Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး


07 Oct,2024

နေပြည်တော် အောက်တိုဘာ ၇

၁။      သက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နေ့လယ်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်း များဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရ သည်။

၂။      ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ကျွန်းဦးခေတ်မီစံပြ ကျေးရွာ၌ ရေကြီးရေလျှံပြီး ရေတိုက်စားမှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ပဲလှော်ဖိုလုပ်ငန်းရှင် များ၊ ကျေးရွာနေပြည်သူများ၏ လုပ်ငန်းများ အမြန်ဆုံး ပြန်လည်လည်ပတ်နိုင်ရေးအတွက် သမဝါယမဦးစီးဌာနမှ တန်ဖိုးမြှင့်ကုန်ထုတ်သမဝါယမအသင်းများ ဖွဲ့စည်းကာ ပဲကြော် ပဲလှော်၊ စာလေးခွေ၊ မာလာရှမ်းကော၊ ဆီစက်လုပ်ငန်းများလုပ်ကိုင်သူ(၁၈)ဦးအား အောက်တိုဘာလ (၅)ရက်နေ့တွင် သက်သာသော အတိုးနှုန်းဖြင့် ငွေကျပ်သိန်း(၁၄၅၀) ထုတ်ချေးပေးပြီး ပဲလှော်ဖို များပြင်ဆင်ခြင်း၊ အသစ်တည်ထောင်ခြင်း၊ ကုန်ကြမ်းများဝယ်ယူခြင်းနှင့် လုပ်ငန်းများစတင် လည်ပတ်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပျက်စီးဆုံးရှုံးခဲ့သည့် ပဲကြော်ပဲလှော်ဖို(၄၈)ဖိုရှိပါကြောင်း၊ ယခုအခါ ပဲလှော်ဖို (၁၈)ဖိုအား ပြန်လည် ပြုပြင်ဆောင်ရွက်ပြီးစီးပြီဖြစ်ပါကြောင်း၊ ပြင်ဆင်ပြီး ပဲလှော်ဖိုများအနက် ပဲလှော်ဖို(၁၀)ဖိုမှာ လုပ်ငန်းများစတင်လည်ပတ်လျက်ရှိပါကြောင်း၊ ကျန်ရှိသည့် ပဲလှော်ဖိုများကိုလည်း အမြန်ဆုံး ပြုပြင်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ပြင်ရန်ကျန်ရှိသော ပဲကြော်ပဲလှော်ဖိုများအား အမြန်ပြုပြင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြင်ဆင်ပြီး ပဲကြော်ပဲလှော်ဖိုများကိုလည်း လုပ်ငန်းများ အမြန်ဆုံးလည်ပတ်နိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ကျေးရွာရှိ ပဲစိုက်ပျိုးမည့် တောင်သူများ အနေဖြင့်လည်း ပဲမျိုးစေ့များ လိုအပ်ချက်ရှိပါက အမြန်ဆုံးရရှိအောင် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားပါသည်။

၃။      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ဆင်သေကျေးရွာအုပ်စု၊ ကွက်သစ်ကျေးရွာသို့ ‌ရောက်ရှိပြီး ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးရာ ပြည်ထောင်စု ဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျေးရွာချင်းဆက်လမ်း၊ တံတားများ၊ ကျေးရွာကုန်ထုတ် လမ်းနှင့် ကျေးလက်ရေပေးရေးလုပ်ငန်း ပျက်စီးမှုများကို အမြန်ဆုံး ပြန်လည်ပြုပြင် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ရေကြီးနစ်မြုပ်၍ ပျက်စီးဆုံးရှုံးခဲ့သည့် မိုးစပါးနှင့်စိုက်ပျိုးသီးနှံများအစား ဒေသနှင့်ကိုက်ညီသည့် သီးနှံများ အမြန်ဆုံး ပြန်လည်စိုက်ပျိုးနိုင်ရေး လိုအပ်သည့် မျိုးကောင်း မျိုးသန့်နှင့် သွင်းအားစုများကို သီးနှံပေါ်ပေးစနစ်ဖြင့် ရရှိရေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအား ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူများ အနေဖြင့်လည်း ကျေးရွာတွင်းလမ်းများ၊ ရေမြောင်းများကို သက်ဆိုင်ရာတာဝန်ရှိသူနှင့်အတူ သန့်ရှင်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီးနောက် ဆန်များထောက်ပံ့ပေးအပ်ခဲ့ပါသည်။

၄။      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆင်သေချောင်းရုတ်တရက်ရေကြီးရေလျှံမှု ကြောင့် ရေဘေးသင့်ခဲ့သည့် ပုပ္ဗသီရိမြို့နယ် အေးမြင့်သာယာစံပြကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာ အတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် စာသင်ကျောင်းနှင့် ကျောင်းဝင်းအတွင်း သန့်ရှင်းရေး ဆောင်ရွက် ထားရှိမှု အားလည်းကောင်း၊ ကျေးရွာသူကျေးရွာသားများစုပေါင်း၍ ကျေးရွာတွင်းလမ်းများ သန့်ရှင်းရေးဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm