ငဖဲမြို့နယ် မြင်သာ ကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေများ ပဉ္စမအကြိမ် ထုတ်ချေး
ငဖဲ ဩဂုတ် ၁၉
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေ များ ပဉ္စမအကြိမ် ထုတ်ချေးခြင်းကို ဩဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်း က နယ်ဇော ကျေးရွာ အုပ်စု ၊ မြင်သာ ကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇင်မာနွယ် က ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဖြင့် မြင်သာ ကျေးရွာရှိ လုပ်ကွက်ငယ်တောင်သူများ ၊စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသူများ လိုအပ်သည့် ငွေကြေးအရင်းအနှီးရရှိစေရန် ရည်ရွယ်၍ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ကျေလက်ဥပဒေ၊နည်းဥဒေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်ဇင်မာနွယ် က ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များထံရန်ပုံငွေများ လွှဲပြောင်း ပေးအပ်ခဲ့သည်။
ထို့နောက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များက မြင်သာ ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၀ ဦးထံသို့ ရန်ပုံငွေ ၈၀ သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၈ ဦးထံသို့ ရန်ပုံငွေ ၃၉ သိန်း ၊ စုစုပေါင်း အသင်းဝင် ၁၈ ဦးထံသို့ ရန်ပုံငွေ ၁၁၉ သိန်း ကို တစ်ဦးချင်း ထုတ်ချေးပေးခဲ့ကြောင်းငဖဲ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇင်မာနွယ် ထံမှ သိရသည်။
ဇင်မာ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။