Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်အတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


29 Apr,2024

နေပြည်တော် ဧပြီ ၂၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်း အတွင်းဝန်၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်အတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေးကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် မှော်ဘီမြို့နယ်၊ ရေတွင်းကုန်းကျေးရွာရှိ "လှ" အထည်အလိပ်လုပ်ငန်းသို့ရောက်ရှိပြီး အထည်စက်ရုံများမှ ထွက်ရှိသော အထည်ဖြတ်စ၊ ညှပ်စများ ကို ဂွမ်းအဖြစ်ပြန်လည်ပြုလုပ်ပြီး ဂွမ်းမှ အမှတ်(၇)ချည်မျှင်နှင့် အမှတ်(၁၀) ချည်မျှင်များ ပြန်လည် ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ မှော်ဘီမြို့နယ် ကျောက်ကာကွင်း ကျေးရွာရှိ Myanmar Integrated Engineering Group ကုမ္ပဏီသို့ရောက်ရှိပြီး ဝါဂွမ်းချည်မျှင်ထုတ်လုပ်နေမှု၊ ချည်နှင့်ပိတ်များ ဆေးဆိုးခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း ရောက်ရှိကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အဆင့်ဆင့်ကို ရှင်းလင်း တင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက အထည်စက်ရုံများမှ စွန့်ပစ်အထည်ဖြတ်စများ၊ ညှပ်စများကို Recycle အနေဖြင့် ပြန်လည်အသုံးချပြီး ဂွမ်းမှ ချည်အဖြစ် ပြန်လည်ထုတ်လုပ်မှုဖြစ်၍ နိုင်ငံအတွက် အကျိုးရှိပါကြောင်း၊ ထုတ်လုပ်သော ချည်မျှင်များ အရည် အသွေးကောင်းမွန်ရေး ဈေးကွက်သေချာစွာရရှိရေး ဆောင်ရွက်ပြီး လုပ်ငန်းများတိုးချဲ့ဆောင်ရွက် စေလိုကြောင်း၊ လုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေး မိမိတို့ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်၍ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မှော်ဘီမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ကျေးရွာ လေးရွာ၊ အိမ်ထောင်စု ၁၈၉၁ စု ၊ လူဦးရေ ၆၈၉၉ ဦးတို့ကို အကျိုးပြုပေးနိုင်မည့် မှော်ဘီမြို့နယ်၊ ဖူကြီး-တံခွန်တိုင်ကျေးရွာ ဆက်သွယ်သောလမ်း ကွန်ကရစ်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိကြည့်ရှုစစ်ဆေးပြီး ကျေးရွာယာယီ ရှင်းလင်းဆောင်၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးက လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက ကျေးရွာလမ်း ကော်မတီဝင်များ ဒေသခံပြည်သူ အားလုံးမှ လမ်းရေရှည်ကောင်းမွန် စေရေး ဝိုင်းဝန်းထိန်းသိမ်း ကြစေလိုကြောင်း၊ ကျေးရွာတောင်သူများ၊ အသင်းသားတောင်သူများ ကိုယ်တိုင်က မိမိတို့ကိုယ်တိုင်နှင့် မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးစားဆောင်ရွက် လိုသည့်စိတ်များ မွေးမြူကြရမှာဖြစ်ကြောင်း၊ အများအကျိုး ရပ်ရွာအကျိုးအတွက် အသင်းသားများ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရှိရမှာဖြစ်သလို သတ်မှတ်စည်းကမ်း များကိုလည်း လိုက်နာရမှာ ဖြစ်ကြောင်း၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအောင်မြင်အောင် ဆောင်ရွက်ကြရန်နှင့် ချေးငွေများပုံမှန်ပေးဆပ်ကြရန်လိုအပ်ကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ ချေးငွေများကိုလည်း အပြေအကြေ ပြန်လည်ပေးဆပ်ကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော် အစိုးရမှ ကျေးရွာနေပြည်သူများ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီဖြစ်၍ ဆောင်ရွက် ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဝိုင်းဝန်းထိမ်းသိမ်းကြရန်လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ များကို ရှင်းလင်းဆွေးနွေးပြီး ကျေးရွာနေပြည်သူ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မှော်ဘီမြို့နယ် ရွှေမြယာကျေးရွာအုပ်စု၊ ရွှေမြယာကုန်းကျေးရွာသို့ရောက်ရှိပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံရာ ရန်ကုန်တိုင်းဒေသကြီးကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးဌာနမှူးက ရွှေမြယာကုန်းကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှု အခြေအနေများကိုရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးရွာသူ ကျေးရွာသားများ သာမက တာဝန်ရှိသူအားလုံး ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည့်တံ့ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်းကြရန်နှင့်  ကျေးရွာသူ ကျေးရွာ သားများကိုယ်တိုင် ပါဝင်ရေးဆွဲထားသည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို မိမိကိုယ်ပိုင် အလုပ်ကဲ့သို့ Ownership စိတ်ဓာတ်မွေးမြူပြီး ပူးပေါင်းပါဝင်အကောင်အထည်ဖော်ဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေ ရရှိသည့်နေရာများတွင် (၁)သီးမှ (၂)သီး၊ (၂)သီးမှ (၃)သီး သီးထပ်(၃)သီးစိုက်ပျိုးနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သီးနှံများစိုက်ပျိုးရာတွင် လိုက်နာဆောင်ရွက်ရမည့် စိုက်ပျိုးရေးလုပ်ငန်းစဉ်များအတိုင်း လိုက်နာ‌ဆောင်ရွက်ကြရန်လိုအပ် ကြောင်း၊ စိုက်ပျိုးရန် မြေမရှိပါက တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် ကြရန်နှင့် ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများ၏  ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက် ပေးပြီးနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၅၀၊ ကျေးရွာ ထည့်ဝင်ငွေ ကျပ်သိန်း ၂၀ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်  ကျေးရွာတွင်းလမ်း ကွန်ကရစ် ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ပုလဲမြို့သစ် မြို့နယ်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ စက်၊ ယာဉ်၊ ယန္တရား ဂိုဒေါင်အား ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအတွင်းရှိ ဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပြည်ထောင်စု ဝန်ကြီးက စက်၊ ယာဉ်၊ ယန္တရားများအားစနစ်တကျထိန်းသိမ်းထားရှိရန်၊ ဂိုဒေါင်ဝန်းအတွင်း ထိန်းသိမ်းထားရှိသော ဘေလီတံတားအပိုပစ္စည်များအား ပျက်စီးမှုမရှိစေရေး စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်ရန်နှင့် စက်၊ ယာဉ်၊ ယန္တရာများ ရေရှည်အသုံးပြုနိုင်ရေးနှင့် အသင့်အသုံးပြုနိုင်ရေး အတွက် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများအား စနစ်တကျဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများ အနေဖြင့်လည်း ဌာန၏ လုပ်ငန်းတာဝန်များကို စေတနာထားဆောင်ရွက်ရန်နှင့် ဌာန အချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဥပဒေ၊လုပ်ထုံးလုပ်နည်း လမ်းညွှန်ချက် များကို လိုက်နာဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာနေထိုင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဌာန၏ လမ်း၊ တံတားလုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီးနောက် ဂိုဒေါင်အတွင်း စက်၊ ယာဉ်၊ ယန္တရားများ  ထိန်းသိမ်းထားရှိမှုနှင့် လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဓါတ်ခွဲစမ်းသပ်ရန် လိုအပ်သည့် လုပ်ငန်းသုံး ပစ္စည်းများ အရည်အသွေးပြည့်မီရေး ဓါတ်ခွဲခန်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါ သည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm