Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေခဲမုန့်အမျိုးမျိုးနှင့် ကိတ်မုန့်ပြုလုပ်မှုနည်းပညာ(TဝT)သင်တန်းဆင်းပွဲကျင်းပ


02 Aug,2024

နေပြည်တော်၊ ဩဂုတ် ၂

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် အရည်အချင်းရှိသော နည်းပြများထွက်ပေါ်လာစေရန် ရည်ရွယ်၍ ဇူလိုင်လ ၃၀ ရက်နေ့မှ ဩဂုတ်လ ၂ ရက်နေ့အထိ (၄)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော ရေခဲမုန့်အမျိုးမျိုးနှင့် ကိတ်မုန့် ပြုလုပ်မှုနည်းပညာသင်တန်း (TဝT) သင်တန်း အမှတ်စဉ် (၂/၂၀၂၄) ဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

             အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(နည်းပညာ)၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ တာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

          ဦးစွာ ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် မိမိတို့ဦးစီး ဌာနမှ ဝန်ထမ်းများသည် ရုံးလုပ်ငန်း တာဝန်များအပြင် နည်းပြတာဝန်များကိုပါ ထမ်းဆောင်ကြရသည့် ဝန်ထမ်းများဖြစ်ကြ၍ ရုံးလုပ်ငန်းများကို ကျွမ်းကျင်တတ်မြောက်ကြရမည်ဖြစ်သကဲ့သို့ ယခုလို အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု ဘာသာရပ်များကိုလည်း တတ်မြောက်ကြရမည် ဖြစ်ကြောင်း၊ ယခုသင်တန်းကို တက်ရောက်လာကြသည့် သင်တန်းသားများ အနေဖြင့် သင်တန်းမှ သင်ကြားပေးလိုက်သော ကုန်ထုတ်လုပ်မှုနည်းပညာများကို ပိုမိုကျွမ်းကျင်အောင် စဉ်ဆက်မပြတ် လေ့လာသင်ယူကြပြီး အရည်အသွေးပိုမို တိုးတက်ကောင်းမွန်အောင် ကြိုးစားဆောင်ရွက်ကြစေလို ကြောင်း၊ တစ်ဦးချင်းစွမ်းရည်ရှိမှ မိမိအကျိုး၊ ဌာနအကျိုး၊ နိုင်ငံ့အကျိုး သယ်ပိုးနိုင်မည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။

          ယခု ဖွင့်လှစ်ခဲ့သောသင်တန်းတွင် တိုင်းဒေသကြီး၊ ပြည်နယ်ရုံးများ၊  ယွန်းပညာကောလိပ်၊ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းများ နှင့် ခရိုင်ရုံးများတွင် တာဝန်ထမ်းဆောင်နေကြသည် ဝန်ထမ်း (၁၀)ဦးအား အရည်အချင်းပြည့်ဝပြီး ကျွမ်းကျင်သော နည်းပြများဖြစ်လာစေရန် စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm