Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


02 Aug,2024

မကွေး၊ သြဂုတ် ၁

            မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် (မကွေး-တောင်တွင်းကြီး-မြင်ကွန်း) လမ်းမှ သံဘိုရွာသစ်-သံဘိုရွာမလမ်း(၁/၂)မိုင် မြေနီခင်းခြင်းလုပ်ငန်းအား တိုင်းဒေသကြီး (ပြင်/ထိန်း) ရန်ပုံငွေကျပ် (၁၅.၀၀၀)သန်းဖြင့် မကွေးမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေမှုအား ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမိုးထိုက်နှင့် တာဝန်ရှိသူများမှ (၁.၈.၂၀၂၄)ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပြီး ၎င်းလမ်းပေါ်တွင် လိုအပ်လျှက်ရှိသော (၅') Box Culvert (၁)စင်းနှင့် ရေကျော် (၅၀)ပေ (၁)စင်းတို့အား ထပ်မံ လျာထားတင်ပြသွားရန်နှင့် လုပ်ငန်းများအား အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်ရန် မှာကြားခဲ့ပြီး အဆိုပါလမ်းသည် ကျေးရွာ(၃)ရွာ၊ အိမ်ခြေ(၃၂၈)အိမ်၊ လူဦးရေ (၁၁၃၉)ဦးတို့အား နေ့စဉ်အကျိုးပြုလျက်ရှိပါကြောင်း သိရသည်။

            ထို့နောက် (မကွေး-တောင်တွင်းကြီး)လမ်းမှ အုံးတွဲ-စလံလမ်း(၁/၀)မိုင်အား ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာမှ ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး အဆိုပါလမ်းသည် ကျေးရွာ(၂)ရွာ၊ အိမ်ခြေ(၁၀၅၉)အိမ်၊ လူဦးရေ(၃၂၄၁)ဦးတို့အား နေ့စဉ်အကျိုးပြုလျက်ရှိပါကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm