Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သာစည်မြို့နယ်သမဝါယမဦးစီးဌာန ဝန်ထမ်းမိသားစုများနှင့် သမဝါယမအသင်းများစုပေါင်း၍ မောင်းမဆည်ကျေးရွာ ရေဘေးသင့်ပြည်သူများသို့ စားရေရိက္ခာသွားရောက်လှူဒါန်း


20 Sep,2024

သာစည် စက်တင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ရေဝင်ရောက်သည့်ကျေးရွာများတွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို သက်ဆိုင်ရာဌာနအလိုက်ဆောင်ရွက်နေသကဲ့သို့ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များ၊ စေတနာရှင်ကုသိုလ်ရှင်များက စားရေရိက္ခာများ၊ အဝတ် အထည်များ သွားရောက်လှူဒါန်းပေးလျက်ရှိရာ စက်တင်ဘာ ၁၇ ရက်က မြို့နယ်သမဝါယမ ဦးစီးဌာနဝန်ထမ်းမိသားစုများနှင့် သမဝါယမအသင်းများစုပေါင်းကာ မောင်းမဆည်ကျေးရွာ ရေဘေးသင့်ပြည်သူများသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီညီဝင်းဦးဆောင်၍ ဝန်ထမ်းမိသားစုများနှင့် သမဝါယမအသင်းများစုပေါင်းကာ ငွေကျပ် ၅၅၀,၀၀၀ တန်ဖိုးရှိ ဆန် ၂၄ ပြည်အိတ်ငါးအိတ်၊ ဆား ၃၀ ပိဿာနှင့် ရေသန့်ဘူးကြီး ၁၀၀ တို့ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm