Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လုပ်ငန်းစဉ်များ

သမဝါယမလုပ်ငန်းများနှင့် သမဝါယမစနစ်ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းစဉ်
(၁) သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးအတွက် သမဝါယမသဘောတရား၊ ကျင့်ဝတ်၊ အနှစ်သာရနှင့် သမဝါယမအခြေခံမူများနှင့် အညီ ကူညီဆောင်ရွက်ပေးမည်။
(၂) သမဝါယမအသင်းသစ်များအား သမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖွဲ့စည်း မှတ်ပုံတင်ပေးခြင်း၊ ဖွဲ့စည်းထားရှိသည့် သမဝါယမအသင်းများအားလည်း ကျစ်လျစ်ခိုင်မာ စွာဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရန်ဆောင်ရွက်ပေးမည်။
(၃) ကျေးလက်နေပြည်သူများနှင့် မြို့ပြနေအခြေခံလူတန်းစားများ၏ ဝင်ငွေရလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အသေးစားအရင်းအနှီးချေးငွေအစီအစဉ် ဆောင်ရွက်ပေးမည်။
(၄) တောင်သူလယ်သမားများသို့ လယ်ယာသုံး၊ ရေလုပ်ငန်းသုံး စသည့်စက်ကိရိယာများနှင့် သွင်းအားစုများအား အရစ်ကျစနစ်ဖြင့် ဝယ်ယူသုံးစွဲနိုင်ရန် ဆောင်ရွက်ပေးမည်။
(၅) စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေးအတွက် မြေယာပြုပြင်ခြင်းလုပ်ငန်းများအား သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်၍ လိုအပ်သည်များ ကူညီပေးခြင်း၊ ငွေကြေးပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်ပေးမည်။
(၆) သမဝါယမအသင်းများ၏ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းတို့ကို ထိရောက်စွာဆောင်ရွက်ပေးခြင်းဖြင့်သမဝါယမအသင်းများအားစွမ်းဆောင်မှု အဆင့်မြှင့်တင် ပေးမည်။
(၇) သမဝါယမအသင်းများအား သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများဖြင့် ထိန်းကျောင်း တည့်မတ်ပေးခြင်း၊ သမဝါယမကျင့်ဝတ်၊ အနှစ်သာရနှင့် အခြေခံမူတို့ကို သိရှိနားလည် စေရန် ဦးစီဌာနဝန်ထမ်းများနှင့် သမဝါယမအသင်းအဆင့်ဆင့်ရှိ အမှုဆောင်များ၊ ဝန်ထမ်း များအတွက် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်မည်။
(၈) သမဝါယမလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောအရင်းအနှီးငွေကြေးများအား နိုင်ငံတကာမှ အကူအညီ၊ အထောက်အပံ့နှင့် ချေးငွေများရရှိအောင်ဆောင်ရွက်မည်။
(၉) သမဝါယမအသင်းသားမိသားစုများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုအဆင့် အတန်းမြှင့်တင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မည်။

 
ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm