ငပုတော ဩဂုတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပညာရေးငွေစုငွေချေး သမဝါယမအသင်း လီမိတက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဇူလိုင် ၃၁ ရက်က ကျင်းပပြုလုပ်ရာ သဘာပတိက အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးအရာရှိ ဦးစိုးနိုင်က အမှာစကား ပြောကြားသည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဦးဗညားအောင်က အမှာစကားပြောကြားပြီး မြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးရဲမြင့်စိုးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပညာရေးငွေစုငွေချေးသမဝါယမ အသင်းလီမိတက်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား သည်။
ဆက်လက်ပြီး ဒါရိုက်တာအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အစီရင်ခံစာကို အသင်းဒုတိယ ဥက္ကဋ္ဌ ဦးသက်ဦးအောင်က ဖတ်ကြားတင်ပြသည်။ ထို့နောက် လက်ကျန်ရှင်းတမ်းကို အုပ်ချုပ်မှု ဒါရိုက်တာဦးကြည်လွင်က ဖတ်ကြားပြီး ထူးချွန်ဆုရရှိသော အသင်းသူအသင်းသားများ၏ သားသမီး များအား ဂုဏ်ပြုဆုငွေနှင့် မှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး သဘာပဝတိက နိဂုံးချုပ်စကားပြောကြား ခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်