Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဇလွန်မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ


19 Aug,2024

ဇလွန် သြဂုတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြို့နယ်သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် အသင်းစုဥက္ကဋ္ဌဦးစောဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်နိုင်ထွန်းက ကာလလွန် ကြွေးကျန်များ အမြန်ဆုံးပေးဆပ်နိုင်ရေး၊ သမဝါယမစနစ်ဖြင့် ကုန်ထုတ်သမဝါယမအသင်းများ တိုးတက်ဖွံ့ဖြိုးအောင်ဆောင်ရွက်သွားမည့်နည်းလမ်းများ၊ ဆီထွက်သီးနှံ ဆောင်းနေကြာ၊ မြေပဲ၊ နှမ်း လျာထားချက်အတိုင်း စိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန်နှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယဥ်စိုးအေးက သမဝါယမဦးစီးဌာနမှ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်အမှုဆောင်အဖွဲ့၏ အစီရင်ခံစာ၊ စာရင်းစစ် အဖွဲ့၏ အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများကို တာဝန်ရှိသူများက ဖတ်ကြား၍ အသင်းဝင်ကိုယ်စားလှယ်များ၏ အတည်ပြုချက်ကိုရယူခဲ့ကြောင်း သိရသည်။

ဝေယံ - ဇလွန်

ဧရာဝတီတိုင်းဒေသကြီး

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm