Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်ဆည်မြို့နယ် အရှေ့ရွာနန်းကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသောနွေစပါးများ ရိတ်သိမ်း


19 Aug,2024

ကျောက်ဆည် ဩဂုတ် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စပါးစိုက်တောင်သူများ လူမှုဘဝမြင့်မားရေး သက်ဆိုင်ရာဌာနများမှ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ၊ စိုက်နည်း စနစ်များနှင့် သွင်းအားစုများ စနစ်တကျကူညီပေးလျက်ရှိကြောင်းသိရပြီး အရှေ့ရွာနန်းကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသောနွေစပါးများ ရိတ်သိမ်းခဲ့ရာ တစ်ဧကအထွက်နှုန်း တင်း(၉၀)ထွက်ရှိကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။

အရှေ့ရွာနန်းကျေးရွာတွင် စိုက်ပျိုးထားသောနွေစပါးများသည် ရွှေအနော်စပါးမျိုးများ ဖြစ်ကြောင်း နှင့် အရှေ့ရွာနန်းကျေးရွာ စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမ အသင်းသားတောင်သူ(၁၈)ဦး၏ လယ်မြေများတွင် (၈၆)ဧက စိုက်ပျိုးထားရှိကြောင်းသိရှိရပြီး နွေစပါးသီးနှံများစိုက်ပျိုးရာ၌ အခြေခံ သမဝါယမအသင်းသားတောင်သူများ သွင်းအားစုအခက်အခဲမရှိစေရေး မြို့နယ်သမဝါယမဦးစီးဌာနမှ နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် စပါးတစ်ဧကတွင် ငွေကျပ်(၂)သိန်းနှုန်းနှင့်ညီမျှသော သွင်းအားစုများ ထောက်ပံ့ ပေးခဲ့ကြောင်းနှင့် ထွက်ရှိလာသည့်စပါးများ ရောင်းချရာ၌ အကျိုးအမြတ်ရရှိရေး ဝယ်ယူကြိတ်ခွဲရေး အဖွဲ့များဖွဲ့စည်းထားပြီး သတ်မှတ်ကာလပေါက်ဈေးဖြင့် ဝယ်ယူခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm