Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သာယာဝတီခရိုင်အတွင်း ရေကြီးမှုကြောင့်ပျက်စီးခဲ့သော တံတားနှင့်လမ်းတာပေါင် လမ်းပိုင်းပျက်စီးမှုများ ကွင်းဆင်းစစ်ဆေး


19 Aug,2024

သာယာဝတီ ဩဂုတ် ၁၇

             သာယာဝတီခရိုင်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် လမ်း၊ တံတားလုပ်ငန်းများကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေ၊ ပဲခူးတိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးဗိုလ်ဗိုလ်မြင့်နှင့် ဌာနတာဝန်ရှိသူများသည် ဩဂုတ်လ ၁၅ ရက်က ကွင်းဆင်းစစ်ဆေးသည်။

            ရှေးဦးစွာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေနှင့်အဖွဲ့သည် သာယာဝတီမြို့ အင်းရွာ-သခင်ဗျော-ဘီးလင်းလမ်းပေါ်ရှိ ရေတိုက်စားခြင်းကြောင့် ပြိုကျပျက်စီးသွားသော တံတားနေရာတွင် အရေးပေါ် ဘေလီသံပေါင်တံတားတည်ဆောက်ခြင်းလုပ်ငန်းကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။

          ယင်းနောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် သာယာဝတီခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေကြသည့် ခရိုင်နှင့်မြို့နယ်များမှ ဝန်ထမ်းများနှင့်တွေ့ဆုံ ဆွေးနွေးသည်။

        ထို့နောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေနှင့် အဖွဲ့သည် ရွာမ-ကျွန်းကလေးလမ်း လမ်းတစ်လျှောက် ရေတိုက်စားမှု ကြောင့် ပျက်စီးသွားသည့် အပိုင်းများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများအား မှာကြားခဲ့ကြောင်း သိရသည်။

သက်ထက်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm