အင်္ဂပူ ဩဂုတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်သမဝါယမဦးစီးဌာနရုံးအစည်းဝေး ခန်းမ၌ ဇူလိုင် ၃၁ ရက်က ချမ်းသာဌေးငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းဝေးပြုလုပ်ခဲ့သည်။
ဦးစွာ ချမ်းသာဌေးငွေစုငွေချေးသမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ ဦးကျော်သူနှင့် မြို့နယ် သမဝါယမဦးစီးဌာန၊ ဦးစီအရာရှိ ဒေါ်မို့မို့ခိုင်တို့က အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် (၂၀၂၃-၂၀၂၄)ဘဏ္ဍာရေးနှစ် ချမ်းသာဌေးသမဝါယမအသင်းလီမိတက်၏ ဘဏ္ဍာရေးရှင်းအား ဒေါ်သင်းစန္ဒာ က ဖတ်ကြားခဲ့သည်။ ဆက်လက်၍ အသင်းသားများအား အသင်းဥက္ကဋ္ဌနှင့် မြို့နယ်ဦးစီးအရာရှိတို့က စားသုံးဆီ(ပဲဆီ)များနှင့် စုဆောင်းငွေအတိုးများအား ပေးအပ်ရာ အသင်းသားများက လက်ခံရယူခဲ့ သည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီအရာရှိ ဒေါ်မို့မို့ခိုင်နှင့် ဝန်ထမ်းများ၊ ချမ်းသာဌေးငွေစုငွေချေးသမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ ဦးကျော်သူနှင့် အသင်းသား များ တက်ရောက်ခဲ့ပြီး အသင်းသားများ၏ စုဆောင်းငွေအပေါ်ရရှိမည့် အတိုးငွေများထုတ်ပေးခြင်း နှင့် အသင်းသား (၃၄၂)ဦးအတွက် တစ်ဦးလျှင် ပဲဆီ ၅၀ သားနှုန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်