နေပြည်တော် နိုဝင်ဘာ ၂၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တိုင်း ဒေသကြီး သယံဇာတရေးရာဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်အတွင်း သမဝါယမ လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သန်လျင်မြို့နယ် ငါးဗြေမကျေးရွာရှိအလင်းရောင် မွေးမြူရေးနှင့် အထွေထွေသမဝါယမအသင်းသို့ သွားရောက်ပြီး နို့စားနွား မွေးမြူသူအသင်းသားများ၊ နွေစပါးစိုက်တောင်သူများနှင့် တွေ့ဆုံရာ သက်ဆိုင်ရာတာဝန်ရှိသူများက သန်လျင် မြို့နယ်အတွင်း သမဝါယမအသင်းများမှ နို့စားနွားနှင့် ဒေသနွား မွေးမြူထားရှိမှု အခြေအနေများ၊ ထပ်မံတိုးချဲ့ မွေးမြူနိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသနှင့် ကိုက်ညီသည့် နို့စားနွားမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ကျေးလက်နေပြည်သူများ၏ တစ်မိ သားစုချင်းဝင်ငွေတိုးပွားစေရေး၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်စေရေး နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ ဝန်ကြီးဌာနမှ အခြေခံအဆောက် အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကျေးရွာ ကုန်ထုတ်လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ စိုက်ပျိုး ရေးလုပ်ငန်းများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ တစ်ဧကလျှင် ငွေကျပ် ၂ သိန်း နှုန်းနှင့် ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊ မွေးမြူရေး လုပ်ငန်းများအတွက် သမဝါယမအသင်းရန်ပုံငွေများ၊ ကျေးလက်စီးပွား မြင့်မားရေး ရန်ပုံငွေ ထူထောင်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများဖြင့် လိုအပ်သည့် မျိုး၊ အစာနှင့် ခြံတည်ဆောက်ခြင်းများအတွက် ပံပိုးဆောင်ရွက် ပေးလျက်ရှိကြောင်း၊ တောင်သူများ ၏ လူမှုစီးပွားဘဝမြင့်မားလာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေး၊ ကျေးရွာများတွင် အမှန်တကယ်လုပ်ငန်း လုပ်ကိုင်လိုသူများ၊ လုပ်ငန်း အမျိုးအစား တူညီသူများ စိတ်တူကိုယ်တူ ဆန္ဒတူသူများကို စုပေါင်း၍ သမဝါယမအသင်းများ၊ ဖွဲ့စည်းပေးပြီး အသင်းသား တောင်သူများ၏ အဓိကလိုအပ်သော မျိုးကောင်းမျိုးသန့် များရရှိရေး၊ သွင်းအားစု ပံ့ပိုးပေးနိုင်ရေး ထွက်ရှိလာသော စိုက်ပျိုးရေး၊ မွေးမြူရေး ထုန်ကုန်များကို ဈေးကွက် ခိုင်မာမှုရရှိရေး လုပ်ဆောင် ပေးလျက်ရှိပါကြောင်း ပြောကြားပြီး နို့စားနွားမွေးမြူသူ အသင်းသား များ၏ တင်ပြချက်များကို ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ငါးဗြေမကျေးရွာ၌ ပုဂ္ဂလိက နို့စွားနွား မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF) ရန်ပုံငွေဖြင့် တိုးချဲ့ဆောင်ရွက်မည့် နို့စားနွားမွေးမြူရေးခြံ တည်ဆောက်မည့် မြေနေရာနှင့် တည်ဆောက်မည့် အစီအမံများအားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နို့နှင့် နို့ထွက်ပစ္စည်း များအား တန်ဖိုးမြှင့်စားသောက်ကုန်အဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေးစီစဉ် ချိတ်ဆက်ဆောင်ရွက် သွားရန် ဆွေးနွေးမှာကြားပါသည်။
၄။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သန်လျင်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကျေးရွာ ခြောက်ရွာ၊ လူဦးရေ ၃၉၀၀၀ ကျော်နှင့် စိုက်ဧက ၂၇၅ ဧကတို့ကို အကျိုးပြုပေးလျက်ရှိသည့် သနပ်ပင်-အုတ်ဖိုစုကျေးရွာချင်းဆက်လမ်း ပျက်စီးနေသောလမ်းပိုင်း များအား မြေကြီးတာဘောင်တင်ခြင်းနှင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သတ်မှတ် စံချိန်စံညွှန်းအရည်အသွေး ပြည့်မီရေးအလေးထား ဆောင်ရွက်ရန်နှင့် ကျေးရွာလမ်းကော်မတီ ဝင်များ ဒေသခံပြည်သူအားလုံးမှ လမ်းရေရှည်ကောင်းမွန်စေရေး ဝိုင်းဝန်းထိန်းသိမ်းကြစေလို ကြောင်း ဆွေးနွေးမှာကြားပြီးနောက် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သနပ်ပင်ကျေးရွာ ဘက်စုံသုံးခန်းမ၌ နို့စားနွားမွေးမြူသူများ၊ နွေစပါးစိုက်တောင်သူများ၊ ဆောင်းသီနှံမြေပဲစိုက် သမဝါယမအသင်းသား သင်းသားတောင်သူများနှင့်တွေ့ဆုံရာ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဦးစီးမှူးက တိုင်း ဒေသကြီးအတွင်း သမဝါယမစနစ်ဖြင့် နို့စားနွားမွေးမြူမှု အခြေအနေများ၊ နွေစပါးစိုက်ပျိုးမည့် အခြေအနေများနှင့် ဆောင်းသီး ဆီထွက်သီးနှံများ စိုက်ပျိုးမည့် အခြေအနေများကို ရှင်းလင်းတင်ပြ ပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးရွာတောင်သူများအနေဖြင့် စိုက်ပျိုးရေး သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် လိုအပ်သည့် မျိုးကောင်းမျိုးသန့် ရရှိရေး၊ စိုက်ပျိုးမြေများ စနစ်တကျပြုပြင်ရေး၊ စိုက်ပျိုးရေ ရရှိရေးနှင့် စိုက်နည်းစနစ်မှန်ကန် စေရေးတို့ကို အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဒါမှသာ သီးနှံများအထွက်တိုးပြီး တောင်သူ များ ဝင်ငွေပိုမိုရရှိစေမှာဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် တောင်သူများလိုအပ်သည့် မျိုးနှင့် သွင်းအားစု ဓါတ်မြေဩဇာများအား တောင်သူများလက်ဝယ် အချိန်မီရောက်ရှိရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများအတွက် အရင်းအနှီးများကိုလည်း သမဝါယမချေးငွေများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း(RBF) ချေးငွေများမှ ရရှိအောင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကျေးရွာတောင်သူများ၊ အသင်းသားတောင်သူများကိုယ်တိုင်က မိမိတို့ကိုယ်တိုင်နှင့် မိမိတို့ ကျေးရွာ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးစားဆောင်ရွက်လိုသည့်စိတ်များ မွေးမြူကြရမှာဖြစ်ကြောင်း၊ အများ အကျိုးရပ်ရွာအကျိုးအတွက် အသင်းသားများ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်းများ ရှိရမှာဖြစ်သလို သတ်မှတ်စည်းကမ်းများကိုလည်း လိုက်နာရမှာဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရမှ ကျေးရွာနေပြည်သူများလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးပြီးဖြစ်၍ ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဝိုင်းဝန်းထိမ်းသိမ်းကြရန်လိုအပ်ကြောင်းနှင့် ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာများကို ရှင်းလင်းဆွေးနွေးပြီး ကျေးရွာနေပြည်သူများ၏ တင်ပြချက်များကို ပေါင်း စပ်ညှိနှိုင်း ဆောင်ရွက်ပေးပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးတို့က သန်လျင် မြို့နယ်အတွင်းရှိ သမဝါယမအသင်း(၄)သင်းရှိ အသင်းသားတောင်သူ (၅၈)ဦးတို့၏ စိုက်ဧက ၅၀၀ အတွက် ယူရီးယားဓါတ်မြေဩဇာ ၈၃၂ အိတ်နှင့် ကွန်ပေါင်းဓါတ်မြေဩဇာ ၁၅၅ အိတ်အား လည်းကောင်း၊ ခရမ်းမြို့နယ်အတွင်းရှိ မြေပဲစိုက်တောင်သူ ၁၀ ဦးတို့၏ စိုက်ဧက ၄၀ အတွက် ယူရီးယားဓါတ်မြေဩဇာ ၁၅၀ အိတ်အားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကောင်း သတင်းရရှိ ပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။