီအစဉ်များကိုနှစ် (၁၀)၊ နှစ် (၃၀) စသည်ဖြင့် လုပ်ဆောင် သင့်သည်။ နှစ်တိုနှစ်ရှည် ရေလိုအပ်ချက်၊ လူဦးရေတိုးပွားနှုန်းနှင့် စီးပွားရေးစီမံကိန်းများကို အခြေခံ ၍ စီမံရမည်။ မိုးရေလှောင်သုံးစွဲသည့် အလေ့အထကို လေ့ကျင့်ရမည်။ မိုးရေလှောင်နည်း သုံးစွဲ နည်းများကို ဦးဆောင်လမ်းပြရမည်။ ပြည်သူများ မိုးရေလှောင်သုံးစွဲခြင်းကို ရေအလွန် ခက်ခဲသော နေရာ၊ ဒေသများတွင်သာလူတစ်စုသုံးစွဲသည်။ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာအောင် စည်းရုံးရ မည်။ လုပ်ဆောင်စေ ရမည်။ မိုးရေကိုရေဆိုးမြောင်းများ မြစ်ချောင်းများသို့ အထိန်းအချုပ်မရှိ မစီးဆင်းစေခြင်းမှသည် စနစ်တကျရှိစေရမည်။ အလေအလွင့်မရှိ သိုလှောင်သုံးစွဲသည့်စနစ် ဖြစ်လာ အောင် ဆောင်ရွက်ရမည်။
မှတ်ချက်။ ။ ယနေ့အချိန်အခါကာလနှင့် ရှေ့လာမည်နှစ်များသည် ရာသီဥတုပြောင်းလဲမှုဒဏ်ကို နိုင်ငံတစ်ဝန်း ခံစားစပြုလာနေသည်။ ဤအချက်ကို သိထား၍ မိုးရေရယူနိုင်မည့် နေရာဒေသ လှောင်နည်း စသည်တို့ကိုထည့်သွင်းစဉ်းစားရမည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်သုံးစွဲနိုင်သော မြေပေါ် ရေအရင်းအမြစ် ကုဗကီလိုမီတာပေါင်း (၁၀၈၂) နှင့် မြေအောက်ရေအရင်းအမြစ် ကုဗကီလိုမီတာ ပေါင်း (၄၉၅) ရှိပါသည်။ မြေပေါ်မြေအောက်စုစုပေါင်းရေ အရင်းအမြစ်ပမာဏ (၁၅၇၇) ကုဗ ကီလိုမီတာ၊ နှစ်စဉ် ပြည်တွင်းပြန်လည်ဖြည့်တင်းပေးနိုင်သည့် ရေပမာဏ (၈၈၀.၆၀) ကုဗကီလို မီတာ၊ နှစ်စဉ်ထုတ်လုပ်ပေးသည့်မြေအောက်ရေပမာဏ (၁၅၆) ကုဗကီလိုမီတာ၊ နှစ်စဉ်ထုတ်လုပ် ပေးသည့်မြေပေါ် ရေပမာဏ (၈၇၆.၆၀) ကုဗကီလိုမီတာ၊ မြေပေါ်မြေအောက်ရေ ဆက်စပ်နေသည့် ကဏ္ဍတွင် နှစ်စဉ်ရေပြန်လည်ဖြည့်တင်းပေးနိုင်မှု ပမာဏ (၁၅၀) ကုဗကီလိုမီတာ၊ ရေအရင်းအမြစ် စုစုပေါင်း၏ နှစ်စဉ်ပြန်လည်ဖြည့်တင်းပေးနိုင်မှုပမာဏ(၁၀၄၅.၆၀) ကုဗမီတာဖြစ်ပါသည်။
စိုက်ပျိုးရေးအတွက်ရေအသုံးပြုမှုမှာ (၃၀) ကုဗကီလိုမီတာခန့်နှင့် စက်ရုံ အလုပ်ရုံနှင့် အများ ပြည်သူတို့၏ သောက်သုံးရေမှာ (၃) ကုဗကီလိုမီတာခန့်ရှိသည်။ မြေပေါ်ရေ သုံးစွဲနိုင်မှု ပမာဏ၏ (၁၀) ရာခိုင်နှုန်းသာရှိပါသည်။မြေအောက်ရေ၏ (၁၀) ရာခိုင်နှုန်းခန့်သာ အိမ်သုံး၊ သောက်သုံးရေအဖြစ် အသုံးပြုကြပြီး စိုက်ပျိုးရေအတွက် (၅) ရာခိုင်နှုန်းသာ အသုံးပြုသည်။ မြန်မာ နိုင်ငံလူထုအသုံးပြုရန် ရေအရင်းအမြစ်(မြေပေါ်၊မြေအောက်) များစွာရှိနေပါသေးသည်။ အစဉ် သန့်စင်နေအောင်ထိန်းသိမ်းရန်အထူးလိုပါမည်။
ဦးမြင့်သိန်း(မောင်ကျေးရေ)
တို့ရေ တို့အနာဂတ်(အပိုင်း-၄) ကို ဆက်လက်ဖော်ပြပါမည်။
တို့ရေ တို့အနာဂတ် (အပိုင်း-၄)
တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့်လေ့လာကြည့်ပါကကမ္ဘာ့ရေထု၏ (၉၈) ရာခိုင်နှုန်းသောရေ (ပင်လယ်ရေနှင့်ဒီရေအတက်အကျရှိသည့်ပင်လယ်စပ်အနီးအနားရှိမြစ်ချောင်းအင်းအိုင်များ၊ဆားငန်
ရေအိုင်များနှင့်အငန်ဓါတ်ပျော်ဝင်နေသောမြေအောက်ရေ) တို့သည်သောက်သုံး၍မရနိုင်သောရေငန်များဖြစ်ကြသည်။ ကျန် (၂) ရာခိုင်နှုန်းသောရေသည်သာသောက်သုံးနိုင်သောရေဖြစ်ပါသည်။
ထိုသောက်သုံးနိုင်သောရေများတွင်ရေခဲမြစ်များ၊ရေခဲတောင်များ၊မြေပေါ်ရေချိုနှင့်မြေအောက်ရေချို များ ပါ၀င်ပါသည်။ ရေခဲမြစ်များ၊ရေခဲ တောင်နှင့် နှင်းတောင်များ မပါ၀င်ပါက အမှန်တကယ် သောက်သုံးနိုင်သည့် ရေပမာဏမှာ (၁၃) ရာခိုင်နှုန်း၊ မြေပေါ်ရေ (၁) ရာခိုင်နှုန်းနှင့် မြေအောက်ရေ (၁၂) ရာခိုင်နှုန်းသာလျှင် ရှိပါသည်။
ရေအရင်းအမြစ်ဆိုသည်မှာလူနှင့်ပတ်ဝန်းကျင်အတွက်စိတ်ချစွာအသုံးပြုနိုင်သောရေ (မြေပေါ်ရေနှင့်မြေအောက်ရေ) ကိုခေါ်ဆိုပါသည်။ မြေပေါ်မြေအောက်ရေအရင်းအမြစ်မှာ သဘာဝအလျောက်ဖြစ်တည်နေသည်။ကမ္ဘာတစ်ဝန်းရေသုံးစွဲမှုပမာဏသည်တိုးတက်သောနေရာဒေသနိုင်ငံအလိုက်ကွဲပြားသည်။တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့်စစ်တမ်းကောက်သုတေသနပြုရာ အိမ်သုံးသောက်သုံးရေသည် (၈%) စက်ရုံအလုပ်ရုံသုံးသည် (၂၂%) နှင့် စိုက်ပျိုးရေးလုပ်ငန်းတွင် (ရ၀%) ဖြစ်နေသည်။လူတစ်ဦးချင်းစီ၏ တစ်နေ့ ပျမ်းမျှရေသုံးစွဲမှုပမာဏသည် (၂၅ ဂါလံ / ၈၇ လီတာ) ဖြစ်သည်။
ဖွံ့ဖြိုးဆဲနိုင်ငံများသည် လုပ်ငန်းသုံးရေကို ထိန်းထိန်းသိမ်းသိမ်း သုံးစွဲမှု နည်းနေသည်။ဖွံ့ဖြိုးပြီးနိုင်ငံများသည်ရေကိုစနစ်တကျအသုံးပြုကြောင်းကိန်းဂဏန်းများဖြင့်နှိုင်းယှဉ်ခြင်းဖြင့်သိသာနေသည်။ဖွံဖြိုးဆဲနိုင်ငံနေရာဒေသအများစုတွင် မြေပေါ်ရေကို သောက်သုံးရေအဖြစ် အများအပြားအသုံးပြုနေကြပါသည်။ မြေပေါ်ရေရှိမှုအလားအလာနည်းပါးသည့်နေရာဒေသများနှင့်မြေပေါ်ရေနှင့်ဝေးလွန်းသည့်နေရာဒေသများတွင်သာမြေအောက်ရေကိုထုတ်ယူအသုံးပြုကြပါသည်။မိုးရေကိုအသုံးပြုကြရသည်။
ရာသီဥတုပြောင်းလဲလာမှုနှင့်အတူ ကမ္ဘာကြီး ပိုမိုပူနွေးလာ၏။ မိုးရွာသွန်းမှုလျော့နည်းလာ၍ အငွေ့ပြန်နှုန်းပိုမိုလာပြီးရေအရင်းအမြစ်များသည်ရေပမာဏလျော့နည်းလာသည်။ တစ်ကမ္ဘာလုံးရှိ (၄၀%) သောလူဦးရေသည်သာရေကိုပြည့်ပြည့်ဝဝသုံးပြုနေပေသေးသည်။ကမ္ဘာပေါ်တွင်ရေသည်နေ
ရာဒေသနှင့်အချိန်ကာလအလိုက် ပျံ့နှံ့တည်ရှိနေသည်။အချို့နေရာများတွင်လူသားတို့၏ လုပ်ဆောင်မှုများအတိုင်း တည်ရှိနေရသည်။ (ဥပမာ - ရေလွှဲတူးမြောင်း၊ ရေလှောင်ကန်၊ဆည်မြောင်း)။ထိုရေများကိုစနစ်တကျစီမံ ခွဲဝေ သုံးစွဲစေရမည်။
ရေကောင်းရေသန့်သည်လူတို့အတွက် အဓိက အခြေခံလိုအပ်ချက် ဖြစ်သည်။ ရေလိုအပ်ချက်
သည် အချိန်နှင့်အမျှ ရှိနေသည်။နေ့စဉ်၊လစဉ်၊နှစ်စဉ်တိုး၍တိုး၍လိုနေမည်။ ရေကိုယခုတင်စားခေါ်ဝေါ် အသုံးပြုနေကြသည့်နာမည်သည်ရေပြာ (Blue water)။ အနာဂတ်တွင်နာမည်အသစ်ရွှေရည် (ရေ) (New Liquid Gold) ဟု တင်စားခေါ်လာမည့် အခြေအနေရောက်လာနိုင်သည်။
ဦးမြင့်သိန်း(မောင်ကျေးရေ)
တို့ရေ တို့အနာဂတ် အပိုင်း-၅ ကိုဆက်လက်ဖော်ပြသွားပါမည်။
တို့ရေ တို့အနာဂတ်(အပိုင်း-၅)
နိဂုံးစကား။ ။ မြန်မာနိုင်ငံသည် နိုင်ငံတွင်းရှိ ရေအရင်းအမြစ်ပမာဏ၏ (၁၂) ရာခိုင်နှုန်းသာ သုံးစွဲနေသဖြင့်ရေအတွက်ပူစရာမလိုဟုယူဆနေကြသည်။သို့သော်ရေအများစုသည်လူတို့စွန့်ပစ်ပစ္စည်းများကြောင့်သောက်သုံး၍မရသောအနေအထားမှာရှိနေသည်သတိမချပ်မိကြပေ။အိမ်နားနီးချင်းနိုင်ငံများက မည်၍မည်မျှထုတ်ယူနေကြသည်ကိုလည်းသတိမမူဂူမမြင် ဖြစ်နေကြသည်။ ခလုတ်ထိမှ အမိတနေမည်ဖြစ်သည်။ သို့ပါ၍ အနာဂတ်ရေအရေးကိုကြိုတင်စီစဉ်ဆောင်ရွက်သင့်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ရေတန်ဖိုးကိုသုံးစွဲသူများ၊လုပ်ငန်းကဏ္ဍအလိုက်သတ်မှတ်ရန်၊ရေတန်ဖိုးနားလည်အောင်လုပ်ဆောင်ရမည်။ ဌာနဆိုင်ရာအနေနှင့်ရေကဏ္ဍစီမံအုပ်ချုပ်မှု ပိုမိုပီပြင်အောင် ပညာရှင်များပူပေါင်းပါ၀င်ရမည်။ အစိုးရအဖွဲ့အစည်းများကအတွေ့အကြုံရှိအငြိမ်းစားပညာရှင်များနှင့် လုပ်ဆောင်ပါက ပိုမိုကောင်းမွန်သောရေစီမံခန့်ခွဲမှု ဖြစ်လာမည်။
ရေသည်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်အဓိကအလိုအပ်ဆုံးဖြစ်သည်။လက်ရှိ ရေအရင်းအမြစ် များကို ရေရှည်အသုံးပြုနိုင်အောင်၊အစဉ်သန့်စင်နေအောင်ထိန်းသိမ်းသွားရန်နှင့်ရေအရင်းအမြစ်အသစ်များကိုလည်းရှာဖွေဖေါ်ထုတ်ရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ရေအရေးအနာဂတ်သည်အပေါင်း လက္ခဏာမဖြစ်သေးပေ။ လက်ရှိအခြေအနေ၊ အနေအထားများအတိုင်းလုပ်ဆောင်သုံးစွဲနေပါကနောင်အနှစ် (၂၀) ကျော်၌ အနုတ်လက္ခဏာပြမည့် အနေအထားကိုရောက်လာနိုင်သည်။ထိုသို့မဖြစ်အောင်ယခုကစကြိုတင်စီမံဆောင်ရွက်ပါကအကောင်းဆုံးအခြေအနေတွင် ရှိနေပါမည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ရေဥပဒေသည်လည်းထွက်ပေါ်မလာသေးပေ။လူတို့ သောက်သုံး
ရေ၊စက်ရုံအလုပ်ရုံ သုံးရေ၊စိုက်ပျိုးရေတို့အတွက်ရေဥပဒေ၊ရေမူဝါဒများလိုအပ်လာနေသည်။လျင်လျင်မြန်မြန် ပိုမိုတိုးတက်အောင် ၀ိုင်းဝန်းလုပ်ဆောင်ရမည်။
သန့်ရှင်းကောင်းမွန်သောရေသည်လူသားအားလုံး ၏ကျန်းမာရေးနှင့်သန့်ရှင်းသောပတ်ဝန်းကျင်အတွက်အရေးကြီးသော၊တန်ဖိုးရှိသောလာဘ်တစ်ပါးဖြစ်ပါသည်။စိတ်ချစွာသောက်သုံးနိုင်သောရေနှင့်သန့်စင်သောလေရရှိရေးသည်လူသားအားလုံးအတွက်မွေးရာပါရပိုင်ခွင့်ဖြစ်ပါသည်။ထိုရေကိုအနာဂတ်အတွက်အမြဲသန့်စင်နေအောင်ဆောင်ရွက်လျှင်၊ရေကိုတန်ဖိုးထားသုံးစွဲလာလျှင်ငါတို့ အနာဂတ်သည် တိုးတက် ကြည်လင် နေမည်ဖြစ်ပါသည်။
တို့ရေ တို့အနာဂတ်။
*ရေရာသီမြန်မာပြည်
ပြောင်းလဲနေပါသည်။
*မျှော်လင့်မထားရေအခက်အခဲများ
နေရာအနှံ့အပြား ခံစားနေရပြည်သူများ။
*စုကာပေါင်းကာရင်ဆိုင်ပါ
စနစ်ကျတဲ့နည်းပညာ မျှဝေပေးရမှာ။
*ခြိုးခြံချွေတာသုံးစွဲမှ
ရာသီပြောင်းလည်း မပူရ။
*နောက်နောင်ကာလ တစ်ချိန်ကျ
ရေဒုက္ခဘေး ကင်းဝေးစွ။
*ဒါမှသာလျှင် တို့ဘဝ
တို့ရေတို့အနာဂတ် စိတ်ချရမည်ပါ့။
ဦးမြင့်သိန်း(မောင်ကျေးရေ)
တို့ရေ တို့အနာဂတ် ဆောင်းပါး ပြီးပါပြီ။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။