Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘိုကလေးမြို့နယ်၊ ဂုံမင်းချောင်းကျေးရွာသံပေါင်တံတားနှင့်ချဉ်းကပ်လမ်း တည်ဆောက်ခြင်းလုပ်ငန်းအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး


31 Jul,2024

ဘိုကလေး ဇူလိုင် ၃၀

           ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ဂုံမင်းချောင်းကျေးရွာသံပေါင်တံတားနှင့် ချဉ်းကပ်လမ်း အား ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူတည်ဆောက်လျက်ရှိရာ အဆိုပါသံပေါင်တံတားနှင့် ချဉ်းကပ်လမ်းတည်ဆောက်နေမှု လုပ်ငန်းအခြေအနေများကို တာဝန်ရှိသူများ ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

            ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ တံတားတည်ဆောက်ရေးအဖွဲ့(ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ဇော်မင်း၊ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်လင်းနှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ယူတည်ဆောက်နေသူများထံ မှာကြားခဲ့ကြောင်း၊ ယခု တည်ဆောက်နေသည့် ဘိုကလေးမြို့နယ် ဂုံမင်းချောင်းကျေးရွာရှိသံပေါင်တံတားနှင့် ချဉ်းကပ်လမ်းပြီးစီးပါက ဂုံမင်းချောင်းကျေးရွာပတ်ဝန်းကျင်ရှိ ကျေးရွာ ၁၀ ရွာ၊ အိမ်ခြေ ၄၇၈၀ စု၊ လူဦးရေ ၆၄၅၀ တို့အတွက် လမ်းပန်းဆက်သွယ်ရေး ကိစ္စရပ်များအပြင် လူမှုစီးပွားဘဝကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm