နေပြည်တော် နိုဝင်ဘာ ၁၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း များ၊ သမဝါယမအသင်းအမှုဆောင်များအတွက် ကို ယနေ့မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဗဟိုသမဝါယမအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ် သမဝါယမဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/ သူများ တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အမှာစကားပြောကြားရာတွင် ၊ သမဝါယမစနစ်ဖြင့် စုပေါင်းဝယ်ယူ၊ စုပေါင်းလုပ်ကိုင်၊ စုပေါင်းရောင်းချသည့် နည်းလမ်းများကို အသင်းအမှုဆောင်းများ ဦးဆောင်ကာ မြေယာ ပြုပြင်ထွန်ယက်၍ အထွက်တိုး မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးခြင်း၊ သွင်းအားစုများ ထည့်သွင်းခြင်းနှင့် သီးနှံအမျိုးအစားအလိုက် လုပ်ဆောင်ရမည့် အပိုင်းများကိုလည်း စနစ်တကျ ဆောင်ရွက်ခြင်း၊ ရိတ်သိမ်းခြွေလှေ့ခြင်းတို့ကို အမြဲမပြတ် ထိတွေ့လုပ်ဆောင်ကြရန် မှာကြားလိုပါကြောင်း၊ မွေးမြူရေး တိရိစ္ဆာန်များ
ဦးစီးဌာနဝန်ထမ်းများ၊ သမဝါယမအသင်းစုချုပ်များနှင့် မြို့နယ်သမဝါယမအသင်းစုများက အသင်းများ စနစ်တကျဖွဲ့စည်းပေးခြင်း၊ မျက်ခြေမပြတ် ကွင်းဆင်းကြီးကြပ်ခြင်း၊ မျိုးကောင်း မျိုးသန့်၊ သွင်းအားစုများ အမှန်တကယ်သုံးစွဲမှု ရှိ/မရှိ၊ စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာ ဆောင်ရွက် မှု ရှိ/မရှိ၊ သီးနှံထွက်ရှိမှု၊ ရောင်းချမှုနှင့် တောင်သူ လိုအပ်ချက်များကို အမြဲမပြတ် ကြီးကြပ် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ထွက်ရှိသည့်သီးနှံများကို တိုင်းဒေသကြီး/ပြည်နယ်များအတွင်း သမဝါယမအသင်းများက ဖြန့်ဖြူးရောင်းချခြင်းအပြင် ဈေးကွက်ဝယ်လိုအားရှိသော အခြားသော တိုင်းဒေသကြီး/ ပြည်နယ်များရှိ သမဝါယမအသင်းများက ဝယ်ယူဖြန့်ဖြူးရောင်းချပေးခြင်း၊ သက်ဆိုင်ရာကုမ္ပဏီများနှင့် ချိတ်ဆက်၍ ကာလပေါက်ဈေးဖြင့် ဝယ်ယူနိုင်ရေးတို့ကို ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါကြောင်း။
အသင်းအမှုဆောင်များအနေဖြင့် သီးနှံစိုက်ပျိုးရာတွင် ကုန်ကျစရိတ်များကို စနစ်တကျ မှတ်တမ်းထားရှိပြီး သီးနှံရောင်းရငွေမှ အမြတ်ရရှိသည့်အခါ သီးနှံတစ်ရာသီ ထွက်ရှိသည့်အခါတိုင်း အသင်းသားများသို့ ခွဲဝေပေးရမည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှုကိစ္စအဝဝကို အသင်းသားများသို့ ပွင့်လင်းမြင်သာစွာ ချပြဆောင်ရွက်သွားရန် လိုကြောင်း၊ လက်ရှိစိုက်ပျိုးထားသည့် သီးနှံများအပြင် ရာသီအလိုက် ထပ်မံစိုက်ပျိုးမည့် သီးနှံအမည်နှင့် ဧကစာရင်းတို့ကို ပြုစုထားရန်၊ စတင်စိုက်ပျိုးရက်၊ ရိတ်သိမ်းရက်တို့ကို တိတိကျကျ ဖော်ပြထားရှိရန်နှင့် ယခင်နှစ် ယခုနှစ်အထွက်နှုန်း နှိုင်းယှဉ်ဇယား များကိုလည်း စနစ်တကျ ပြုစုထားရမှာဖြစ်ကြောင်း၊ သမဝါယမအသင်းပိုင်လယ်ယာမြေများကို တစ်ဦးချင်း သီးစားချ ဆောင်ရွက်ခြင်းမပြုလုပ်ဘဲ အသင်းပိုင်အနေဖြင့်သာ အသင်းကဦးဆောင်ပြီး လုပ်ကိုင်ဆောင်ရွက်ကြရန်၊ အသင်းပိုင်၊ အသင်းသားပိုင် လယ်ယာမြေများတွင် စိုက်ပျိုးသည့် နွေစပါး၊ မိုးစပါး၊ ဆီထွက်သီးနှံတို့အတွက် အထွက်တိုးစေရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ/ အသင်းအချင်းချင်း ပံ့ပိုးငွေရယူ၍ ဆောင်ရွက်ကြရန် ပြောကြားလိုကြောင်း။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မိုးစပါးရာသီတွင် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ ဘတ်ဂျက်ငွေနှင့် အသင်းပိုင်ငွေတို့ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းရောက်ရှိအောင် လုပ်ဆောင် ရမည် ဖြစ်ကြောင်း၊ မျိုး၊ သွင်းအားစုများ အချိန်မီရရှိရေးကို သက်ဆိုင်ရာတိုင်းဒေသကြီး / ပြည်နယ် များရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရယူခြင်း၊ အသင်းပိုင်ငွေကြေးဖြင့် ထောက်ပံ့ပေးခြင်း၊ သွင်းအားစုကုမ္ပဏီများနှင့်ချိတ်ဆက်ပေးပြီး သီးနှံပေါ်ပေးစနစ်တို့ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သမဝါယမချေးငွေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ သတ်မှတ်ကာလအမီ ပြန်လည်ကောက်ခံ ရရှိရေး အထူးအလေးထား ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊
ယခုသင်တန်းတွင် သမဝါယမအသင်းများ နည်းစနစ်မှန်ကန်စွာ ရှင်သန်ဖွံ့ဖြိုးတိုးတက်လာ စေရေး ဆောင်ရွက်ရန်အချက်များ၊ နေကြာသီးနှံအား ရုရှားမြေဩဇာသုံးစွဲ၍ စိုက်ပျိုးနည်းစနစ်များ၊ မိုးစပါး၊ ဝါ၊ နေကြာသီးနှံများ အထွက်နှုန်းတိုးတက်ပြီး ပန်းတိုင်ရည်မှန်းချက်ရရှိရေးအတွက် စနစ်တကျ ဆောင်ရွက်ရန်အချက်များ၊ သမဝါယမအသင်းစာရင်းဇယားများ စနစ်တကျရှိစေရန်နှင့် ဘဏ္ဍာငွေများ စနစ်တကျ ထိန်းသိမ်းတတ်စေရန်၊ စာရင်းရေးစာရင်းကိုင်နှင့် စာရင်းစစ်ဆေးခြင်း စသည့် သမဝါယမပညာရပ်များကို သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်ကြားပို့ချသွားမည်ဖြစ်၍ သင်တန်း သားများအနေဖြင့် ကြိုးစားလေ့လာ သင်ယူကြစေလိုကြောင်းဖြင့် တိုက်တွန်းမှာကြားသည်။
ယနေ့ဖွင့်လှစ်သည့် သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကို သမဝါယမဦးစီးဌာနမှ အရာထမ်းအမှုထမ်းများ၊ ဗဟိုသမဝါယမအသင်းလီမိတက်၊ သမဝါယမအသင်းစုချုပ်များ၊ မြိုနယ်သမဝါယမအသင်းစုများနှင့် အခြေံသမဝါယမအသင်းများမှ အသင်းအမှုဆောင်များ၊ အသင်းသားများ စုစုပေါင်းသင်တန်းသား (၉၆၉) ဦးတို့က စာတွေ့လက်တွေ့သင်ယူခြင်းစနစ်၊ Online စနစ်တို့ဖြင့် နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့ထိ လေ့လာသင်ယူသွားကြမည် ဖြစ်ကြောင်းလည်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။