Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ ကွင်းဆင်းစစ်ဆေး


09 Oct,2024

နေပြည်တော် အောက်တိုဘာ ၉

၁။      အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နေ့လယ်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

၂။      ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက လယ်ဝေးမြို့နယ်၊ ရုံးပင်-အေးချမ်းသာ ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်း တစ်လျှောက် ရေကြီးရေလျှံပြီး ရေတိုက်စားမှုကြောင့် လမ်းသားနှင့် လမ်းပခုံးများပျက်စီးမှုအား ပြန်လည်ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ ရုံးပင်-အေးချမ်းသာစစ်တောင်းမြစ်ကူး တံတားသို့ ဆက်သွယ်ထားသောလမ်းမှာ စစ်တောင်းမြစ်ကမ်းပါးပြိုကျပြီး လမ်းတာဘောင် တိုက်စားသွားသည့်အတွက် ယာယီလမ်းလွှဲဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေ များကို ရှင်းလင်းတင်ပြပါသည်။ ပြည်ထောင်စုဝန်ကြီးက လတ်တလော လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေးအတွက် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ အမြန်ပြီးစီးရေး တွန်းအားပေး ဆောင်ရွက်သွားရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပြန်လည်ပြုပြင်ဆောင်ရွက်မည့်အစီအစဉ် များအား တင်ပြသွားရန် ဆွေးနွေးမှာကြားပါသည်။

၃။      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် လယ်ဝေးမြို့နယ်၊ အေးချမ်းသာကျေးရွာ အုပ်စု၊ ညောင်ပင်သာကျေးရွာ၌ ရေဘေးသင့်ပြည်သူများနှင့် သွားရောက်တွေ့ဆုံအားပေးရာ ပြည်ထောင်စုဝန်ကြီးက မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့် ဒေသအားလုံးတွင် နိုင်ငံတော်အစိုးရအနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် ထောက်ပံ့ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ မိမိတို့ဝန်ကြီးဌာန အနေဖြင့်လည်း ကျေးရွာချင်းဆက်လမ်း၊ တံတားများ၊ ကျေးရွာကုန်ထုတ်လမ်းနှင့် ကျေးလက်ရေပေးရေးလုပ်ငန်း ပျက်စီးမှုများကို အမြန်ဆုံး ပြန်လည်ပြုပြင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရေကြီးနစ်မြုပ်၍ ပျက်စီးဆုံးရှုံးခဲ့သည့် မိုးစပါးနှင့် စိုက်ပျိုးသီးနှံများအစား ဒေသနှင့်ကိုက်ညီသည့် သီးနှံများ ပြန်လည်စိုက်ပျိုးနိုင်ရေး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း များကိုလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း နှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများ၏ တင်ပြမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီးနောက် ကျေးရွာရှိ ရေဘေးသင့်ပြည်သူများ အတွက် ဆန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm