ကျေးရွာဖွံ့ဖြိုးရေးစီမံချက် ရေးဆွဲခြင်းစီမံကိန်းကို နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ် (၁၆) ခုရှိ မြို့နယ် (၂၃၄) မြို့နယ်တွင် ကျေးရွာပေါင်း (၁၅၄၁) ရွာ၌ စီမံချက်ရေးဆွဲသွားမည်ဖြစ်ပြီး၊ Annual Village Investment Programme (AVIP) ရင်းနှီးမြှုပ်နှံမှုအစီအစဉ်အရ ကျေးရွာ (၁) ရွာလျှင် ငွေကျပ် (၁၀) သန်းဖြင့် ကျေးရွာ (၃၀၂၉) ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် လျာထားသော်လည်း စစ်ကိုင်းတိုင်းဒေသကြီးမှ ဝက်လက်မြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီးမှ ကျောက်ကြီးမြို့နယ် တို့သည် စီမံကိန်းဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် (၂)မြို့နယ် လျော့နည်းခြင်းကြောင့် လျာထားမြို့နယ် (၂၃၂) မြို့နယ်တွင် လုပ်ငန်းပေါင်း (၂၅၉၄) ခု ဆောင်ရွက်လျက်ရှိရာ အစီရင်ခံသည့် ကာလထိ ဆောင်ရွက်ပြီးလုပ်ငန်း (၃၄၇) ခု၊ ဆောင်ရွက်ဆဲလုပ်ငန်း (၁၆၁၈) ခုနှင့် ဆောင်ရွက်ရန် ကျန်လုပ်ငန်း (၆၂၉) ခု ဖြစ်ပါသည်။
Dial these numbers and email in case of any emergency