Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း စီမံချက်ရေးဆွဲနည်းနှင့် Website ရေးသွင်းနည်းသင်တန်း (၁/၂၀၂၄)ဖွင့်ပွဲကျင်းပ


19 Aug,2024

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း စီမံချက်ရေးဆွဲနည်းနှင့် Website ရေးသွင်းနည်းသင်တန်း (၁/၂၀၂၄)ဖွင့်ပွဲကျင်းပ

▲▲▲▲▲▲▲▲▲▲▲▲▲▲

နေပြည်တော် ဩဂုတ် ၁၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း စီမံချက်ရေးဆွဲနည်းနှင့် Website ရေးသွင်းနည်းသင်တန်း (၁/၂၀၂၄)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း ၉:၃၀နာရီအချိန်က နေပြည်တော်ရှိ ရုံးအမှတ်(၃၆-B) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က အဖွင့်အမှာစကားပြောကြားရာ

"သင်တန်းသား/ သင်တန်းသူဝန်ထမ်းများအနေဖြင့် သင်တန်းမှ သင်ကြားပေးသော သင်ခန်းစာများကို အထူးအလေးပေး လေ့လာသင်ယူပြီး လက်တွေ့နယ်ပယ်တွင် အကျိုးရှိအောင်အသုံးချရင်း နိုင်ငံတော်အတွက် လိုအပ်သော စွမ်းဆောင်ရည်မြင့်မားသည့် ဝန်ထမ်းကောင်းများ ဖြစ်လာစေရေးအတွက် အစွမ်းကုန် ကြိုးစားလေ့လာ သင်ယူသွားကြရန်” ပြောကြားသည်။

ဆက်လက်ပြီး တက်ရောက်လာကြသည့် သင်တန်းသားတစ်ဦးချင်းစီမှ မိတ်ဆက်စကားပြောကြား သည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားကို ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား၊ သင်တန်းသူ (၂၈)ဦး တက်ရောက်ကြပြီး၊ သင်တန်းကာလမှာ ၁၉-၈-၂၀၂၄ ရက်နေ့မှ ၂၄-၈-၂၀၂၄ ရက်နေ့ထိ( ၆ )ရက်ကြာ စာတွေ့လက်တွေ့ ဖြင့် သင်ကြားပို့ချ‌ပေးမည်ဖြစ်ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm