Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဖြူးမြို့နယ်၌ လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းမှ မျိုးစပါး YSR-1 မျိုး အပါအဝင် ဧက (၅၀၀) ကျော် လျာထားစိုက်ပျိုးလျက်ရှိ


05 Aug,2024

ဖြူး သြဂုတ် ၅

ပဲခူးတိုင်း‌ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံ သမဝါယမအသင်းမှ မိုးစပါးအနေဖြင့် YSR-1 မျိုး အပါအဝင် ဧက (၅၀၀)ကျော် လျာထားစိုက်ပျိုး လျက်ရှိကြောင်း သိရသည်။

လူငယ့်အားမာန်စိုက်ပျိုးရေးနှင့်လုပ်ငန်းစုံသမဝါယမအသင်းအနေဖြင့် အသင်းပိုင်မြေတွင် (၂၀၂၄ -၂၀၂၅) ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာတွင် ဧက (၃၀၀) အား မျိုးစေ့ထုတ်စိုက်ပျိုးထားရှိမှု အပါအဝင် YSR-1 မျိုး (၁၀) ဧက၊ GW-11 မျိုး (၁၀၀) ဧကနှင့် ဒေသ၏ အဓိကကြိုက်သော ဆင်းသုခ၊ ဗျော့ထွန်း၊ ရက်(၉၀)မျိုး (၃၉၀)ဧက စုစုပေါင်း ဧက(၅၀၀) စိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးစနစ်များ အနေဖြင့် ဘောင်ပျိုးစနစ်၊ ကောက်စိုက်စက်စနစ်၊ ရိုးရိုးစိုက်ပျိုးစနစ်၊ တိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးလျက်ရှိကြောင်း လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းမှ သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm