Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှု များကြောင့် ရေဘေးသင့်ခဲ့သည့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


14 Sep,2024

နေပြည်တော် စက်တင်ဘာ ၁၄

          အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌဖြစ်သူ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၁၃ ရက်နေ့ နေ့လယ်ပိုင်းနှင့် စက်တင်ဘာလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းတို့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်ခဲ့သည့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်တင်ဘာလ ၁၃ ရက်နေ့ နေ့လယ်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ နတ်သူရဲကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်ပြီး ယာယီ ရေဘေးကာကွယ်ရေးစခန်းတွင် ရောက်ရှိနေသည့် ဇီးဖြူပင်၊ သစ်ဆိမ့်ပင်၊ နှမ်းတော၊ ပေါစံခေါ့ ကျေးရွာတို့မှ ရေဘေးသင့်ပြည်သူ များအား တွေ့ဆုံအားပေးရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်း မိုးအဆက် မပြတ် ရွာသွန်းမှုကြောင့် ကျေးရွာချင်းဆက်လမ်း၊ တံတားများ၊ ကျေးလက်ရေပေးရေးလုပ်ငန်း ပျက်စီးမှုများကို သဘာဝဘေးကာလ အလွန်တွင် အမြန်ဆုံး ပြန်လည်ပြုပြင်ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း၊ ရေကြီးနစ်မြုပ်ခဲ့သည် မိုးစပါးနှင့် စိုက်ပျိုးသီးနှံများအတွက်လည်း အမြန်ဆုံး ပြန်လည် စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း နှင့် သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြား ပြီးနောက် ဇီးဖြူပင်၊ သစ်ဆိမ့်ပင်၊ နှမ်းတော၊ ပေါစံခေါ့ ကျေးရွာတို့မှ ရေဘေးသင့်ပြည်သူများ အတွက် ငွေကျပ် ၆၆ ဒသမ ၄၅ သိန်းနှင့်ညီမျှသည့် ဆန်အိတ်(၆၀)၊ ဆီ အပါအဝင် စားသောက်ကုန် ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်း များကို ဆန်အိတ်(၆၀)၊ ဆီ အပါအဝင် စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများကို သက်ဆိုင်ရာတာဝန်ရှိသူကော်မတီအဖွဲ့များထံ ထောက်ပံ့ပေးအပ်ပြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပိုင် ရွေ့လျားရေသန့်စင်ကားဖြင့် သောက်သုံးရေသန့်များ ဖြန့်ဝေ ပေးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။

ထို့နောက် ပျဉ်းမနားမြို့နယ် ပေါစံခေါ့ကျေးရွာ၌ တပ်မတော်နှင့် လူမှုကူညီရေးအသင်းများမှ ရေဘေးသင့်ပြည်သူများ ကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှု အားပေးပြီးနောက် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ ထောက်ပံ့ဆောင်ရွက် ပေးလျက်ရှိသည့် ရေဘေးသင့်ပြည်သူများအတွက် ဆန်(၆၀)အိတ်နှင့် ဆီပိဿာ(၁၀၀)တို့ကို ထောက်ပံ့ပေးအပ်ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်ဖွဲ့သည် လယ်ဝေးမြို့နယ်၊ ပျံချီကျေးရွာ ဘုန်းတော်ကြီး ကျောင်းသို့ သွားရောက်ပြီး ယာယီရေဘေးကာကွယ်ရေးစခန်းတွင် ရောက်ရှိနေသည့် သဖန်းပင်၊ ရေကာ၊ ဇီးဖြူတန်းကျေးရွာတို့မှ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးရာ ပြည်ထောင်စု ဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျေးရွာချင်းဆက်လမ်း၊ တံတားများ၊ ကျေးလက် ရေပေးရေးလုပ်ငန်း ပျက်စီးမှုများကို သဘာဝဘေးကာလအလွန်တွင် အမြန်ဆုံး ပြန်လည်ပြုပြင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရေကြီးနစ်မြုပ်ခဲ့သည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အမြန်ဆုံးပြန်လည်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြား ပြီးနောက် ပျံချီကျေးရွာ ဘုန်းတော်ကြီးကျောင်း ယာယီရေဘေး ကာကွယ်ရေးစခန်းရှိ သဖန်းပင်၊ ရေကာ၊ ဇီးဖြူတန်းကျေးရွာ ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ် ၈၄ ဒသမ ၁၃ သိန်းနှင့် ညီမျှသည့် ဆန်၊ ဆီ အပါအဝင် စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် လယ်ဝေး မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူအားလုံးအတွက် ဆန်အိတ် ၄၇ အိတ်ကို သက်ဆိုင်ရာ တာဝန်ရှိသူကော်မတီအဖွဲ့များထံ ထောက်ပံ့ပေးပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပိုင် ရွေ့လျားရေသန့်စင်ကားဖြင့် သောက်သုံးရေသန့်များ ဖြန့်ဝေပေးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်တင်ဘာလ ၁၄ ရက်နေ့ ယနေ့ နေ့လယ်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ဆင်သေချောင်းရုတ်တရက်ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ခဲ့သည့် အေးမြင့်သာယာကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာအတွင်း ရေကြီးနစ်မြုပ်ခဲ့ သည့် စက်ရေတွင်းများ၊ လက်တူးတွင်းများအား တွင်းဆေးလေမှုတ်ဆောင်ရွက်ခြင်း၊ ကလိုရင်း ဆေးခတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း၊ ကျေးရွာတွင်းလမ်းများ သန့်ရှင်းဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက အများပိုင်အဆောက်အဦးများဖြစ်သည့် စာသင်ကျောင်း၊ ဆေးပေးခန်း၊ မူကြို ကျောင်း၊ Community Center များ အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေး လိုအပ်သည့် သန့်ရှင်းရေးလုပ်ငန်း များအမြန်ဆုံးဆောင်ရွက်သွားရန်၊ ကျေးရွာသူကျေးရွာသားများအနေဖြင့် မိမိတို့နေအိမ်များ နေ့စဉ် သန့်ရှင်းရေး ဆောင်ရွက်ကြရန်နှင့် ဆိုလာရေတင်စနစ်မှ လိုအပ်သည့် ပစ္စည်းများအား စနစ်တကျ ဖြုတ်၍ သိမ်းဆည်းထားရန် ဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုးအဆက်မပြတ်ရွာသွန်းပြီး ရုတ်တရက် ရေကြီးရေလျှံမှုကြောင့် ပုပ္ဗသီရိမြို့နယ်ရှိ ကျည်တောင်ကန်- ဇီးကုန်း-လေသာကျေးရွာချင်းဆက် လမ်းပေါ်ရှိ အရှည်ပေ ၄၅၀ ၊ အကျယ် ၂၄ ပေရှိ ဆင်သေချောင်းကူးတံတားမှ ဆင်သေချောင်း တစ်လျှောက် ရုတ်တရက်ရေကြီးရေလျှံမှုများကြောင့် တံတားကမ်းကပ်ခုံများပျက်စီးခြင်း၊ ချဉ်းကပ် လမ်းရေတိုက်စား၍ လမ်းတာဘောင်ဘပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး ဘေလီတံတားထိုး၍ ပြင်ဆင်ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကို ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ အမြန်ဆုံးပြီးစီးရေး တွန်းအားပေးဆောင်ရွက်သွားရန်နှင့် ယခု ကျည်တောင်ကန်-ဇီးကုန်း-လေသာ ကျေးရွာချင်းဆက်ပေါ်ရှိ ဆင်သေချောင်းကူး တံတားအပြင် ရေကြီးရေလျှံမမှုများ ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အခြားတံတားများကိုလည်း အများပြည်သူသွားလာရေး အဆင်ပြေစေရန်နှင့် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး ယာယီတံတားများကို အမြန်ဆုံးဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ရေကြီးရေလျှံမှုများ လျော့ပါးသွားချိန်တွင် ပျက်စီး သွားသောတံတားများ ပြန်လည်ပြုပြင်တည်ဆောက်ရာတွင်လည်း ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် သဘာဝဘေးဒဏ်များ ခံနိုင်ရေးတို့အတွက် စနစ်တကျထည့်သွင်း တွက်ချက်ပြီး ပြန်လည်ပြင်ဆင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း‌ ဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုပ္ဗသီရိမြို့နယ် ဝဲကြီး-ဝင်ပျံကျေးရွာ ချင်းဆက်လမ်းပေါ်ရှိ ဆင်သေချောင်းကူးတံတား ရေတိုက်စားပျက်စီးမှုအား သွားရောက်ကြည့်ရှု စစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် အများပြည်သူ သွားလာရေး အဆင်ပြေစေရေန်နှင့် လတ်တလောလမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်မှု မရှိစေရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အမြန်ဆုံးဆောင်ရွက်သွားရန်နှင့် ရေရှည် ကောင်းမွန်ရေး ပြန်လည်ပြုပြင်ဆောင်ရွက်မည့် အစီအမံများ ပြန်လည်တင်ပြသွားရန် ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm