Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ထားဝယ်မြို့နယ်၌ အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲကျင်းပပြုလုပ်


02 Aug,2024

ထားဝယ်မြို့နယ်၌ အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲကျင်းပပြုလုပ်
*******************************
‌ထားဝယ်        ဩဂုတ်         ၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်အတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံးအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲခေါင်က သင်တန်းအဖွင့်အမှာစကား ပြောကြားပြီး ထားဝယ်ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးသီက သင်တန်းဖွင့်လှစ်ခြင်းမှ ရရှိလာမည့် အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ထားဝယ်မြို့နယ်ဦးစီးမှူး ဒေါ်သာသာရည်က အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက သင်တန်းတွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများကို သင်တန်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းကို ကျွမ်းကျင်နည်းပြဆရာမများက စာတွေ့လက်တွေ့ဖြင့် ဩဂုတ်လ ၁ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့ထိ နှစ်လကြာ အခမဲ့သင်ကြားပို့ချသွားမည်ဖြစ်ပြီး ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသူ တစ်ဆယ် ဦး တက်ရောက်ခဲ့ကြောင်း ထားဝယ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm