Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြောင်းမြခရိုင်အတွင်းရှိ ကျေးလက်လမ်း/တံတားလုပ်ငန်းများအားတာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး


02 Aug,2024

          ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့နယ်၊ ဝါးခယ်မမြို့နယ်နှင့် အိမ်မဲမြို့နယ်များအတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်း‌ဒေသကြီး/ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ဇူလိုင်လ (၂၉) ရက်နေ့က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) မှ ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေးနှင့်တာဝန်ရှိသူများက မြောင်းမြခရိုင်အတွင်းဆောင်ရွက်လျက်ရှိသော လမ်း/တံတားလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များလမ်းညွှန်မှာကြားပြီးနောက် မြောင်းမြခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm