Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရေကန်များ ပြန်လည်တူးဖော်နေမှု ကြည့်ရှုစစ်ဆေး


25 Oct,2024

နေပြည်တော် အောက်တိုဘာ ၂၅

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရေကန်များနှင့် အထင်ကရနေရာများသို့ သွားလာမှုလွယ်ကူ ချောမွေ့စေရေးအတွက် ဂျင်းကျောက်ဖြင့် လမ်းများခင်းပေးခြင်းလုပ်ငန်း၊ ပုဂံရှေးဟောင်း ဘုရားစေတီ ပုထိုးများအတွင်းသို့ ရေစိမ့်ဝင်မှုများကြောင့် ရှေးဟောင်းအမွေအနှစ်များကို အနည်းနှင့်အများ ထိခိုက် ပျက်စီးလာစေနိုင်သဖြင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရှေးဟောင်းရေကန်များ ပြန်လည်တူး ဖော်ပေးခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်း တွင် တာဝန်ရှိသူများလိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ လက်ဝဲကျေးရွာသို့ သွား ရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်းတူးဖော်နေသည့် ကိုဖြူကန်နှင့် တောရကျောင်းကန်တို့အား ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များ မှာကြားသည်။ ၎င်းနောက် ဒေသခံတောင်သူများ၏ ဆီထွက်သီးနှံ မြေပဲစိုက်ခင်းများသို့ သွားရောက်ကြည့်ရှု၍ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ၊ စိုက်ပျိုးရေးသမဝါယမအသင်းများ ဖွဲ့စည်း၍ ဆီကြိတ်ခွဲဖြန့်ဖြူးသည်အထိ ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ကုန်းတန်းကြီး ကျေးရွာအဝင်လမ်း (၁) မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်နေမှုကိုလည်းကောင်း၊ မင်းနန်သူ ကျေးရွာအဝင်လမ်း အရှည် (၂.၈၅) ဖာလုံ ကတ္တရာခင်းခြင်းလုပ်ငန်းကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်နေသော မင်းနန်သူကျေးရွာတွင်း လမ်း အရှည် (၁၆၅၀) ပေ ဂျင်းကျောက်ခင်းခြင်းလုပ်ငန်းနှင့် ပေ (၃၀) Slab Culvert (၂) စင်း တည်ဆောက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် အနောက်ဖွားစောကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း သို့ သွားရောက်ပြီး ဒုတိယမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ နိုင်ငံတော်အတွက် အားထားရသော၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်အောင် မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် KG+9 အောင်မြင်ပြီး ကျောင်းသားကျောင်းသူများ အနေဖြင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများသို့ တက်ရောက်ကြရေးအတွက် ညွှန်ပြ ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။ ဆက်လက်ပြီး အခြေခံပညာအလယ်တန်းကျောင်း အတွက် လူငယ်စာပေဆိုင်ရာ စာအုပ်စာစောင်များ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များက ထုတ်ဝေခဲ့သည့် မဂ္ဂဇင်းစာအုပ်များ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်နှင့်စစ်ကိုင်း) တို့မှ ထုတ်ဝေခဲ့သည့် မဂ္ဂဇင်းစာအုပ်များကိုလည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့ပေးသော အားကစားပစ္စည်းများကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တောင်ဘီကျေးရွာသို့ သွားရောက်ပြီး ကျေးရွာတွင်းလမ်း အရှည် (၅.၂) ဖာလုံ ဂျင်းကျောက်ခင်းခြင်းလုပ်ငန်းနှင့် လမ်းဘေးရေနုတ်မြောင်း တူးဖော်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မြင်းကပါကျေးရွာသို့ သွားရောက်ကြီး “ရွှေ” ယွန်းစက်မှု လက်မှုနှင့် ကုန်ထုတ်သမဝါယမအသင်း၏ ယွန်းထည်ပစ္စည်းများ ထုတ်လုပ်ရောင်းချနေမှုကိုလည်း ကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင် ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဆိုင်ကယ်ပြင်သင်တန်း ဖွင့်လှစ်နေမှုကို လည်းကောင်း ကြည့်ရှုအားပေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ် သိန်း(၃၀၀) အား ထောက်ပံ့ပေးအပ်ရာ ကျေးရွာကော်မတီဝင်တစ်ဦးက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြော ကြားသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် နတ်ကြို့အိုင်ကျေးရွာသို့ သွားရောက်ပြီး ကန်မကြီးကန်နှင့် မြောက်စုကန် တူးဖော်နေမှုကိုလည်းကောင်း၊ ကန်ပေါက်အရှေ့ကျေးရွာသို့ သွားရောက်၍ ကန်ကြီးကန်နှင့် ကျင်လိုကန် တူးဖော်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့သည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန က ရေကန် (၂) ကန် တာဝန်ယူတူးဖော်ပေးခဲ့ပြီး အလှူရှင်များ လှူဒါန်းထားသော ရေကန် (၁၀) ကန်ကိုလည်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တို့က တူးဖော်ပေးလျက်ရှိရာ စုစုပေါင်းရေကန် (၁၂) ကန်အနက် (၈) ကန်အား ၁၀၀ ရာခိုင်နှုန်း တူးဖော်ပေးပြီး ဖြစ်သည်။ ဆောင်ရွက်ဆဲ ကျန်ရေကန် (၄) ကန်ကိုလည်း ယခုအောက်တိုဘာလကုန် အပြီး တူးဖော်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm