Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘားအံမြို့နယ် လှိုင်ကားကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေထုတ်ချေး


19 Aug,2024

ဘားအံမြို့နယ် လှိုင်ကားကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေထုတ်ချေး

****************************************************************************

ဘားအံ   ဩဂုတ်   ၂၀

          ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးရွာရှိ လုပ်ကွက်ငယ်တောင်သူများ၊ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အသေးစား စီးပွားရေးလုပ်ကိုင်လိုသူများ လိုအပ်သည့်ငွေကြေးအရင်းအနှီးရရှိစေရန် ရည်ရွယ်၍ ကော့သင်းရှူး ကျေးရွာအုပ်စု၊ လှိုင်ကားကျေးရွာ၌ ပဉ္စမအကြိမ် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ရန်ပုံငွေ ထုတ်ချေးခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရလွင်က ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူး များ၊ စီမံကိန်းလုပ်ငန်းစဉ်များ၊ ကျေးလက်နေပြည်သူများထားရှိရမည့် ကျေးရွာစိတ်ဓါတ်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေပါ ကျေးလက်နေပြည်သူများ၏ တာဝန်နှင့် ရပိုင်ခွင့်များ၊ ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းပြောကြားသည်။

          ဆက်လက်၍ စီမံကိန်းတာဝန်ခံက အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေ ထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ် ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေ ကျပ် ၂၄၄သိန်းကို လွှဲပြောင်းပေးအပ်သည်။

          ထို့နောက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက လှိုင်ကားကျေးရွာရှိ စိုက်ပျိုးရေးလုပ်ကိုင်သူ ရှစ်ဦးကို ငွေကျပ်သိန်း ၁၀၀ ၊ မွေးမြူရေးလုပ်ကိုင်သူ ၁၃ဦးကို ငွေကျပ် ၁၄၄သိန်း ၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၂၁ဦးကို ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ရန်ပုံငွေ ကျပ် ၂၄၄သိန်းအား စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

         

ဆက်လူ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm