Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပေးအပ်သည့်ဘွဲ့များ

သမဝါယမတက္ကသိုလ်အဆင့်သို့ တိုးမြှင့်ပေးခဲ့သည့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စတင်၍ တက္ကသိုလ်ပညာသင်ကြားရေးကို စတင်ခဲ့ပြီး စီးပွားရေးသိပ္ပံဘွဲ့ B.BSc ကို ပေးအပ် ချီးမြှင့်နိုင်ခဲ့ပါသည်။

- ၂၀၁၄-၂၀၁၅ပညာသင်နှစ်မှယနေ့အထိ အထူးပြုဘာသာရပ်အလိုက် သင်ကြားလျက်ရှိသည့် ဘွဲ့ကြိုသင်တန်းများ-      (သင်တန်းကာလ - ၄ နှစ်)

  (က) စီးပွားရေးသိပ္ပံဘွဲ့(လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ) B.BSc (Social Enterprises Management)
  (ခ) စီးပွားရေးသိပ္ပံဘွဲ့ (ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ) B.BSc (Regional Development)
  (ဂ) စီးပွားရေးသိပ္ပံဘွဲ့ (စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာ) B.BSc (Accounting & Finance)
  (ဃ) စီးပွားရေးသိပ္ပံဘွဲ့ (ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ) B.BSc (Marketing Management)
  (င) စီးပွားရေးသိပ္ပံဘွဲ့ (အသုံးချစာရင်းအင်းပညာ) B.BSc (Applied Statistics)

- ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှယနေ့အထိအထူးပြုဘာသာရပ်အလိုက် သင်ကြားလျက်ရှိသည့်     ဘွဲ့လွန်ဒီပလိုမာသင်တန်းများ-      (သင်တန်းကာလ - ၁နှစ်)

  (က) လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ ဘွဲ့လွန်ဒီပလိုမာ (Post Graduate Diploma in Social
           Enterprises Management)
  (ခ) ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ ဘွဲ့လွန်ဒီပလိုမာ (Post Graduate Diploma in       Regional Development)
  (ဂ) စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာ ဘွဲ့လွန်ဒီပလိုမာ (Post Graduate Diploma in       Accounting & Finance)
  (ဃ) ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ ဘွဲ့လွန်ဒီပလိုမာ (Post Graduate Diploma in        Marketing Management)
  (င) အသုံးချစာရင်းအင်းပညာ ဘွဲ့လွန်ဒီပလိုမာ (Post Graduate Diploma in Applied Statistics)

- ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှစ၍ အထူးပြုဘာသာရပ်အလိုက် သင်ကြားလျက်ရှိသည့်      မဟာဘွဲ့သင်တန်းများ-  (သင်တန်းကာလ -၂ နှစ်)

  (က) လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ မဟာဘွဲ့ (Master of Social Enterprises Management)
  (ခ) ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ မဟာဘွဲ့ (Master of Regional Development)
  (ဂ) စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာ မဟာဘွဲ့ (Master of Accounting & Finance)
  (ဃ) ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ မဟာဘွဲ့ (Master of Marketing Management)
  (င) အသုံးချစာရင်းအင်းပညာ မဟာဘွဲ့ (Master of Applied Statistics)

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm