Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရမည်သင်းခရိုင် GEC နှင့် ရွှေသက်တံ့ငွေစုငွေချေးသမဝါယမ အသင်းလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


19 Aug,2024

ရမည်းသင်း ဩဂုတ် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ ခရိုင် GEC နှင့် ရွှေသက်တံ့ငွေစုငွေချေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဩဂုတ် ၁၇ ရက် က  အဆိုပါမြို့နယ်သမဝါယမအသင်းစု သက်တံ့ရောင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ခရိုင် GEC နှင့် ရွှေသက်တံ့ငွေစုငွေချေးသမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က သဘာပတိအဖြစ်ဆောင်ရွက်ကာ အဖွင့်အမှာစကားပြောကြားပြီး အမှုဆောင် ဒါရိုက်တာအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သောလုပ်ငန်းများနှင့် ဘဏ္ဍာရေး ရှင်းတမ်းများကို GEC သမဝါယမအသင်းအမှုဆောင်ဒါရိုက်တာ ဦး‌အောင်မြသိန်းကလည်းကောင်း၊ ရွှေသက်တံ့ငွေစုငွေချေးသမဝါယမအသင်း အမှုဆောင်ဒါရိုက်တာအဖွဲ့‌ ဒေါ်နန်းရွှေစင်ထွန်းက ဘဏ္ဍာ ရေးရှင်းတမ်းများကို ရှင်းလင်းတင်သွင်းခြင်းနှင့် အသင်းသားစာရင်းစစ်အဖွဲ့၏ လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကို ဖတ်ကြားတင်သွင်းရာအသင်းသားများ၏ သဘောတူညီချက်ဖြင့် သဘာပတိက အတည်ပြုချက် ရယူခဲ့ကြောင်း သိရသည်။

ထို့နောက်တက်ရောက်လာသည့် အသင်းသားများ၏ အသင်းကောင်းကျိုးအတွက် အကြံပြုချက် များ၊ မေးမြန်းချက်များအား လက်ခံဖြေကြားရှင်းလင်းပြီး အသင်းသားများအား အစုပေါ်အမြတ်နှင့် စုဆောင်းပေါ်အတိုးများကို ထုတ်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm