Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး သမဝါယမကောလိပ် (ဖောင်ကြီး) မှ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ


13 Sep,2024

နေပြည်တော် စက်တင်ဘာ ၁၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက် ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် တာဝန် ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ သမဝါယမကောလိပ် (ဖောင်ကြီး) သို့ သွားရောက်ပြီး ကျောင်းအုပ်ကြီး၊ ဆရာဆရာမများနှင့်တွေ့ဆုံကာ စာပေသင်ကြားရေး၊ ဝန်ထမ်း သက်သာချောင်ချိရေးတို့နှင့်စပ်လျဉ်း၍ လိုအပ်သည်များ မှာကြားပြီး ဆရာဆရာမများ၏ တင်ပြချက် များအပေါ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာန၏  ယန္တရားအခြေစိုက်ရုံး(အောက်မြန်မာပြည်) သို့ သွားရောက်ပြီး မိမိဝန်ကြီးဌာနအောက် ဦးစီး ဌာန (၄) ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ဦးစီးဌာနအလိုက် ယခုဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ရမည့် စီမံကိန်းလုပ်ငန်း များကို အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်၊ သမဝါယမဦးစီးဌာနနှင့် အသင်း စုချုပ်များအနေဖြင့် နွေစပါးစိုက်ပျိုးရာသီတွင် သမဝါယမအသင်းများက စိုက်ပျိုးထားသော စိုက်ဧက အားလုံးအတွက် မျိုးနှင့် သွင်းအားစု ဓာတ်မြေဩဇာ သဘာဝမြေဩဇာများ အချိန်မီကူညီပံ့ပိုးပေးရေး မှာကြားခဲ့သည်။

ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ အောက်မြန်မာပြည် လုပ်ငန်းသုံး ယာဉ်၊ ယန္တရားများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်သို့ သွားရောက်ကာ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ စာပေဌာနမှူးတို့နှင့် တွေ့ဆုံ၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (၅) ကျောင်းတွင် ပြည်ထောင်စုစိတ်ဓာတ်ဘာသာရပ် သင်ကြားပေး မည်ဖြစ်၍ သင်ကြားမှုနည်းစနစ်များနှင့် လိုအပ်သည်များ မေးမြန်းလေ့လာဆွေးနွေးခဲ့သည်။

ယင်းနောက် အဆိုပါဒီဂရီကောလိပ်တွင် တက်ရောက်ပညာသင်ယူနေသော နတလဦးစီးဌာန မှ ဝန်ထမ်းသားသမီးများ၊ လေးမျက်နှာမြို့နယ်မှ ‌ကျောင်းသားကျောင်းသူများ၊ ရခိုင်ပြည်နယ် မိုခါမုန်တိုင်းသင့်ကာလတွင် သွားရောက်ကူညီလုပ်ကိုင်ရင်း ကွယ်လွန်ခဲ့သည့် မြန်မာ့သစ်လုပ်ငန်းမှ လွှဝိုင်းဆရာ ဦးဇော်လတ်၏သမီး ပထမနှစ်ကျောင်းသူ မချိုသဲဦးတို့အား တွေ့ဆုံ၍ ရည်မှန်းချက် အောင်မြင်အောင် ကြိုးစားကြရန် တိုက်တွန်းမှာကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm