Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ပျက်စီးဆုံးရှုံးအခြေအနေများ ကွင်းဆင်းစစ်ဆေး ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်


13 Sep,2024

နေပြည်တော် စက်တင်ဘာ ၁၃

          အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌဖြစ်သူ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် နေပြည်တော် ကောင်စီဝင် ဦးဇေယျာလင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာချင်းဆက်လမ်း၊ တံတားများ၊ ကျေးလက်ရေပေးရေးလုပ်ငန်း ပျက်စီး ဆုံးရှုံးမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တပ်ကုန်းမြို့ ငွေတောင်တောရကျောင်းတိုက် သို့ သွားရောက်ပြီး ယာယီရေဘေးကာကွယ်ရေးစခန်းတွင် ရောက်ရှိနေသည့် ပြည်သူများအား တွေ့ဆုံအားပေးရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန အနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာချင်းဆက်လမ်း၊ တံတားများ၊ ကျေးလက်ရေပေးရေးလုပ်ငန်း ပျက်စီးမှု သဘာဝဘေးကာလအလွန်တွင် အမြန်ဆုံး ပြုပြင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရေကြီးနစ်မြုပ်ခဲ့သည် မိုးစပါးနှင့် စိုက်ပျိုးသီးနှံများ အတွက်လည်း အမြန်ဆုံးပြန်လည် စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ပြောကြားပြီးနောက် တပ်ကုန်းမြို့နယ်အတွင်းရှိ ယာယီရေဘေးကာကွယ် ရေးစခန်း(၈) ခုရှိ လူဦးရေ (၇၈၃၇)ဦးတို့အတွက် စုစုပေါင်းတန်ဖိုးငွေကျပ် ၁၈၇ ဒသမ ၆၅၅ သိန်းနှင့် ညီမျှသည့် စားသောက်ကုန်ပစ္စည်းဖြစ်သည့် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ရေသန့်၊ ကြက်ဥ၊ မုန့်ကြွပ်၊ ပေါင်မုန့်၊ ဘီစကစ်မုန့်များ၊ လူသုံးကုန်ပစ္စည်းများဖြစ်သည့် Hygienic Kits၊ အဖုံးပါ ပလက်စတစ် ရေပုံး၊ တာပေါ်လင်စနှင့်ကြိုးခွေများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အသက်မွေးဝမ်း ကျောင်းအထောက်အကူပြုသင်တန်းများမှ ချုပ်လုပ်သည့် အဝတ်အထည် အစုံ ၃၀၀ နှင့် ဖိနပ် (၇၃၃)စုံ တို့ကို သက်ဆိုင်ရာတာဝန်ရှိသူ ကော်မတီအဖွဲ့များထံ ထောက်ပံပေးအပ်ပြီးနောက် ရေဘေးသင့်ပြည်သူများအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပိုင် ရွေ့လျား ရေသန့်စင်ကားဖြင့် သောက်သုံးရေသန့်များဖြန့်ဝေပေးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးသင့်ခဲ့သည့် တပ်ကုန်းမြို့နယ်၊ မကျီးပင်ကျေးရွာသို့သွားရောက်ကာ လူနေအိမ်ပျက်စီးမှုများ၊ ကျွဲ၊ နွား တိရစ္ဆာန်များ သေဆုံးမှုအခြေအနေများ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်ခဲ့သော ချောင်းခွကျေးရွာအဝင် နဝင်းချောင်းတံတား(ချောင်းခွ)နှင့် ချဉ်းကပ်လမ်းများ ရေတိုက်စားပျက်စီးမှုနှင့် ကျေးရွာချင်းဆက်လမ်းများ ပျက်စီးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လမ်းပန်းဆက်သွယ်ရေး များ မပြတ်တောက်စေရေး၊ သွားလာမှုအဆင်ပြေစေရေး သန့်ရှင်းသော သောက်သုံးရေများရရှိရေး တို့ကို  အမြန်ဆုံးဆောင်ရွက်ပေးသွားရန်နှင့် ရေရှည်ကောင်းမွန်ရေး ပြန်လည်ပြုပြင်ဆောင်ရွက်မည့် အစီအမံများ တင်ပြသွားရန် ဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ရှားတော- ညောင်ပင်သာ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကွန်ကရစ်တံတား ပျက်စီးနေမှု အခြေအနေအားလည်းကောင်း၊ ရေအေး-ညောင်ပင်သာ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကွန်ကရစ်ရေကျော် ရေတိုက်စားပျက်စီးမှု အခြေအနေများအားလည်းကောင်း၊ ပုပ္ဗသီရိမြို့နယ်ရှိ ကျည်တောင်ကန်- ဇီးကုန်း-လေသာ ကျေးရွာ ချင်းဆက်လမ်းပေါ်ရှိ ဆင်သေချောင်းကူးတံတား ချဉ်းကပ်လမ်းများ ရေတိုက်စားပျက်စီးမှု အခြေအနေအားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ တာဝန်ရှိ သူများ အနေဖြင့် လတ်တလောလမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်မှုမရှိစေရေး၊ ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အမြန်ဆုံဆောင်ရွက်သွားရန်နှင့် ရေရှည်ကောင်းမွန်ရေး ပြန်လည် ပြုပြင်ဆောင်ရွက်မည့် အစီအမံများ ပြန်လည်တင်ပြသွားရန် ဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ နတ်သူရဲကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်ပြီး ယာယီရေဘေးကာကွယ်ရေးစခန်းတွင် ရောက်ရှိနေသည့် ဇီးဖြူပင်၊ သစ်ဆိမ့်ပင်၊ နှမ်းတော၊ ပေါစံခေါ့ ကျေးရွာတို့မှ ရေဘေးသင့်ပြည်သူ များအား တွေ့ဆုံအားပေးရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန အနေဖြင့် ပြည်ထောင်စု နယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာချင်း ဆက်လမ်း၊ တံတားများ၊ ကျေးလက်ရေပေးရေးလုပ်ငန်း ပျက်စီးမှုများကို သဘာဝဘေးကာလ အလွန်တွင် အမြန်ဆုံး ပြန်လည်ပြုပြင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရေကြီးနစ်မြုပ်ခဲ့သည် မိုးစပါးနှင့် စိုက်ပျိုးသီးနှံများအတွက်လည်း အမြန်ဆုံးပြန်လည် စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ပြီးနောက် ဇီးဖြူပင်၊ သစ်ဆိမ့်ပင်၊ နှမ်းတော၊ ပေါစံခေါ့ ကျေးရွာတို့မှ ရေဘေးသင့်ပြည်သူများ အတွက် ငွေကျပ် ၆၆ ဒသမ ၄၅ သိန်းနှင့်ညီမျှသည့် ဆန်အိတ်(၆၀)၊ ဆီ အပါအဝင် စားသောက်ကုန် ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်း များကို ဆန်အိတ်(၆၀)၊ ဆီ အပါအဝင် စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို သက်ဆိုင်ရာတာဝန်ရှိသူကော်မတီအဖွဲ့များထံ ထောက်ပံ့ပေးအပ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပိုင် ရွေ့လျားရေသန့်စင်ကားဖြင့် သောက်သုံးရေသန့် များဖြန့်ဝေပေးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။

ထို့နောက် ပျဉ်းမနားမြို့နယ် ပေါစံခေါ့ကျေးရွာ၌ တပ်မတော်နှင့် လူမှုကူညီရေးအသင်းများမှ ရေဘေးသင့်ပြည်သူများ ကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှု အားပေးပြီးနောက် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ ထောက်ပံ့ဆောင်ရွက် ပေးလျက်ရှိသည့် ရေဘေးသင့်ပြည်သူများအတွက် ဆန်(၆၀)အိတ်နှင့် ဆီပိဿာ(၁၀၀)တို့ကို ထောက်ပံ့ပေးအပ်ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်ဖွဲ့သည် လယ်ဝေးမြို့နယ်၊ ပျံချီကျေးရွာ ဘုန်းတော်ကြီး ကျောင်းသို့ သွားရောက်ပြီး ယာယီရေဘေးကာကွယ်ရေးစခန်းတွင် ရောက်ရှိနေသည့် သဖန်းပင်၊ ရေကာ၊ ဇီးဖြူတန်းကျေးရွာတို့မှ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးရာ ပြည်ထောင်စု ဝန်ကြီးက မိမိတို့ဝန်ကြီးဌာန အနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာချင်းဆက်လမ်း၊ တံတားများ၊ ကျေးလက် ရေပေးရေးလုပ်ငန်း ပျက်စီးမှုများကို သဘာဝဘေးကာလ အလွန်တွင် အမြန်ဆုံး ပြန်လည်ပြုပြင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရေကြီးနစ်မြုပ်ခဲ့သည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အမြန်ဆုံးပြန်လည်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားပြီးနောက် ပျံချီကျေးရွာ ဘုန်းတော်ကြီးကျောင်း ယာယီရေဘေး ကာကွယ်ရေးစခန်းရှိ သဖန်းပင်၊ ရေကာ၊ ဇီးဖြူတန်းကျေးရွာ ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ် ၈၄ ဒသမ ၁၃ သိန်းနှင့် ညီမျှသည့် ဆန်၊ ဆီ အပါအဝင် စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် လယ်ဝေးမြို့နယ်အတွင်း ရေဘေးသင့် ပြည်သူအားလုံးအတွက် ဆန်အိတ် ၄၇ အိတ်ကို သက်ဆိုင်ရာ တာဝန်ရှိသူ ကော်မတီအဖွဲ့များထံ ထောက်ပံ့ပေးပြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပိုင် ရွေ့လျားရေသန့်စင်ကားဖြင့် သောက်သုံးရေသန့်များ ဖြန့်ဝေ ပေးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm