Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(တ) သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များမှ လုပ်ငန်းဆောင်ရွက်မှု

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်/စစ်ကိုင်း) မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဒုတိယနှစ်သင်တန်း၊တတိယနှစ်သင်တန်းနှင့်မဟာတန်းသင်တန်းများအား ၁၅-၉- ၂၀၂၂ ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြား လျက်ရှိပါသည်။သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်/စစ်ကိုင်း)တွင် ၂၀၂၂-၂၀၂၃ ပထမနှစ် သင်တန်းဝင်ခွင့်ခေါ်ယူနိုင်ရေးအတွက် လျှောက်လွှာပုံစံများထုတ်ပေးခြင်းနှင့် ပြန်လည်လက်ခံခြင်းများ  ဆောင်ရွက်လျက်ရှိပါသည်။

 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) တွင် ဌာနတွင်းဝန်ထမ်းများ “စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာအသိပညာပေးသင်တန်း (၁/ ၂၀၂၂)”(Training on Capacity Building and Financial   Awareness) ကို Zoom Application အသုံးပြု၍ ၂၁-၆-၂၀၂၂ရက်နေ့မှ  ၂၀-၉-၂၀၂၂ ရက်နေ့ထိ Learning Management System ဖြင့် သင်ကြားခဲ့ရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ သင်တန်းသား/ သင်တန်း သူ  (၉၀) ဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သင်တန်းသား/ သင်တန်းသူ (၃၀) ဦး၊ စုစုပေါင်း (၁၂၀) ဦး တက်ရောက်ခဲ့ပါ သည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm