Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး မကွေးတိုင်းဒေသကြီး မင်းဘူး၊ မင်းလှမြို့နယ်တို့မှ ဝါ နေကြာစိုက်တောင်သူများနှင့်တွေ့ဆုံ


17 Nov,2024

နေပြည်တော် နိုဝင်ဘာ ၁၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် မကွေးတိုင်း ဒေသကြီး လမ်ပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ပိုင်းက မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ မြန်မာနိုင်ငံဝါလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်ကြိုင်၏ ဝါကြိတ်စက်သို့ သွားရောက်ပြီး မင်းဘူး၊ မင်းလှမြို့နယ်တို့မှ ဝါ၊ နေကြာစိုက် သမဝါယမအသင်းသား တောင်သူများ၊ ဝါလုပ်ငန်းရှင်များနှင့်တွေ့ဆုံရာတွင် လုပ်ငန်းလိုအပ်ချက်များဖြစ်သော ဝါမျိုးကောင်း မျိုးသန့်များ အချိန်မီရရှိရေး၊ စိုက်ဧကတိုင်းအတွက် လုံလောက်စွာရရှိရေး၊ ပိုးသတ်ဆေးများ အသုံးပြု နိုင်ရေး တင်ပြချက်အပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အမှာစကား ပြောကြား သည်။ ယင်းနောက် အသင်းသားတောင်သူများ၊ ဝါလုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဝါကြိတ်ဝါဖိစက်များကိုလည်းကောင်း၊ ဆီကြိတ်စက်များဖြင့် ဝါစေ့ဆီနှင့် ဝါကြိတ် ဖတ်များ ထုတ်လုပ်နေမှုကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် မင်းဘူးမြို့နယ်၊ ဆင်ခေါင်းကျေးရွာသို့ သွားရောက်ပြီး ဆင်ခေါင်း စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးထွန်းငြိမ်း၏ လယ်မြေ(၁၀)ဧကတွင် ရုရှားရွက်ဖျန်းမြေဩဇာကို မျိုးစေ့စိမ်သည့်အဆင့်မှစ၍ အသုံးပြုစိုက်ပျိုးထားသော ၂၁ ရက်သား (၈) ဧကစိုက်ခင်းကိုလည်းကောင်း၊ ၁၅ ရက်သား ၂ ဧက စိုက်ခင်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဆက်လက်ဆောင်ရွက်ရမည့် နည်းစနစ်များအတိုင်း  ရွက်ဖျန်းမြေဩဇာကို အသုံးပြုသွားရန် တိုက်တွန်းမှာကြားသည်။

ယင်းနောက် ကျေးရွာဓမ္မာရုံတွင် နေကြာနှင့် ဝါ စိုက်ပျိုးသည့် သမဝါယမအသင်းသားတောင်သူ များနှင့်တွေ့ဆုံကာ ဒုတိယဝန်ကြီးက ဒေသခံပြည်သူများက ယုံကြည်အားထားသော သမဝါယမစနစ် ဖြစ်ထွန်းလာစေရေး စိုက်ပျိုးရေးအခြေခံကုန်ထုတ်သမဝါယမအသင်းများ အောင်မြင်စွာ ဖွဲ့စည်းဆောင် ရွက်နိုင်ရေး တိုက်တွန်းမှာကြားသည်။ဆက်လက်ပြီး တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အမှာစကား ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အသင်းသားတောင်သူများထံ ရေဆင်း နေကြာစပ်မျိုးများ ပေးအပ်ခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် တောင်သူဒေါ်သန်းသန်းဌေး၏ ယာမြေမှလယ်မြေသို့ ကူး ပြောင်းထားသော ကိုင်းတောလေးအရှေ့ကွင်း၊ ကွင်းအမှတ် ၁၂၈၄ တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးမှု၊ တောင်သူ၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် စက်ရေတွင်း ၄ တွင်း တူးဖော်ပြီး ဆိုလာရေတင်စနစ် အသုံးပြုစိုက်ပျိုးထားသော ဧရာပဒေသာစပါးမျိုး ၁၂၀ ရက်သား (၁၀) ဧကအား လိုက်လံကြည့်ရှု အားပေးခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် မကွေးမြို့နယ်၊ အိုင်ကြီးကုန်းကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကုန်ထုတ် လမ်းအရှည် (၁) မိုင် ဖောက်လုပ်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးကာ ကျေးရွာသားများနှင့်တွေ့ဆုံပြီး ကုန်ထုတ်လမ်းဖောက်လုပ်ပေးပြီးဖြစ်၍ ကျေးရွာရှိ မြေဧက (၁၃၀) တွင် နှမ်း၊ မြေပဲများ အောင်မြင်စွာ စိုက်ပျိုးကြရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဆိုင်ကယ်ပြင်သင်တန်း ဖွင့်လှစ်ပေးရေး မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မြို့သစ်မြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ပေပင်ရိုး-ပုဂံမျှော် ကျေးရွာချင်းဆက်လမ်း အရှည် (၃) ဖာလုံ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်