Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အမြဲတမ်းအတွင်းဝန် ကြည့်ရှုစစ်ဆေး


20 Aug,2024

          မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေ ကျပ်(၁၀၅.၃၉၅)သန်းဖြင့် ဆောင်ရွက်နေသည့် လေးတိုင်စင်ကျေးရွာရှောင်လမ်း (၀/၇.၈၈)မိုင် (1.585km) အား (50-100mm) ကျောက်ဖြင့်(4.88m) (၁၆)ပေ အကျယ် သိပ်သည်းပြီး (150 mm)ထု ဒုအခြေခံလွှာခင်းခြင်း၊ (75 mm)ထုမြေနီကျောက်စရစ်ဖြင့် အပွန်းခံလွှာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား (၁၉.၈.၂၀၂၄)ရက်နေ့တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ မကွေးတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမိုးထိုက်နှင့် မကွေးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဆလိုင်းနေအောင်ဆန်းတို့မှ မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးနိုင်ရေး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့မှုအား မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးကျော်နိုင်ဦးထံမှသိရှိရပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm