Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဆ) ကျေးလက်မီးလင်းရေးလုပ်ငန်း

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊(၆)လ ဘတ်ဂျက်ဖြင့် ဆောင်ရွက်ခဲ့သော မီးလင်းရေးလုပ်ငန်း များတွင် အစီရင်ခံသည့်ကာလ၌ တစ်အိမ်သုံးဆိုလာစနစ် မီးလင်းရေးလုပ်ငန်း(၅၅၇၅)ခုမှာ(၁၈%) နှင့် အသေးစားဓါတ်အားပေးစနစ်လုပ်ငန်း (၄၈၂)ခုမှာ (၂၈ %) ဆောင်ရွက်ပြီးဖြစ်ပါသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အသေးစားဓါတ်အားပေးစနစ်လုပ်ငန်းများကို ပြည်ထောင်စုရန်ပုံငွေဖြင့် တိုင်းဒေသကြီး/ပြည်နယ်(၈)ခုရှိ ကျေးရွာ(၁၀)ရွာ၊ အကျိုးပြုအိမ်ခြေ (၄၀၅၀) အိမ် အကောင်အထည်ဖော်ဆောင်ရွက်ရန်လျာထားခဲ့ပြီး အစီရင်ခံသည့်ကာလတွင် အဆိုပြုလွှာတင်သွင်းစဉ် ဒေသပေါက်ဈေးနှင့် လက်ရှိဒေသပေါက်ဈေးများ၏ ကွာဟချက်များကြောင့် အဆိုပြုလွှာများကို ပြန်လည်စိစစ်ဆောင်ရွက် လျက်ရှိပြီး စာချုပ်ချုပ်ဆိုနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm