Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိတ္ထီလာမြို့နယ် ဆည်ကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး


06 Aug,2024

မိတ္ထီလာမြို့နယ်  ဆည်ကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး

မိတ္ထီလာ ဩဂုတ်  ၆

မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ် ခွင့်ပြု ရန်ပုံငွေကျပ် ၆၉ ဒသမ ၆၅ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မိတ္ထီလာမြို့နယ်၊ ဆည်ကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မျိုးလွင်၊ မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဝင်းနှင့် မြို့နယ်တာဝန်ခံအင်ဂျင်နီယာဝန်ထမ်းများက သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာလမ်း ကော်မတီဝင်များနှင့်အတူ ဆည်ကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်‌နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဦးစီးမှူးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးနှင့် လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။

အဆိုပါ ဆည်ကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အရှည် ၆ ဒသမ ၈၂ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် နှစ်ပေ ကျောက်ရောမြေခင်းခြင်း၊ မြေနီကျောက်စရစ် ကိုးလက်မထုခင်းခြင်းလုပ်ငန်းနှင့် ကုန်ထုတ်တံတားအဖြစ် Slab Culvert တစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းတို့ကို ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၆၉ ဒသမ ၆၅ သန်းဖြင့် မေလမှ စတုတ္ထအပတ်က စတင်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၅၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်သည်။

အဆိုပါ ဆည်ကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်နိုင်မှုကြောင့် ဆည်ကုန်းကျေးရွာအပါအဝင် မွှေရွာကျေးရွာ၊ ဥယျာဉ်ကျေးရွာတို့မှ ဒေသခံ တောင်သူများ၏ စိုက်ပျိုးမြေဧက ၃၀၀ ဧကကျော်ကို အကျိုးပြုနိုင်မှာဖြစ်သည့်အပြင် မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသော ထုတ်ကုန်၊ ထွက်ကုန်များအား ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူသယ်ယူ ပို့ဆောင်နိုင်မှာ ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm