Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြင်ဦးလွင်ခရိုင်၌ အခြေခံလျှပ်စစ်သွယ်တန်းမှုနည်းပညာသင်တန်းဖွင့်လှစ်


23 Sep,2024

ပြင်ဦးလွင်၊ စက်တင်ဘာ ၂၃

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအနေဖြင့် မိသားစုဝင်ငွေတိုးပွားစေပြီး တစ်နိုင်တစ်ပိုင်လုပ်ငန်းများမှ တစ်ဆင့် MSMEs လုပ်ငန်းများအထိ ချဲ့ထွင်နိုင်ပြီး နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ပြုစေရန် ရည်ရွယ်၍ အခြေခံလျှပ်စစ်သွယ်တန်းမှုနည်းပညာသင်တန်းကို ယနေ့ နံနက်ပိုင်းက ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။

          အခမ်းအနားသို့ ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသားများ တက်ရောက်ကြရာ ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီး၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ဌာနမှ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေးစီမံကိန်းလုပ်ငန်းများ အကြောင်းအား ရှင်းလင်းပြောကြားခဲ့ပါ သည်။

          ယခုဖွင့်လှစ်သော အခြေခံလျှပ်စစ်သွယ်တန်းမှုနည်းပညာသင်တန်းတွင် သင်တန်းသား (၂၀) ဦးအား ဝါယာရိန်းသွယ်တန်းခြင်း၊ ဝါယာရိန်းပြုလုပ်ခြင်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ ပြုပြင်နည်း၊ ဝါယာအရွယ်အစားရွေးချယ်ခြင်း၊ ဘရိတ်ကာများ ရွေးချယ်အသုံးပြုခြင်းနှင့် လျှပ်စစ်သွယ်တန်းခြင်း ဆိုင်ရာလုပ်ငန်းများကို စက်တင်ဘာလ ၂၃ ရက်နေ့မှ အောက်တိုဘာလ ၇ ရက်နေ့အထိ (၁၅)ရက် ကြာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm