နေပြည်တော် နိုဝင်ဘာ ၂၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် နေပြည် တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်း က နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာသို့ သွားရောက်ပြီး သားတင်ဦး အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းနှင့် ကျောက်စိမ်း လယ်ယာနှင့်အထွေထွေစီးပွားရေး သမဝါယမအသင်းတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သော အိမ်ရှင်မဆီစက်ဖွင့်ပွဲသို့ တက်ရောက် သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယ ဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက အိမ်ရှင်မဆီစက်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က ဆီစက်ဆိုင်းဘုတ် အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အမှာစကားပြောကြားရာတွင် နိုင်ငံတော် အကြီးအကဲက ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချရေးကို အလေးထား ဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားပြီး “ပြည်တွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ စိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက် အတိုင်းထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံ အတွင်းဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး” ဟူသည့် စီးပွားရေး ဦးတည်ချက်ကိုလည်း ချမှတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဆိုပါလမ်းညွှန်ချက်များနှင့်အညီ ပြည်တွင်း စားသုံးဆီဖူလုံရေးအတွက် သမဝါယမကဏ္ဍမှ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်ရေးကို ဦးစားပေး ဆောင်ရွက်လျှက် ရှိပါကြောင်း၊ ထွက်ရှိလာသော ဆီထွက်သီးနှံများကို စားသုံးဆီအဖြစ် ကြိတ်ခွဲနိုင်ရေးနှင့် ဈေးကွက်ရှာဖွေနိုင်ရေးတို့အတွက် ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာတွင် တန်ဖိုး မြှင့် စားသုံးဆီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို သမဝါယမအသင်း(၂)သင်း ပေါင်းစပ် ဆောင်ရွက်ခဲ့သည့်အတွက် နေပြည်တော်မှ ပြည်သူများ လွယ်ကူစွာ ဝယ်ယူစားသုံးနိုင်တော့မည် ဖြစ်ကြောင်း၊ စက်ရုံကို ၂၀၂၄ ခုနှစ်၊ မေလမှ နိုဝင်ဘာလအထိ တည်ဆောက်ခဲ့ပြီး (၁) ရက်လျှင် မြေပဲဆီ (၅၀၄) ပိဿာ၊ (၁) လလျှင် (၁၅၁၂၀) ပိဿာ၊ (၁) နှစ်လျှင် (၁၈၁၄၄၀) ပိဿာ ကြိတ်ခွဲ ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း၊ ကုန်ကြမ်းဝယ်ယူရရှိရေးအတွက် (၁) နှစ်လျှင် မြေပဲစိုက်ဧက (၃၅၁၂.၀၆) ဧကကို အကျိုးပြုပေးမည်ဖြစ်ကြောင်း၊ နေပြည်တော် ဆီထွက်သီးနှံစိုက် တောင်သူများ ၏ ထွက်ရှိလာတဲ့သီးနှံများ ဈေးကွက်ခိုင်မာမှုရရှိမှာ ဖြစ်သည့်အတွက် ပိုမိုတိုးချဲ့စိုက်ပျိုးလာနိုင်မည် ဖြစ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း စတဲ့ (၄) ချက်နှင့်အညီ စနစ်တကျ စိုက်ပျိုးရန် လိုအပ်ကြောင်း၊ စက်ရုံအတွက် လိုအပ်သည့် ဆီထွက်သီးနှံကုန်ကြမ်းများကို ဒေသတွင်း တောင်သူများထံမှ ဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ရန်နှင့် စက်ရုံရေရှည်လည်ပတ်နိုင်ရေး ဝိုင်းဝန်းထိန်းသိမ်းကြရန်ဖြင့် တိုက်တွန်းမှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်ကောင်စီနယ်မြေ အတွင်း ဆီထွက်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းများ၊ ပြည်တွင်းစာသုံးဆီဖူလုံရေးအတွက် ဆီကြိတ်ခွဲစက် များ ထူထောင်ရေးလုပ်ငန်း အခြေအနေများအား ရှင်းလင်းပြောကြားသည်။ ထို့နောက်သားတင်ဦး အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်း ဥက္ကဋ္ဌက စက်ရုံ တည်ဆောက်ခဲ့မှု မှတ်တမ်းများ၊ ကြိတ်ခွဲလည်ပတ်မည့် အခြေအနေများကို Powerpoint ဖြင့် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့ပြီး စက်ရုံအတွင်း လိုက်လံလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် တာဝန်ရှိသူများနှင့်အတူ ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သော အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေး လက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့်ဖွင့်လှစ်ခဲ့သည့် သီးနှံအခြေခံတန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း၊ ဝါးအခြေခံလက်မှုထည်သင်တန်း၊ သစ်အခြေခံပရိဘောဂသင် တန်းနှင့် ရေခဲမုန့်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲများသို့ တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မိမိတို့ဝန်ကြီးဌာနရှိ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စီမံကိန်းကျေးရွာပေါင်း (၁၅၁) ရွာ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စီမံကိန်း ကျေးရွာပေါင်း (၂၂၁) ရွာ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခင်က အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအနေဖြင့် နည်းပညာပေးသင်တန်းများကိုသာ ပို့ချပေးခဲ့ပြီး ယခုအခါ နိုင်ငံတော် အစိုးရ၏ ထောက်ပံ့မှုဖြင့် သင်တန်းဆင်းများထဲက ထူးချွန်သူ (၅) ဦးကို ရွေးချယ်ကာ ကိုယ်ပိုင် လုပ်ငန်းထူထောင်နိုင်ရေးအတွက် လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊ သင်တန်းသား သင်တန်းသူများကလည်း ပို့ချပေးသည့်ပညာရပ်များကို ကြိုးစားလေ့လာသင်ယူပြီး မိမိဘဝတိုးတက်ရေး၊ မိမိဒေသ၊ မိမိမြို့ရွာ၊ မိမိနိုင်ငံ တိုးတက်ရေးတို့အတွက် ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် တိုက်တွန်းမှာကြားသည်။
ဆက်လက်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်ကောင်စီနယ်မြေ အတွင်း အသေးစား၊ အငယ်စား၊ အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဇေယျာသီရိမြို့နယ်၊ ဝန်ပြန်ကျေးရွာမှ သီးနှံအခြေခံ တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ထူးချွန်သူ (၅) ဦးအားလည်း ကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပုဗ္ဗသီရိမြို့နယ်၊ ရွာသစ်ကျေးရွာမှ သီးနှံအခြေခံ တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ထူးချွန်သူ (၅) ဦး အားလည်းကောင်း လုပ်ငန်းသုံးစက်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက သင်တန်းအလိုက် ထူးချွန်သူ (၅) တို့အား လုပ်ငန်းသုံး ပစ္စည်းများနှင့် သင်တန်းဆင်း အောင်လက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။