Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကျင်းပခြင်းနှင့် ဝန်ထမ်းများအား ဆန်/ဆီများ ထောက်ပံ့ပေးအပ်ခြင်း


02 Aug,2024

မကွေး၊ ဇူလိုင် ၃၁

                  သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ)နှင့် ဝန်ထမ်း များအား ဆန်/ဆီ ထောက်ပံ့ပေးအပ်ခြင်းတို့အား ၃၁-၇-၂၀၂၄ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

                       အဆိုပါ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) သို့ ညွှန်ကြားရေးမှူး(မြို့ပြ)၊ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)၊ လက်ထောက်ညွှန် ကြားရေးမှူး (မြို့ပြ)များနှင့် ဝန်ထမ်းများတက်ရောက်ကြပြီး ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမိုးထိုက်မှ ဝန်ထမ်းများ၏ တင်ပြချက်များ နှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့၍ နေ့လည် (၁၁:၃၀)အချိန်တွင် ညွှန်ကြားရေးမှူး(မြို့ပြ)ရုံးရှိ ဒုတိယညွှန်ကြားရေးမှူးနှင့်အောက် ဝန်ထမ်းများနှင့်နေ့စားဝန်ထမ်းများအပါ စုစုပေါင်း ဝန်ထမ်း (၂၉)ဦးတို့အား တစ်ဦးလျှင် ဆန်(၂)ပြည်၊ ဆီ (၁)ပိဿာနှုန်းဖြင့် ညွှန်ကြားရေးမှူး(မြို့ပြ)က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm